The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး

Print

Transportationမြန်မာနိုင်ငံတွငရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်သဖြင့်  လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးသည် အဓိက အခက်အခဲ့ဖြစ်သည်။ အခြေခံအဆောက်အအုံ ချိုတဲ့သည့်အပြင် စစ်အစိုးရက သတင်း အချက်အလက်များကို တင်းကပ်စွာ ကန့်သတ်ထားခြင်းတို့ကြောင့် ရခိုင်လူမျိုး အတော်များများသည် မြန်မာနိုင်ငံ ၏ အခြားနယ်မြေဒေသများနှင့်လည်းကောင်း၊ ပြင်ပကမာနှင့်လည်းကောင်း ကင်းကွာ အဆက်ပြတ်နေလျှက် ရှိနေကြသည်။

လက်ကိုင်တယ်လီဖုန်းကဲ့သို့သော ဆက်သွယ်ရေးကရိယာများသည် မြန်မာနိုင်ငံတွင် လူအများစုအဖို့ အလွန်တန်ဖိုး ကြီးလှသည်။ ရခိုင်လူမျိုးများ၊ အထူးသဖြင့် ရခိုင်လူငယ်များသည် ဆက်သွယ်ရေးအတွက်၊ အထူးသဖြင့် ပင်လယ်ရပ်ခြား သို့ ဆက်သွယ်ရန်အတွက်လည်းကောင်း၊ ပညာဆက်လက်သင်ကြားရေး၊ အလုပ်အကိုင်ရရှိရေးကဲ့သို့သော အခြားအခွင့် အလမ်းများအတွက်လည်းကောင်း အင်တာနက်ကို သုံးလေ့ရှိကြသည်။ အင်တာနက်ကို အများအားဖြင့် သုံး၍ရသော် လည်း၊ နယ်မြေအာဏာပိုင်များက အင်တနက် သုံးသူများအနေနှင့် ဒေသတွင်းဖြစ်ပွားနေသော ကိစ္စများ၊ ပြည်တွင်းနိုင်ငံ ရေး လှုပ်ရှားမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ဓတ်ပုံများကို မပို့နိုင်ရန် ရခိုင်ပြည်နယ်ရှိ အင်တာနက် ဆိုင်များအပေါ်မှာ ချုပ်ချယ်ကန့်သတ်မှုများ လုပ်ဆောင်လျှက်ရှိသည်။

ကုန်းလမ်းများမကောင်းသဖြင့် ရခိုင်ပြည်သူ အများစုအဖို့ မြစ်ချောင်းများသည် သယ်ယူပို့ဆောင်ရေး၏ အဓိက အားထား ရာ ဖြစ်သည်။ သို့ဖြစ်ရာ မြစ်ချောင်းများသည် ကျေးလက်တောရွာပြည်သူများ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်း များ ဝယ်ယူရရှိရေး၊ ဈေးကွက်သို့ ပေါက်ရောက်ရေးအတွက် အသက်သွေးကြောသဖွယ် ဖြစ်နေသည်။ ရခိုင်ပြည်နယ်၌ လှေ၊ သံဗာန်များသည် မြစ်ကြောင်းများ တစ်လျှောက် စုန်ချည်၊ ဆန်ချည် သွားလာတက်ဆင်းကာ၊ ထင်းနှင့် ဝါးကဲ့သို့သော အိမ်ဆောက်ပစ္စည်းများကိုလည်းကောင်း၊သားငါးနှင့် ဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက် ကဲ့သို့သော လယ်ယာထွက် ပစ္စည်းများကိုလည်းကောင်း ရောင်းဝယ် ဖောက်ကားကြသည်။ သယ်ယူပို့ဆောင်ရေးအတွက် အလုပ်အကျွေးပြုသည့် အပြင် ဤမြစ်များသည် တာတမံ သွင်းရေ၊ သုံးရေနှင့် ငါးများကိုလည်း ဖြည့်ဆည်းပေးကာ၊ ရခိုင်ပြည်နယ် တစ်ဝှမ်းလုံးရှိ လူသန်းပေါင်းများစွာတို့၏ စားဝတ်နေရေးကိုလည်း အထောက်အကူ ပြုပေးလျှက်ရှိသည်။