ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ရလဖတဖ)သည် ရခိုင်ပြည်အနှံ့ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ပြီး ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၏ အဖွဲ့ဝင်ဟောင်းများမှ ဦးဆောင်၍ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
ရလဖတဖ အနေဖြင့် ရခိုင်ပြည်အနှံ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ် ပျက်စီးဆုံးရှုံးမှုများအပါဝင် ရခိုင်ပြည်သူတစ်ရပ်လုံး အဘက်ဘက်၌ ချွတ်ခြုံကျနေသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေ၊ နိုင်ငံရေး စသည့်အခြနေများကို သုတေသနပြု မှတ်တမ်းတင်သွားမည်ဖြစ်သည်။ ထို့အပြင် ရရှိလာသည့် သတင်းအချက်အလက်များအား မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပိုမိုသိရှိလာစေရန်နှင့် ရခိုင်ပြည်အနှံ့ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တရားမျှတမှုပြည့်ဝသော လူ့ဘောင်နှင့်အတူ ဒေသတစ်ခုလုံး ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် လာစေရန် တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်သွားမည့်သံဓိဌာန်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော အကျိုးအမြတ်အပေါ် အခြေမခံသည့် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် လိင်၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာနှင့် နိုင်ငံရေးအရ ဆက်နွယ်မှုများကို အခြေမခံဘဲ ရခိုင်အမျိုးသားတရပ်လုံး၏ အကျိုးစီးပွားကိုရှေးရှုကာ ရခိုင်ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုကို လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။
အချုပ်အခြာအာဏာပိုင် ရခိုင်ဘုရင့်နိုင်ငံတော်(ဘီစီ- ၃၃၂၅ မှ အေဒီ- ၁၇၈၄) ပထမ ဓည၀တီခေတ် (ဘီစီ- ၃၃၂၅…
မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကတည်းက ရခိုင်ပြည်သည် ပြည်မနှင့်အလှမ်းဝေးကွာခြင်း၊ ပြည်မ၏ခွဲခြား ဆက်ဆံမှုများခံခဲ့ရသည့်အတွက် ခေတ်နှင့်လျှော်ညီသည့် နည်းပညာများ၊ အသိပညာများအား လေ့လာ သင်ကြားခွင့်မရရှိခဲ့ပေ။…
ရခိုင်လူ့အခွင့်အရေးနှင့် ဖွင့်ဖြို
10 March 2013 - 2365 Views
မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့်
02 January 2013 - 2116 Views
Please consider supporting our efforts.
02 September 2012 - 15161 Views
02 September 2012 - 9020 Views