The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

ရခိုင်ပြည်ရှိ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ

Print

ခေတ်သစ် ရခိုင်ပြည်နယ်၏ သမိုင်းတစ်လျှောက်လုံးတွင် စစ်တပ်ကို ပံ့ပိုးပေးရေး၊ စစ်အစိုးရ ဝင်ငွေရရှိရေးတို့အတွက် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အမြောက်အမြားကို လုပ်ဆောင်ခဲ့သည်။ ဤစီမံကိန်းများတွင် ပါဝင်ရန်သော်လည်းကောင်း၊ ဤစီမံကိန်းများကို ဝေဖန်ရန်သော်လည်းကောင်း၊ ဆန့်ကျင်ရန်သော်လည်းကောင်း၊ ဒေသခံပြည်သူတို့မှာ မည်သည့် အခွင့်အလမ်းမျှသည့်ပအပြင် ပြည်သူအများစုမှာ ဒီမိုကရေစီ၏ အဓိပ္ပါယ်ကိုပင် မသိကြချေ။ ဖွံ့ဖြိုးပြီးကမာက စီးပွာရေး ပတ်ဆို့မှုများ ချမှတ်ခဲ့သည့်တိုင်၊ စစ်အစိုးရအဖို့ စွမ်းအင်ငတ်နေသော အိမ်နီးချင်းနိုင်ငံများဆီမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သဖြင့် ဤစီမံကိန်းများသည် မကြာသေးမီနှစ်များအတွင်းမှာ ယခင်ကထက် ပို၍များလာခဲ့သည်။ ထိုအိမ်နီချင်း နိုင်ငံများကလည်း စစ်အစိုးရ၏ ကြောက်ခမန်းလိလိ ဆိုးရွားသော လူ့အခွင့်အရေးမှတ်တမ်းနှင့် စီးပွားရေး စီမံအုပ်ချုပ်မှု တို့ကို လျစ်လျူရှုကာ မိမိအကျိုးအမြတ်ကိုသာ ကြည့်နေကြသည်။

ဤဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြီးများ၏ အဖြစ်များဆုံး ဆိုးကျိုးများကား အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ မြေယာသိမ်းခြင်း၊ အတင်းအကျပ် နေရာရွှေပြောင်းစေခြင်း၊ စစ်တပ်များတိုး၍ ချထားခြင်းတို့ ဖြစ်သည်။ စီမံကိန်း နေရာများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အဆောက်အဦးများကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် စစ်သားများ အလုံးအရင်း ဝင်ရောက်နေရာချထားလာခြင်းကြောင့် ဥပဒေမဲ့ "အခွန်ကောက်ခြင်း"၊ အကြမ်းဖက်ခြင်း၊ အနိုင်ကျင့် ငွေတောင်းခြင်း၊ အဓမ္မပြုကျင့်ခြင်း ကဲ့သို့သော မတော်မတရားမှု ပေါင်းစုံ ပိုမိုဖြစ်ပွားလာခဲ့သည်။ ထို့ပြင် တပ်မတော် မတရားမှုများအတွက် စစ်တပ်၏ တာဝန်မယူမှုကို ထောက်ချင့်ကြည့်လိုက်လျှင် ဤရာဇဝတ်မှုများကို အပြစ်ဒဏ် မခံရသလောက်နီးပါး ကျူးလွန်နိုင်ကြသည်အထိ စစ်တပ်က ခွင့်ပြုထားသည် ဟူသောသဘော သက်ရောက်နေသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအပြင်၊ ရခိုင်တို့၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရခိုင်လူမျိုးအဖြစ် တည်ရှိမှု အတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းသမိုင်းဆိုင်ရာနေရာ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာနေရာများကို လုံးဝ ထည့်သွင်း မစဉ်းစားဘဲ၊ ဤဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို လုပ်ဆောင်ခြင်းအတွက်လည်း စစ်အစိုးရမှာ နာမည်ဆိုးဖြင့် ကျော်ကြားလာရပြန်သည်။

အောက်ပါတို့သည် လက်ရှိဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြီးများနှင့် ဤစီမံကိန်းများ၏ ဆိုးကျိုးရိုက်ခတ်မှုများထဲမှ အချိုကို အကျဉ်းချုပ် ဖေါ်ပြထားခြင်း ဖြစ်သည်။

•        သဘာဝဓာတ်ငွေ့နှင့် ရေနံ

Gas(၁၉၈၈) ခုနှစ်နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံတင်ပို့မှုမှ ရရှိသောဝင်ငွေသည် မြန်မာစစ်အစိုးရအတွက် အဓိက ဝင်ငွေ ဖြစ်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ (၁၉၉၈) ခုနှစ်ထုတ်၊ အစီရင်ခံစာ တစ်စောင်၌ သဘာဝဓာတ်ငွေ့နှင့် ရေနံလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော တရားဝင် ဝင်ငွေရ လုပ်ငန်းဖြစ်ပြီး၊ ၎င်းထက်သာ လွန်သော ဝင်ငွေရလုပ်ငန်းဟူ၍ ကြီးထွားနေလျှက်ရှိသော လုပ်ငန်းမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းသာရှိသည်ဟု ဖေါ်ပြခဲ့သည်။ လုပ်ငန်းသဘောအရ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံလုပ်ငန်းတို့သည် အဆောက်အဦးများ နေရာအနှံ့ ဆောက်လုပ်ရန် လိုအပ်ပြီး၊ မြေနေရာအများအပြားကို နေရာယူသည်ဖြစ်ရာ၊ ကမာပေါ်ရှိ တရားမျှတမှု အရှိဆုံး တိုင်းပြည်များမှာပင်လျှင် နိုင်ငံသားများအဖို့ ဧရာမပြဿနာကြီးများ ဖြစ်ပွားစေနိုင်သည်။ ကမာပေါ်တွင် တာဝန်သိစိတ် မရှိဆုံးနှင့် တာဝန်ခံမှု မရှိဆုံး အစိုးရများ အုပ်စိုးရာ မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်မှာ ကြီးထွားလာနေလျှက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း များသည် ပြည်သူအမြောက်အမြားတို့၏ ဘဝအိုးအိမ်များကို ထိခိုက်ပျက်စီးစေခဲ့ပီ (သို့) ထိခိုက်ပျက်စီးလျှက်ပင် ရှိနေဆဲဖြစ်သည်။

•        ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း

ရခိုင်ပြည်နယ်၊ ကမ်းလွန်ပင်လယ်ရှိ အလုံးအရင်း ရွှေ သဘာဝဓာတ်ငွေ့သိုက်များမှ ထုတ်ယူရရှိသော သဘာဝဓာတ်ငွေ့ များကို မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းမှနေ၍ တရုတ်နိုင်ငံ တောင်ပိုင်းသို့ ပိုက်လိုင်းဖြင့်သွယ်ယူပို့ဆောင်မည် ဖြစ်သည်။ တောင်ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှ ကုမ္ပဏီများ နောက်ခံပြုပေးသော စီမံကိန်း၌ တရုတ်နိုင်ငံမှ တရုတ်ပြည် အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC) က ရခိုင်ကမ်းရိုးတန်းမှနေ၍ မြန်မာနိုင်ငံကိုဖြတ်လျှက် တရုတ်ပြည်တောင်ပိုင်း၊ ယူနန်ပြည်နယ်သို့ ကီလိုမီတာ (၂,၈၀၀) နီးပါးရှည်လျားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းတို့ကို သွယ်တန်းတည်ဆောက် လျှက်ရှိသည်။

ဆင်းရဲတွင်းနက်ပြီး၊ စစ်တပ်၏ အမဲတစေ ဖိနှိပ်မှုမျိုးစုံကို ခံလာခဲ့ရသော နယ်မြေဒေသများ၌  ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးဆုံးပါးသော အကျိုးဆက်များ တသီတတန်းကြီး ဖြစ်ပွားလာလိမ့်မည်ဖြစ်သည်။ နောင်လာမည့် နှစ် (၃ဝ) အတွင်း ဤစီမံကိန်းမှနေ၍ စစ်အစိုးရအဖို့ အမေရိကန်ဒေါ်လာ ဘီလျံ (၃ဝ) (သို့) သန်းပေါင်း (၃၀,၀၀၀)  ရရှိစေမည် ဖြစ်သည်။ ဤငွေထဲမှ အများစုကို တိုင်းပြည်မှာ စစ်အစိုးရ အာဏာတည်မြဲရေးအတွက် သုံးစွဲလိမ့်မည် ဖြစ်သည်။ 

စီမံကိန်း အကောင်အထည်ဖေါ်မည့် နေရာများတွင် လူနေအိမ်များကိုအတင်းအဓမ္မ ရွှေပြောင်း ခိုင်းပြီးဖြစ်သည်။ အခြားသူများကိုမူ စီမံကိန်းလုပ်ငန်းခွင်များမှာသော်လည်းကောင်း၊ စီမံကိန်းလုံခုံရေးအတွက် ချထားသော တပ်ရင်းများ၏ စစ်တန်းလျားများမှာသော်လည်းကောင်း ကျေးကျွန်များကဲ့သို့ အတင်းအဓမ္မ ခိုင်းစေလျှက် ရှိသည်။ ဤဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသည် ဒေသခံများ၏ ဘဝအိုးအိမ်များကို ပြန်လည်ပြင်ဆင်၍ မရစတမ်း ထိခိုက်စေမည် ဖြစ်သော်လည်း အဆိုးရွားဆုံး ထိခိုက်ခံရမည့် နယ်မြေဒေသများမှာပင်လျှင် စီမံကိန်းအကြောင်းနှင့် ပတ်သက်၍ အသိပေးခံရသူ အလွန်နည်းပါးသည်။ ဤစီမံကိန်းများအကြောင်းနှင့် အကျိုးဆက်များ အကြောင်းကို သိထားပြီး၊ ၎င်းတို့နှင့် ပတ်သက်၍ မေးခွန်းထုတ်သူ သို့မဟုတ် ဆန့်ကျင်သူများကို ဤသို့ ထုတ်ဖော်ပြောဆို ရမည် လားဟု ရမ်းရမ်းကားကား လုပ်ခြင်း၊ ထောင်ချခြင်းများ ရှိသည်။

ထို့ပြင် ကျေးရွာလူထုများ အမှီသဟဲပြု လုပ်ကိုင်စားသောက်နေရသော သဘာဝဂေဟစနစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းဆိုင်ရာ နေရာများကိုလည်း အကြီးအကျယ် ပျက်စီးနေစေလျှက် ရှိသည်။ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဟူသမျှမှာ ဖြစ်နေကျ အတိုင်းပင်၊ နယ်မြေဒေသခံ လူထုများအဖို့ စစ်မှန်သော ဒီမိုကရေစီ အစိုးရ မရှိသဖြင့် မိမိတို့၏ သဘာဝအရင်းအမြစ်များ၊ မြေယာများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ ဖြစ်ပျက်နေသည်များ နှင့် ပတ်သက်၍ ပြောရေးဆိုခွင့် မရှိကြချေ။ စစ်တပ်ကို တိုးချဲနေမှုသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းမှာ မြန်မာနိုင်ငံ နိုင်ငံရေး အခင်းအကျင်း၏ ရိုးနေသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား အလွန်အမင်း ချို့တဲ့ နေသော ပြည်သူပြည်သားများ၏ နေရာဒေသများမှ စွမ်းအင်များကို ထုတ်ယူရောင်းချရငွေဖြင့် ဤသို့ စစ်တပ်တိုးချဲရေး အတွက် လုပ်ဆောင်နေလျက်ရှိသည်။ ပြည်သူတို့၏ သာယာဝပြောရေး၊ လိုအပ်ချက်များကိုမူ လုံးဝဂရုမစိုက်ချေ။

•        ရေနံ တူးဖော်ထုတ်လုပ်ရေး စီမံကိန်းများ

အိန္ဒိယ ကုမ္ပဏီများဖြစ်သော အက်ဆာ (ESSAR)နှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း (ONGC) တို့သည် ရခိုင်ပြည်နယ်၏ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြိုနယ်တို့ရှိ ဒေသခံလူထုများထံမှ လျော်ကြေးမပေးဘဲ အတင်းသိမ်းယူသွားသော လယ်ယာမြေများပေါ်တွင် တူးဖေါ်ထုတ်လုပ်ရေးလုပ်ငန်းကိုလုပ်ဆောင်ခဲ့သည်။ ကိုတင် သတိပေးခြင်းမရှိဘဲ မိမိပိုင်လယ်ယာမြေများမှ နှင်ထုတ်ခံရသော ဒေသခံပြည်များက လယ်မြေဧကထောင်နှင့်ချီ၍ ဆုံးရှုံး ခဲ့ကြကြောင်း ထုတ်ဖေါ်ပြောပြခဲ့သည်။ တူးဖေါ်ရေးလုပ်ငန်းတွင် အခကြေးငွေမရဘဲ အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်း ခံရကြောင်း ကျေးရွာလူထုများက ပြောပြခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ၊ အခြားကျွန်းအများအပြားနှင့် ကမ်းလွန်လုပ်ကွက်များတွင် မြေပြင်တိုင်းထွာ လေ့လာမှု စပြီးသည်နှင့် နိုင်ငံ ခြားကုမ္ပဏီများ (အများအားဖြင့် တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယကုမ္ပဏီများ) သည် နောက်ထပ် သဘာဝဓာတ်ငွေ့ နှင့် ရေနံသိုက်များကို ရှာဖွေနေကြဆဲပင် ဖြစ်သည်။ ရုပ်ကွင်းလောင်စာသိုက်များ နောက်ထပ်တွေ့ရှိသော နေရာများတွင် စစ်တပ်များကို ထပ်မံချထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများသည်လည်း ထပ်ကြပ်မကွာလိုက်ပါလာ တော့သည်။ မိမိတိုရခိုင်လူ့အခွင့်အရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) အနေဖြင့် ဤစီမံကိန်းများအကြောင်းအရာများကို လေ့လာမှုများပြုနေပြီး၊ မကြာမီမှာ အသေးစိတ် အချက်အလက်များကို အသိပေး တင်ပြနိုင်တော့ မည် ဖြစ်သည်။

•        မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာ ရခိုင်ပြည်နယ်ရှိ မြစ်များကို အသုံးချရေးအတွက် စီမံကိန်း အများအပြား ချမှတ် ခဲ့သည်။ ဤစီမံကိန်းများသည် တိုင်းပြည်အုပ်စိုးသူ အစိုးရအတွက် နောက်ထပ် ဝင်ငွေရစေမည် ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးပါးခြင်း၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးမှုများ ဖြစ်ပွားစေလိမ့်မည် ဖြစ်သည်။ ဤစီမံကိန်းများတွင် ကုလားတန်မြစ် စီမံကိန်း (Kaladan Project)နှင့် လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းတို့ အပါအဝင်ဖြစ်သည်။ ဒီမိုကရေစီအပြည့်အ၀မရှိသော တိုင်းပြည်တစ်ပြည်၌ ဤကဲ့သို့သော စီမံကိန်းများသည် ၎င်းတို့နှင့်ပတ်သက်၍ ထောက်ခံ ကြောင်း၊ ကန့်ကွက်ကြောင်း ပြောဆိုပိုင်ခွင့်မရှိသော ပြည်သူသန်းပေါင်းများစွာတို့၏ ဘဝများကို ပျက်စီးဆုံးပါးစေမည့် အလားအလာ ရှိနေသည်။

•        ကုလားတန်မြစ် စီမံကိန်း(Kaladan Project)

KaladanProjectကုလားတန်မြစ် စီမံကိန်းကို (၂ဝဝ၈) ခုနှစ်၊ ဧပီလတွင် အိန္ဒိယအစိုးရက မြန်မာ စစ်အစိုးရနှင့် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဤစီမံကိန်းအရ အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း ပင်လယ်ဆိပ်ကမ်းမြိုဖြစ်သော ကိုလ်ကတ်တား (Kolkata)နှင့် ရခိုင်ပြည်နယ်၏ စစ်တွေမြိုတို့ကို ပင်လယ်ရေလမ်းဖြင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ ထိုမှတဖန် စစ်တွေမြိုကို အိန္ဒိယနိုင်ငံ အရှ့မြောက်ပိုင်းရှိ ကုန်းတွင်းပိတ် နယ်မြေဖြစ်သော မီဇိုရမ်ပြည်နယ်နှင့် ရေလမ်း (သို့) မြစ်ကြောင်းလမ်း၊ မော်တော်ကားလမ်းတို့ဖြင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ ဤစီမံကိန်းလုပ်ငန်းကို အဆင့် (၃) ဆင့် ခွဲထားပြီး၊ ပထမအဆင့်နှင့် ဒုတိယအဆင့်ကို (၂ဝ၁ဝ) ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။

အဆင့် (၁) ။     ။ ယခင်ထက်ပို၍ကြီးသော သင်္ဘောများ ဝင်နိုင်ရောက်ဆိုက်ကပ်နိုင်ရန်နှင့် သင်္ဘောဆိုက်ကပ်နိုင်သော နေရာအကျယ်အဝန်းကို တိုးချဲရေးအတွက် စစ်တွေဆိပ်ကမ်းကို ပြန်လည် အဆင့်မြှင့် တည်ဆောက်ရန် ဖြစ်သည်။ ဤ အဆင့်တွင် တန် (၆, ဝဝဝ) ရှိ သင်္ဘောကြီးများ ချောချောမောမော ဝင်ရောက် ဆိုက်ကပ်နိုင်စေရေးအတွက် သင်္ဘောများ ဝင်ရောက်ရာ လမ်းကြောင်းနှင့် ဆိုက်ကပ်ရာနေရာတွင် ရွှံနွံများ (ကုဗမီတာ ၅၆၂, ဝဝဝ) ကို တူးထုတ်ပစ်ရန်နှင့် ဆိပ်ခံ ဘောတံတား (၂) ခုနှင့်အတူ ကုန်တင်ကုန်ချ အဆောက်အအုံကြီးများ၊ ကုန်သိုလှောင်ရုံကြီးများ တည်ဆောက်ရန် ဖြစ်သည်။ စစ်တွေဆိပ်ကမ်း၏ လက်ရှိအရွယ်အစားနှင့် အင်အားကို သိသိသာသာ ပို၍ ကြီးမားလာစေမည် ဖြစ်သည်။ (၂၁၉ X ၁၅) မီတာ ဆိပ်ခံဘောတံတားသည် တန် (၂ဝ, ဝဝဝ) ကုန်တင်သင်္ဘောကြီးများကို ဆိုက်ကပ်နိုင်စေမည်ဖြစ်ပြီး၊ (၅၄ X ၁၅) မီတာ အရွယ်အစားရှိသော ပြည်တွင်းသင်္ဘော ဆိပ်ခံဘောတံတားသည် မြစ်ကြောင်းသွား သင်္ဘောငယ်များ ဆိုက်ကပ်ရန်အတွက် ဖြစ်သည်။ လက်ရှိ စစ်တွေဆိပ်ကမ်း၏ ဘောတံတားသည် (၇၈ X ၁၅) မီတာ အရွယ်အစားရှိပြီး၊ တန် (၂,ဝဝဝ- ၃, ဝဝဝ) သင်္ဘောများအတွက်သာ သင့်တော်သည်။

အဆင့် (၂) ။    ။ စစ်တွေနှင့် ပလက်ဝအကြားရှိ ကုလားတန်မြစ်၏ (၁၅၈) ကီလိုမီတာအရှည် မြစ်ကြောင်းကို သောင်တူး ချဲထွင်ခြင်း မြစ်တွင်း သင်္ဘောပေါ်မှ ကုန်များကို ကုန်းလမ်းသယ်ယူပို့ဆောင်ရေးသို့ လွှဲပြောင်းပေးရန်အတွက် နောက်ထပ် ပြည်တွင်း သင်္ဘောဆိပ်တစ်ခုကို ပလက်ဝမြိုမှာ တည်ဆောက်မည် ဖြစ်သည်။

အဆင့်(၃) ။    ။ ပလက်ဝမြိုမှနေ၍ မီဇိုရမ်နယ်စပ်သို့ (၁၂၉) ကီလိုမီတာ အရှည်ရှိသော အဝေးပြေးလမ်းတစ်လမ်း တည် ဆောက်ခြင်း။ လမ်းအတွက် ပဏာမတိုင်းတာစစ်ဆေးမှုများနှင့် ဖြစ်နိုင်ခြေလေ့လာချက်များကို အိန္ဒိယအာဏာပိုင်များက အကောင်အထည် ဖေါ်ပြီးနောက်၊ ဤစီမံကိန်းကို အောင်မြင်စွာ ဖေါ်ဆောင်နိုင်ရေးအတွက် "နာမည်ရ အကြီးစား ဆောက် လုပ်ရေး ကုမ္ပဏီများအနက်" အက်စ်ဆာ (Essar)ကိုငှားရမ်းတာဝန်ပေးခဲ့သည်။ သို့ရာတွင် (၂ဝဝ၉) ခုနှစ်၊ ဇွန်လတွင် ဆုံးဖြတ်ချက် ချလိုက်သည်မှာ ဤအဝေးပြေးလမ်းမကြီး ဆောက်လုပ်ရေးလုပ်ငန်းကို မြန်မာအစိုးရဌာနများက ဆောင်ရွက် သွားမည်ဟူ၍ ဖြစ်သည်။

(၂ဝဝ၈) ခုနှစ်၊ လုပ်ငန်းစည်းမျဉ်းဘောင် သဘောတူစာချုပ်အရ၊ ကုန်ကျငွေ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာသန်း (၁၂ဝ) ကို အိန္ဒိယအစိုးရက ကျခံမည်ဖြစ်ပြီး၊ အိန္ဒိယအစိုးရ၏ ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့ (IWAI) က စီမံကိန်းကို စီမံအုပ်ချုပ်သွားမည် ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရကမူ လိုအပ်သော မြေနေရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ခွင့်ပြုချက်နှင့် လုံခြုံရေး (ဝန်ထမ်းများနှင့် အတတ်ပညာရှင်များ၏ လုံခြုံရေးအပါအဝင်) တို့ကို အခမဲ့ဖြည့်ဆည်း ပေးသွားမည်ဖြစ်သည်။ ဤစီမံကိန်းကို (၂ဝ၁) ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ထား သည်။

ဤဖွံ့ဖြိုးရေးစီမံကိန်း၏ အဆင့် (၃) ဆင့်လုံးသည် အများပြည်သူတို့ လုံးလုံးလျားလျား အမှီသဟဲပြုနေရပြီး၊ မြစ်၏ ထိခိုက် ပျက်စီးလွယ်သော သဘာဝဂေဟစနစ်ကို အကြီးအကျယ် ပြောင်းလဲသွားစေမည်ဖြစ်သည်။ လေးမြိုမြစ် ရေအားလျှပ်စစ် ဆည် တည်ဆောက်မှုနှင့် ရခိုင်ပြည်နယ်၏ အခြားမြစ်များပေါ်မှ အလားတူ စီမံကိန်းများ အကောင်အထည်ဖေါ်မှုတို့နှင့် တစ်ပါတည်းမှာပင် ဤနိုင်ငံခြားအစိုးရ နောက်ခံပြုပေးထားသော စီးပွားရေးလုပ်ငန်းများကလည်း ရခိုင်ပြည်နယ်၊ ချင်းပြည် နယ် ပြည်သူတို့၏ ထိခိုက်ခံထားရပြီးဖြစ်သော မွေးရပ်ဌာနေ နယ်မြေဒေသများကို ထပ်လောင်း၍ ထိခိုက်စေမည်ဖြစ်သည်။ (AHRDO)က ဤမြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးရေး လှုပ်ရှားမှုများကို လုပ်ဆောင် လျှက်ရှိသည်။

•        ရေအားလျှပ်စစ် စီမံကိန်းများ

မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖေါ်မည့် ရေအားလျှပ်စစ်ဆည် တည်ဆောက်ရေး လုပ်ငန်း (၄) ခု အတွက် စီမံကိန်းများ ရေးဆွဲပြီးနေပီ ဖြစ်သည်။ စီမံကိန်း (၃) ခုအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်နေပီ ဖြစ်သည်။ စီမံကိန်းအရ၊ လျှပ်စစ်ဓာတ်အား (၆၅၁) မီဂါဝပ် ထုတ်လုပ်မည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်း ချမည်၊ သို့မဟုတ် မြန်မာစစ်တပ်အတွက် အသုံးပြုမည်ဖြစ်သည်။

ဤလျှပ်စစ်ဓာတ်အား အများစုကို လေးမြိုမြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်ဆည်မှနေ၍ ရရှိမည်ဖြစ်သည်။ ဆည်ကို  ပြည်တွင်းရှိ ရွှေတောင်ကုမ္ပဏီ လီမိတက်က တည်ဆောက်မည်ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အား  မီဂါဝပ် (၅ဝဝ) ထုတ် လုပ်မည်ဟု မျှော်လင့်ရသည်။ ညှိနှိုင်းဆွေးနွေး၍ မပြီးသေးသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပိုလျှံသော လျှပ်စစ်ဓာတ် အားနှင့် ပတ်သက်၍ ရွှေတောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန် တာစူထားပုံရသည်။ ယခင်အတွေ့အကုံများအရ ထုတ်လုပ်ပြီး၊ နိုင်ငံခြားသို့တင်ပို့ခြင်းမပြုသော လျှပ်စစ်ဓာတ်အားများကို စစ်တပ်၏ အခြေခံအဆောက် အအုံများနှင့် နယ်မြေဒေသတွင်းရှိ ရွှေဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော အခြားစီမံကိန်းများအတွက်သာ သုံးမည်မှာ သေချာသလောက် ဖြစ်နေသည်။

ကျန်လျှပ်စစ်ဓာတ်အား (၁၉၁) မီဂါဝပ်ကို အခြား ရေအားလျှပ်စစ် စီမံကိန်း (၃) ခုဖြစ်သော စိုင်ဒင် (၇ဝ မီဂါဝပ်)၊ သူဌေး ချောင်း (၁၁၁) မီဂါဝပ်နှင့် အမ်းချောင်း (၁ဝ မီဂါဝပ်)တို့မှနေ၍ ရရှိမည်ဖြစ်သည်။ ဤစီမံကိန်းများ၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ယခုအခါ လုပ်ကိုင်နေလျှက်ရှိပြီး၊ နောက်နှစ်အနည်းငယ်အတွင်းမှာ စီမံကိန်းအကောင်အထည်ပေါ်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

မြစ်ရိုးတလျှောက် နေထိုင်၊ လုပ်ကိုင်စားသောက်နေကြသော လူထုသည် အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်း၊ လျော် ကြေးမပေးဘဲ အတင်းအကျပ် ရွှေပြောင်းခိုင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းတို့ကို ခံနေကြရသည်။ ရေအား လျှပ်စစ်စီမံကိန်းများကိုဆက်၍ အကောင်အထည်ဖေါ်နေသည်နှင့်အမျှ ဤမတရားမှုမျာမှာလည်း ဆက်လက် ဖြစ်ပွားနေလိမ့်မည်ဖြစ်ပြီး၊ ပို၍ပင်ဆိုးရွားလာစရာအကြောင်းလည်း ရှိနိုင်သည်။

•        ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန်နယ်မြေ

KyaukPhyuSeaPortမြန်မာစစ်အစိုးရသည် တရုတ်ကော်ပိုရေးရှင်းများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရခိုင်ပြည်နယ်၊ ရမ်းဗဲကျွန်းပေါ်ရှိ၊ ကျောက်ဖြူမြို့တွင် ပင်လယ်ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေး ဇုန်နယ်မြေ တည်ဆောက်ရေး စီမံကိန်းကို စတင်အကောင်အထည် ဖေါ်ဆောင်လျှက် ရှိသည်။ တရုတ်ပြည် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)နှင့် သဘောတူထားသော စာချုပ်အရ၊ ဤစီမံကိန်းတွင် ရေနံရိုင်းများကို သင်္ဘောပေါ်မှ သယ်ချသော ဆိပ်ခံတံတားကြီး သင်္ဘောဆိပ်နှင့်တကွ၊ ရေနံသိုလှောင်ရုံ များနှင့် ပို့ဆောင်ရေး အဆောက်အဦးများ ပါဝင်သည်။ (၂ဝဝ၇) ခုနှစ်၊ ဇန်နဝါရီလတွင် (CNPC) က ရေနံတင် ဆိပ်ခံတံတား တည်ဆောက်ရေးနှင့် အသုံးပြုရေးအတွက် ချင်ဒေါင်းဆိပ်ကမ်း (အုပ်စု) ကုမ္ပဏီ [Qindao Port (Group) Co. Ltd.] နှင့် သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။ အာဖရိကနှင့် အရှေအလယ်ပိုင်းမှ ဝယ်ယူလာသည့် ရေနံများကို သင်္ဘောဖြင့် တင်လာကာ ဤဆိပ်ခံတံတားမှ လက်ခံမည်ဖြစ်သည်။ ထို့နောက် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှနေ၍ တရုတ်ပြည်တောင်ပိုင်း၊ ယူနန်ပြည်နယ်သို့ ယခုဆောက်လုပ်ဆဲ တရုတ်-မြန်မာ ရေနံပိုက်လိုင်းဖြင့် တင်ပို့သွားမည် ဖြစ်သည်။ တရုတ်ပြည်က ယူနန်ပြည်နယ်မှနေ၍ ရေနက်ဆိပ်ကမ်းနှင့် အထူးစက်မှု စီးပွားရေးဇုန်နယ်မြေတို့နှင့် ဆက် သွယ်သော မီးရထားလမ်းမကြီး တစ်လမ်းကိုလည်း တည်ဆောက်မည် ဖြစ်သည်။ ဤမီးရထားလမ်းမကြီးသည် (၂ဝ၁၅) ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရပြီး၊ တရုတ်ပြည်၏ ကုန်းတွင်းပိတ်နယ်မြေဖြစ်သော အနောက်တောင်ပိုင်း နယ်မြေ အတွက် အရှေ့တောင်အာရှနှင့် တောင်အာရှ ဈေးကွက်များသို့ မြန်မာနိုင်ငံကို ဖြတ်သန်း၍ ကုန်သွယ်ရေးလမ်းသစ်      ဖွင့်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ရမ်းဗဲကျွန်းပေါ်မှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ လုပ်နေကြသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အရေးမစိုက်ပုံအကြောင်းကို မှတ်တမ်းများ ပြုစုတင်ပြထားခဲ့ကြပြီး ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖေါ်ရာ၌လည်း အလားတူပင် ဒေသခံလူထုတို့၏ ပါဝင်ခွင့်ရှိမှုကို အရေးမစိုက်ကြောင်း တွေ့ရှိရသည်။ (၂ဝဝ၄-၂ဝဝ၅ ခုနှစ်အတွင်းမှာ (CNPC) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော၊ စီချွန်းရေနံ ပထဝီဝင်ဆိုင်ရာ ကုမ္ပဏီ (Sichuan Petroleum Geophysical Company) က ရေနံရှာဖွေရေးလုပ်ငန်း၏ တစိတ်တဒေသ အနေနှင့် ရမ်းဗဲကျွန်းပေါ်တွင် မြေတိုင်းထွာမှုများ ပြုလုပ်ခဲ့သည်။ စမ်းသပ် မိုင်းဖောက်ခွဲခြင်းဟုလည်းခေါ်သော တိုင်းတာမှုလုပ်ရာ၌ မြေပိုင်ရှင် လယ်သမားများ၏ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မတောင်းခံဘဲ လုပ်ကိုင်ခဲ့ကြပြီး ထိုမိုင်းဖောက်ခွဲ မှုကြောင့် လယ်ကွင်းများထဲမှာ တွင်းချိုင့်ကြီးများ ကျန်ရစ်ခဲ့သည်။ စပါးပင်များလည်း ပျက်စီးသွားခဲ့သည့်အပြင် လယ်မြေ များလည်း စိုက်ပျိုး၍ မရတော့ချေ။ ပျက်စီးမှုအတွက် လယ်သမားများအား လျော်ကြေးတစ်စုံတစ်ရာ ပေးချေမှုများလည်း မရှိခဲ့ချေ။ စစ်အစိုးရနှင့် စီမံကိန်းလုပ်သားများက ဒေသခံလူထုများကို မထီမဲ့မြင်ပြုမှုကြောင့် စီမံကိန်းနှင့် ပတ်သက်သော မတရားမှုများကို ဆက်လက်သည်းမခံနိုင်တော့သော ဒေသခံလူထုများက တရုတ်ပြည်အမျိုးသား ကမ်းလွန်ရေနံကုမ္ပဏီ (China Offshore Oil Company) ၏ ကုန်းပေါ်ရှိ တွင်းတူးရာနေရာထဲသို့ (၂ဝဝ၇) ခုနှစ်၊ ဧပီလတွင် ချိုးဖောက် ဝင်ရောက်ပြီးလျှင် တွင်းတူးကရိယာများကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် မြန်မာနိုင်ငံရှိ တာဝန်ယူမှုမရှိသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် ယင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အကောင်အထည်ဖေါ်သော ကုမ္ပဏီများနှင့် အထူးသဖြင့် စီမံကိန်း ဒဏ်သင့်ခံရသော ဒေသခံလူထုများက ဖြစ်ပွားလာသော မကျေနပ်မှုနှင့် မကောင်းသော အကျိုးဆက်များ၏ သာဓကတစ်ခုပင် ဖြစ်လေသည်။

•        စစ်တွေ၊ အမ်း၊ မင်းဘူး (မြန်မာနိုင်ငံ အလယ်ပိုင်း) မီးရထားလမ်း

RailWayရခိုင်ပြည်နယ်၊ စစ်တွေမြိုမှနေ၍ မြိုနယ် (၅) မြိုနယ်ကို ဖြတ်လျှက် မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်းမြိုသို့ ဆက်သွယ်သော မီးရထားလမ်းသစ် တည်ဆောက်မှုကို (၂ဝဝ၉) ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စတင်ခဲ့သည်။ လုပ်ငန်းမစမီမှာ အရပ်သားများ၏ မြေယာအများအပြားကို ဥပဒေမဲ့ သိမ်းယူခဲ့ပြီး သည့်နောက်ပိုင်းမှာလည်း ထပ်မံ၍ သိမ်းယူမှုများ ဖြစ်ပွားခဲ့သည်။ အများအားဖြင့် စစ်တပ်ထဲမှ သြဇာအာဏာရှိသူများနှင့် အဆက်အသွယ်ရှိသော ဆောက် လုပ်ရေး ကုမ္ပဏီများက မိမိတို့၏ အလုပ်သမားများအား လုပ်ခများ မပေးဘဲထားကြောင်း သတင်းများ ရရှိခဲ့သည်။ ကျေးရွာ (၆) ရွာကျော်မှ ကျေးရွာလူထုများသည်လည်း အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းခံကြရပြီး၊ အာဏာပိုင်များထံမှ အကူအညီသော်လည်းကောင်း၊ လျော်ကြေးသော်လည်းကောင်း တစုံတရာ မရရှိခဲ့ချေ။

(၂ဝ၁ဝ) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် စတင်ခဲ့သော စစ်တွေ-အမ်း- မင်းဘူးရထားလမ်း၏ မြောက်ဦးရထား လမ်းခွဲကြောင့် ရခိုင်ဘုရင်အဆက်ဆက် တည်ထောင်ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးခဲ့ရသည်။ သမိုင်းဝင်မြို မြောက်ဦးရှိ၊ ရှေးဟောင်း ကျောင်းကန်၊ ဘုရားများဖြစ်သည့် လောင်ပန်းဗြောက်စေတီ၊ ပြည်စိုးကြီးဘုရား၊ သဇန်တံဘုရား ထိခိုက်ပျက်စီးခဲ့သည်အပြင် မင်းသမီးတံတိုင်း၊ ရဲလှတံတိုင်း၊ ရဲလှကုန်း၊  ရဲလှခံတပ် များဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)က ကြက်ဆူပင်စိုက်ခင်း စိုက်ပျိုးရေးအတွက် နယ်မြေလူထုများအား မြောက်ဦးမြို့ရှိ ရှေ့ဟောင်း နန်းတော်ကုန်းကို ဖျက်ခိုင်းကြောင်းလည်း ကြားသိရသည်။ နယ်သူနယ်သားများက မီရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ကန့်ကွက်ကြပြီး၊ ဆောက်လုပ် ရေးလုပ်ငန်းကို ရပ်တန့်ပေးရန် အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြသည်။ သို့ရာတွင် အစိုးရက အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဘဲ၊ စီမံကိန်းကို ဆက်လက်၍ အကောင်အထည်ဖေါ်ခဲ့သည်။

ဒေသခံလူထုများက သယ်ယူပို့ဆောင်ဆောင်ရေး တိုးတက်ကောင်းမွန်ရန်ကို အလွန်တရာ လိုလားကြသည်။ အကြောင်းမှာ ရခိုင်ပြည်နယ်ရှိ လမ်းများသည် အခြေအနေအလွန်ဆိုးရွားနေခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ၊ သဘောတရားအရ ဆိုလျှင်၊ ဤစီမံကိန်းက နယ်သူနယ်သားများ၏ ဘဝများကို တိုးတက် ကောင်းမွန်စေမည် ဖြစ်သည်။ သို့ရာတွင် ရခိုင်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းလုပ်ရန် အခွင့်အလမ်း အလွန်နည်းနေခြင်း၊ အစိုးရ၏ မူဝါဒများကလည်း အမှန်စင်စစ်အားဖြင့် ဈေးကွက်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုပေးရန် မဟုတ်ဘဲ၊ ချိုးနှိမ်ရန်သာ ဖြစ်နေခြင်းတို့ကြောင့် ၎င်းမီးရထားလမ်းသည် နယ်မြေဒေသတွင်းမှာ စစ်တပ် ခြေကုပ်မဲရေးအတွက် အသုံးပြုရန်သာ ဖြစ်လိမ့်မည်ဟု လေ့လာသူများက ဆိုသည်။ ရခိုင်ပြည်နယ်မှာ လေယာဉ်ကွင်းသစ် တစ်ကွင်း တည်ဆောက်ရေးအတွက် အကြံပြုချက်များ တင်ထားသည်ဟုလည်း ကောလာဟသတင်းများ ထွက်ပေါ်နေသည်။

ဤအဆင့်၌ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ မိမိတို့ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)အနေ နှင့် သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ မရသေးသော်လည်း အခြေအနေကို ဆက်လက်လေ့လာ စုံစမ်းနေလျှကရှိပြီးပြည်သူလူထုအား ထပ်မံတင်ပြပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။