"တိုင်းပြည်တစ်ပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်တဲ့ ပညာရေးစနစ် တစ်ခု လိုအပ်ပါတယ်။ ဒါ့အပြင် ပညာရေးစနစ် တိုးတက်အောင် လုပ်ဖို့လည်း ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။" (ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားနေ့မှာ ပြောကြားသော မိန့်ခွန်း၊ နိုဝင်ဘာလ၊ ၂ဝဝ၂ ခုနှစ်)
ရခိုင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး၏ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု စနစ်သည် အလွန်ညံ့ဖျင်းနေသည်။ စစ်အစိုးရ သည် ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွင် နိုင်ငံ အမျိုးသားထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး၏ ဝ. ၅% မှ ၃% အထိသာ သုံးစွဲ ရာ၊ ကမ္ဘာပေါ်တွင် တစ်လျှောက်လုံး အောက်ဆုံးအဆင့်၌သာ ရှိနေခဲ့သည်။ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုသည် တရားဝင် အားဖြင့် အခမဲ့ဖြစ်သော်လည်း အများပြည်သူ့ ဆေးခန်း၊ ဆေးရုံများမှာပင်လျှင် ဆေးဝါးနှင့် ကုသမှုစရိတ်ကို လူနာများက ပေးဆောင်နေကြရသည်။ အများပြည်သူ့ ဆေးရုံများမှာ အခြေခံအဆောက်အအုံနှင့် ပစ္စည်းကရိယာများ ယနေ့တိုင် ချို့တဲ့ နေဆဲဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးမြို့များမှအပ ကျန်းမာရေး အခြေခံအဆောက်အအုံများသည် အလွန်ညံ့ဖျင်းကြ သည်။ အထူးသဖြင့် ရခိုင်ပြည်နယ် ကဲ့သို့သော အစွန်အဖျားနယ်မြေ ဒေသများတွင် ပို၍ပင်ဆိုးဝါးလှပေသည်။ ရခိုင်ပြည်နယ် တစ်ခုလုံး၏ ဆေးရုံများမှာရှိသော လူနာကုတင် အရေအတွက်သည် ရန်ုကုန်အထွေထွေဆေးရုံကြီးရှိ လူနာကုတင် အရေအတွက်ထက် နည်းနေသည်။ ရခိုင်ပြည်နယ်၏ ပြည်သူ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှု စနစ်ကို အောက်မှာ အကျဉ်းရုံး ဖေါ်ပြထားသည်။
၂ဝဝ၂-၂ဝဝ၃ ခုနှစ် |
ဆေးရုံအရေအတွက် |
ကုတင်အရေအတွက် |
အထူးကုဆေးရုံများ |
ဝ |
ဝ |
အထူးကုဌာနများပါသော အထွေထွေဆေးရုံများ |
၁ |
၂၀၀ |
အထွေထွေဆေးရုံများ |
၁၆ |
၅၅၃ |
ကျန်းမာရေးဆေးပေးခန်းများ |
၂၄ |
၃၈၄ |
စုစုပေါင်း |
၄၁ |
၁၁၃၇ |
ရခိုင်ပြည်နယ် ကျေးလက်ဒေသများ၏ ကျန်းမာရေးအခြေအနေသည် ပို၍ပင် ညံ့ဖျင်းနေသည်။ ဆေးဝါးရရှိရန် ခက်ခဲမှုကြောင့် လည်းကောင်း၊ အစားအစာ ချို့တဲ့မှုကြောင့်သော်လည်းကောင်း ဖြစ်ပွားသော အာဟာရချို့တဲ့သည့် ရောဂါသည် ပြဿနာ တစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ သင့်လျော်သော ကျန်းမာရေးဆေးပေးခန်းများ မရှိခြင်းကြောင့် မွေးကင်းစကလေးများ အပါအဝင် ကျေးရွာသားအချို့သည် ကုသ၍ရနိုင်သော ရောဂါများဖြစ်ပါလျက် မသေသင့်ဘဲ သေးဆုံးနေကြရသည်။ ထို့အပြင် မီးတွင်းမှာ မိခင်သေဆုံးမှုလည်း အဖြစ်များသည်။
ရခိုင်ပြည်နယ်မှာ ကလေးသူငယ်များ စာမတတ်မှုနှုန်းသာမက၊ သက်ကြီး စာမတတ်မှုနှုန်းလည်း မြင့်မားလျှက်ရှိသည်။ မူလတန်းကျောင်း (ပထမတန်းမှ စတုတ္ထတန်း) တစ်ကျောင်းသာရှိသော ကျေးရွာအုပ်စုများမှာ အများအပြားပင် ဖြစ်သည်။ သို့ရာတွင် ဝေးလံသီခေါင်သော နယ်မြေများ၌ ကျောင်းနှင့်ဝေးလံခြင်း၊ မိုးရာသီ၌ သွားလာရေး ခက်ခဲခြင်းတို့ကြောင့် ကျောင်းတက်မှုနှုန်းမှာလည်း နိမ့်နေဆဲဖြစ်သည်။ ဆင်းရဲမွဲတေမှုကြောင့် ကလေးသူငယ်အတော်များများသည် ကျောင်းမတက်နိုင် ကြချေ။ အကြောင်းမှာ မိသားစုအား ငွေကြေးအရ အထောက်အကူ ပြုပေးကြရပြီး၊ အထူးသဖြင့် ဆောင်းရာသီနှင့် နွေရာသီတို့၌ မိသားစုနှင့်အတူ လယ်ထဲတွင် ဝိုင်းကူလုပ်ပေးကြရသောကြောင့် ဖြစ်သည်။
ပညာရေးအဆင့်သည် ကျေးလက်နယ်မြေဒေသများတွင် ကျောင်းဆရာနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ ချို့တဲ့ခြင်း၊ သင်ကြားမှုအရည်အသွေး ညံ့ဖျင်းခြင်းတို့ကြောင့်လည်း ပိုဆိုးသွားရသည်။ ကျောင်းဆရာ၊ ဆရာမ အတော် များများသည် နယ်မြေအတွင်း၌ အထောက်အကူ ပစ္စည်းများချို့တဲ့ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းတို့ကြောင့် ကျေးလက်ဒေသများတွင် အလုပ်မလုပ်လိုကြချေ။ ကျောင်းဆရာ၊ ဆရာမများသည် လစာမဖြစ် စလောက်သာ ရကြသဖြင့် ဝင်ငွေတိုးအောင် အခြားနည်းလမ်းများဖြင့် ရှာကြံနေကြရသည်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့၌ တက္ကသိုလ်တစ်ခုနှင့် ကောလိပ် (၂) ခု (အစိုးရနည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာတက္ကသိုလ်) တို့သာရှိသည်။ ရန်ကုန်တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များသို့ ဝင်ခွင့်မရသော ကျောင်းသားများ အဖို့ စစ်တွေတက္ကသိုလ်ကိုသာ တက်စရာအကြောင်း ရှိသည်။
မြန်မာနိုင်ငံ၏ ပညာရေးသည် ဆယ်စုနှစ် (၄) စုကျော် စစ်တပ်အုပ်စိုးမှု၏ အကြီးအကျယ် ဆိုးကျိုးရိုက်ခတ်ခြင်းကို ခံနေရသည်။ နိုင်ငံရေးစိတ်ဓာတ် တက်ကြွဖွယ်ရှိသော တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများအား စစ်အစိုးရက ၎င်းတို့၏ အာဏာတည်မြဲရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် သဘောထားသည်။ သို့ဖြစ်ရာ စစ်ရေးနှင့် မဆိုင်သော ပညာရေးမှန်သမျှကို အပိုသက်သက်ဟု ရှုမြင်သည်။ အတိတ်က လူထုအုံကြွမှုများတွင် ကျောင်းသားများ ပါဝင်လှုပ်ရှားခဲ့သည့် သမိုင်းကြောင့် စစ်အစိုးရက ကျောင်းသားလှုပ်ရှားမှုများကို ကြောက်ရွံ့နေသည်။ ဤအကြောင်း ကြောင့်ပင် ကျောင်းများကို မကြာခဏ ပိတ်ပစ်လေ့ရှိပြီး၊ ပညာရေး လွတ်လပ်ခွင့်များကိုလည်း ကန့်သတ်ချုပ်ချယ် ထားသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အရပ်ဘက် တက္ကသိုလ်များတွင် အရင်းအမြစ်များနှင့် ဆရာများ ချို့တဲ့ နေလျှက်ရှိသည်။ ဤပြဿနာသည် ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများမှာ ကြုံတွေ့ရသော ပြဿနာတစ်ရပ် ဖြစ်သည် မှန်သော် လည်း မြန်မာနိုင်ငံတွင်မူ အများနှင့် မတူ၊ တမူထူးခြားသော အချက်ကား အဏာရစစ်အစိုးရက တက္ကသိုလ်နှင့် အဆင့်မြင့် ပညာရေးကို ဖျက်လိုဖျက်ဆီးလုပ်ရန် ရည်ရွယ်၍ တမင်ကြိုးစားနေခြင်းပင် ဖြစ်သည်။
ရခိုင်ပြည်နယ်၌ အထက်တန်း အဆင့်အောင် ကျောင်းသားများအနက် ရာခိုင်နှုန်းအနည်းငယ်ခန့်သာ တက္ကသိုလ်ပညာ အထိ ဆက်လက်သင်ယူနိုင်ကြသည်။ ကျောင်းသားအများစုသည် စီးပွားရေးအကြောင်းကြောင့် တက္ကသိုလ်ပညာရေးအထိ ဆက်လက် သင်ယူနိုင်ခြင်း မရှိကြချေ။ အလုပ်အကိုင်ရရှိရန် အခွင်အလမ်း ပိုကောင်းသော အခြားတိုင်းပြည်များသို့ သွားရောက်ခြင်းများလည်း ရှိသည်။ အချို့သော ကျောင်းသားများသည်ကား နိုင်ငံ ရေးကိစ္စဖြင့် အိမ်မှထွက်ပြေးရခြင်း၊ သို့မဟုတ် ဖမ်းဆီးထောင်ချခံရခြင်းတို့ကြောင့် တက္ကသိုလ်ကျောင်းသားဘ၀မှ ပယ်ထုတ်ခံရသည်များလည်း ရှိသည်။
Please consider supporting our efforts.
02 September 2012 - 7797 Views
02 September 2012 - 4948 Views