၁) ကုလား-ရခိုင်အဓိကရုဏ်း
၂၀၁၂ခုနှစ်၊ဇွန်လ (၈) ရက်နေ့တွင် ရခိုင်ပြည်၌ဖြစ်ပွားခဲ့သော ကုလား-ရခိုင်အဓိကရုဏ်းသည် ကျောက်နီမော် ပြဿနာ၊တောင်ကုတ်ပြဿနာများကြောင့်ဖြစ်ပေါ်လာရသည့်နောက်ဆက်တွဲအကျိုးဆက်များဖြစ်သည်ဟု အများက ထင်မှတ်နေကြသည်။ အမှန်မှာထိုပြဿနာများသည်စေ့ဆော်ပေးသောအကြောင်းအရာများသာလျှင်ဖြစ်ပြီးတကယ့်အကြောင်းရင်းခံပြဿနာများမဟုတ်ပါ။ဘင်္ဂလီမူဆလင်အစွန်းရောက်အကြမ်းဖက်သမားများကဒေသခံရခိုင် တိုင်းရင်းသားများကိုလူမဆန်စွာတိုက်ခိုက်၊လုယက်ဖျက်ဆီးသတ်ဖြတ်မှုများသည် ကျောက်နီမော် အဖြစ်အပျက်ကဲ့သို့ပြဿနာပေါင်းများစွာသည်ဘူးသီးတောင်၊မောင်တော၊ရသေ့တောင်နှင့်ပေါက်တောမြို့နယ်များတွင် မကြာခဏ ဖြစ်ပျက်နေသောဖြစ်စဉ်များသာဖြစ်ပေရာအမှန်တကယ်အကြောင်းရင်းခံတရားမဟုတ်ပေ။ ဒေသခံရခိုင်လူမျိုးများထံမှ ကျွဲ၊ နွားများကိုခိုး၍ တစ်ဖက်နိုင်ငံဖြစ်သည့်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ခိုးသွင်းရောင်းချမှုများလည်းမကြာခဏဆဖြစ်ပျက်နေသောအဖြစ်အပျက်များသည်မြန်မာစစ်အစိုးရအဆက်ဆက်နှင့်လက်ရှိဦးသိန်းစိန်အစိုးရလက်ထက် တိုင်အောင်စစ်တပ်၊ထောက်လှမ်းရေးအပါအ၀င်ဒေသခံအာဏာပိုင်များကပါပူးပေါင်းပါဝင်မှုများနှင့်လာဒ်ပေး လာဒ်ယူမှုများ ရှိနေသည့်အတွက် အခြေအနေမှာဒေသခံရခိုင်လူမျိုးများကဘင်္ဂလီမူဆလင်များအပေါ်မုန်းတီးရေး စိတ်ဓာတ် ပြင်းထန် လာပြီးအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်လာရန်တွန်းအားတစ်ခု ဖြစ်လာရခြင်းမှာ မဆန်းပေ။ကုလား-ရခိုင် အဓိကရုဏ်းကို ပြောမည်ဆိုလျှင် သမိုင်းနှင့်ချီ၍ ပြောရမည်ပင်ဖြစ်သည်။
၁၈၂၄-၂၆အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင်အနိုင်ရရှိခဲ့သူဗြိတိသျှတို့သည်ဘင်္ဂလီအလုပ်သမားများကိုခေါ်ယူလာကာနတ်မြစ်တစ်လျှောက်တွင်ကျေးရွာထူထောင်ပေးပြီးနေထိုင်ခွင့်ပြုခဲ့ရာမှတစ်ဖြည်းဖြည်းဖြင့်ဘူးသီးတောင်နယ် အထိဘင်္ဂလီများပြန့်နှံ့သွားခဲ့ပြီးအဆမတန်လူဦးရေထူထပ်လာခဲ့သည်။သို့ရာတွင်ရခိုင်တိုင်းရင်းသားများ၏တင်ပြမှုကိုဗြိတိသျှတို့ကဂရုမူခြင်းမရှိခဲ့ကြဘဲ၊၎င်းတို့အကျိုးစီးပွါးအတွက်ဘင်္ဂလီများကိုသာမျက်နှာသာပေးခဲ့ကြရာဘင်္ဂလီများသည်ဒေသခံများကိုအလေးမထားခဲ့ကြပေ။ဤသို့ဖြင့်ဒုတိယကမ္ဘာစစ်သို့တိုင်ခဲ့သည်။
၁၉၄၂ခုနှစ်၊ကုလား-ရခိုင်အဓိကရုဏ်းဖြစ်ပွါးရခြင်းမှာလည်းမည်သည့်အကြောင်းအချက်မျှမရှိခဲ့ဘဲဘူးသီးတောင်မြို့နယ်၊စိုင်းတင်ချောင်းအတွင်းရှိဖုံညိုလိပ်ကျေးရွာနေရခိုင်တိုင်းရင်းသားများအားပတ်ဝန်းကျင်ကျေးရွာရှိဘင်္ဂလီများက၀င်ရောက်တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။ထိုစဉ်ကလည်းဘူးသီးတောင်နှင့်ဝေးလွန်းသောမြေပုံမြို့နယ်ရက်ချောင်းကျေးရွာမှရခိုင်တိုင်းရင်းသားနှစ်ဦးဘင်္ဂလီတို့၏ တိုက်ခိုက်မှုခံခဲ့ရခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်အတွင်းဒုတိယကမ္ဘာစစ် စတင်လာခဲ့ပြီးဗြိတိသျှတို့ဆုတ်ခွါကြသည့်အခါဘင်္ဂလီများကိုလက်နက်တပ်ဆင်ပြီး V.Force ကိုဖွဲ့စည်းလျှက်ဂျပန်ကိုခုခံဟန့်တားထားရန်စီစဉ်ထားခဲ့ကြသည်။သို့သော်ဘင်္ဂလီများသည်ဂျပန်များကိုတိုက်ခိုက်ရန်မဆိုထားနှင့်ဂျပန်ခြေရာကိုတောင်မှမမြင်ဘူးလိုက်ကြ။ထိုလက်နက်များဖြင့်မေယုရိုးမအနောက်ဖက်ခြမ်း ကိုစိုးမိုးထားခဲ့ကြသည်။
၁၉၄၂ခုနှစ်တွင်အုပ်ချုပ်ရေးကင်းမဲ့ခဲ့မှုကြောင့်ရခိုင်များကိုအနိုင်ကျင့်၍ရနိုင်ခဲ့ကြသောဘင်္ဂလီများသည်ဒုတိယကမ္ဘာစစ်အပြီးငြိမ်းချမ်းရေးကော်မတီ (Peace Committee) ကိုဖွဲ့စည်းကာအစိုးရတစ်ရပ်အသွင်လှုပ်ရှားနေခဲ့ကြသည်။ဤသို့ဖြင့်အာဏာများကိုတပ်မက်စွဲလန်းလာကြသောဘင်္ဂလီဘာသာရေးခေါင်းဆောင်များသည်ဒေသကိုလုံးဝအပိုင်သိမ်းထားနိုင်ရေးကြိုးပမ်းလာခဲ့ကြသည်။ စစ်ပြီးဆုံးသည့်အခါစစ်အတွင်းအိန္ဒိယနိုင်ငံ၊အရှေ့ဘင်္ဂလား၌ခိုလှုံ နေကြသောစစ်ပြေးဒုက္ခသည်များကိုပြန်လည်နေရာချထားရာတွင်ဘင်္ဂလီတို့ကိုဦးစားပေးကာပို့ဆောင်ခဲ့ပြီးဘင်္ဂလီများအခြေတကျဖြစ်သည့်အခါမှရခိုင်တိုင်းရင်းသားများကိုပြန်လည်ပို့ဆောင်ပေးခဲ့သည်။ဤနည်းဖြင့်အုပ်ချုပ်ရေးအားနည်း ချက်ရှိနေသောအချိန်တွင်ဘင်္ဂလီများသည်လူအင်အားဖြင့်ရခိုင်များ၏မြေယာများ၌အဓမ္မ၀င်ရောက်အုပ်စိုးခြင်းဖြင့်နတ်မြစ်ဒေသတစ်ဝိုက်ရှိရခိုင်များပြိုကွဲခဲ့ရသည်။ဘင်္ဂလီများအနေဖြင့်ရခိုင်များအပေါ်အသာစီးရနေချိန်တွင်ဘင်္ဂလီ ဘာသာရေးခေါင်းဆောင်များသည်ပါကစ္စတန်ခေါင်းဆောင်အလီဂျင်းနားထံသို့ဗြိတိသျှတို့ထံမှလွတ်လပ်ရေးတောင်းဆိုသည့်အခါမေယုမြစ်အနောက်ဘက်ကမ်းကိုအရှေ့ပါကစ္စတန်နှင့်ပူးပေါင်းပြီးလွတ်လပ်ရေးတောင်းဆိုပေးရန်ချဉ်းကပ်ခဲ့သည်။သူတို့ကိုယ်တိုင်လည်းဗြိတိသျှအစိုးရကိုယ်စားလှယ်များထံသို့လည်းချဉ်းကပ်ခဲ့ပြီးပါကစ္စတန်နှင့်ပူးပေါင်းပေးရန်တောင်းဆိုခဲ့ကြသည်။သို့သော်သူတို့၏တောင်းဆိုမှုများမအောင်မြင်ခဲ့ဘဲမြန်မာနိုင်ငံသည်မူလပုံစံ မပျက်ဗြိတိသျှတို့ထံမှလွတ်လပ်ရေးရခဲ့သည်။
အားမလိုအားမရဖြစ်နေသောဘင်္ဂလီခေါင်းဆောင်များသည်၁၉၅၁တွင်အလယ်သံကျော်ညီလာခံကိုကျင်းပခဲ့ ကြသည်။ (ပါကစ္စတန်ဘာသာရေးခေါင်းဆောင်များပါတက်ရောက်ခဲ့ကြသည်ဟုဆိုသည်။) ဤညီလာခံမှဆွေးနွေး ဆုံးဖြတ်ချက်များသည်ဘင်္ဂလီအကြမ်းဖက်အစွန်းရောက်သမားများအတွက်ထာဝရလမ်းညွှန်ချက်ပင်ဖြစ်ကြောင်း၎င်းတို့၏နောက်ပိုင်းလှုပ်ရှားမှုများကသက်သေခံနေသည်။ထိုညီလာခံမှမြန်မာနိုင်ငံအစိုးရအားတောင်းဆိုချက်(၁၄)ချက်ရှိခဲ့သော်လည်းထိုအထဲမှဒေသစိုးမိုးရေးအာဏာတောင်းဆိုချက်များဖြစ်သည့်အောက်ပါအရေးကြီးသောတောင်းဆို ချက်အချို့ကိုသာဖေါ်ထုတ်တင်ပြလိုသည်။
(၁) ဘူးသီးတောင်-မောင်တောဒေသကိုမူစလင်ဒေသအဖြစ်သတ်မှတ်ပြီးထိုဒေသကိုကချင်၊ချင်း၊စသည်တို့ကဲ့သို့ပြည်နယ်အဆင့်သတ်မှတ်ရေး
(၂) ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့စည်းခွင့်ပေးရေး
(၃) ရခိုင်မြောက်ပိုင်းအတွက်စစ်တွေကိုဗဟိုထား၍သီးခြားအစိုးရဖွဲ့စည်းပြီးအစိုးရအဖွဲ့တွင်ကုလား-ရခိုင်ပူးပေါင်းပါဝင်ရေး၊ဌာနတိုင်းတွင်ကုလား-ရခိုင်၅၀/၅၀ပါဝင်ရေး၊
(၄) လက်နက်ကိုင်တပ်ဖွဲ့စည်းရာတွင်စစ်အကြီးအကဲရာထူးအတွက်မူဆလင်ကိုခန့်အပ်ပြီးရခိုင်ထဲမှဒုတိယအကြီးအကဲခန့်အပ်ရေးစသည်တို့ကိုတောင်းဆိုခဲ့ကြသည်။
အချုပ်အားဖြင့်မေယုဒေသ၏အချုပ်အခြာအာဏာကိုလုံးဝတောင်းဆိုပြီး၊ရခိုင်မြောက်ပိုင်းကိုပူးတွဲအာဏာ ပေးရန်တောင်းဆိုခြင်းဖြစ်သည်။ဤတောင်းဆိုချက်များကိုအစိုးရကလက်မခံသောအခါမူဂျာဟစ်လှုပ်ရှားမှုအဖြစ်ဂျီဟဒ် (Jihad) စစ်ပွဲကိုဆင်နွဲခဲ့ကြရာရခိုင်ဒေသတွင်ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက်နေထိုင်လာခဲ့ကြသောဒေသခံတိုင်းရင်းသားများသည်အိုးအိမ်တိုက်တာအဆောက်အအုန်များကို စွန့်ခွာကာ တိမ်းရှောင်ထွက်ပြေးလာခဲ့ကြရပြီးယနေ့တိုင် IDP (ရွာပုန်းရွာရှောင်များ) အဖြစ်ရှိနေကြပါသေးသည်။
မူဂျာဟစ်လှုပ်ရှားမှုလည်းအမြင့်ဆုံးကိုရောက်ရှိလာခဲ့ပြီးဗုဒ္ဓဘာသာဘုန်းတော်ကြီးများကိုပင်ဖမ်းဆီးပြန်ပေးဆွဲနှိပ်စက်ခြင်း၊ဒေသကိုစွန့်ခွာတိမ်းရှောင်လာခဲ့ကြသည့်ရခိုင်တိုင်းရင်းသားတို့၏နေအိမ်၊မြေယာတို့ကိုအပိုင်စီးပြီးအိမ်ရှင်၊မြေရှင်အဖြစ်ခံယူခဲ့ကြသည်။နိုင်ငံတော်ကစစ်ဆင်ရေးကြီးတစ်ရပ်ဖြင့်မူဂျာဟစ်သူပုန်များကိုနှိပ်ကွပ်နိုင်ခဲ့သော်လည်းဒေသခံတိုင်းရင်းသားများကိုနေရာပြန်လည်ချထားပေးခြင်းမရှိခဲ့ချေ။အမှန်စင်စစ်အားဖြင့်ထိုစဉ်ကာလအတွင်းကုလားဆိုးများ၏နယ်မြေလုယက်ရေးစစ်ပွဲကိုနိုင်ငံတော်အာဏာပိုင်ကသော်လည်းကောင်း၊အခြား တိုင်းရင်းသားများကသော်လည်းကောင်းရိပ်မိသိရှိပုံမပေါ်သေးပေ။တပ်မတော်၏နှိမ်နင်းမှုကြောင့်မူဂျာဟစ်သူပုန်များငြိမ်သက်သွားခဲ့သော်လည်းမူဆလင်လှုပ်ရှားမှုများမှာငြိမ်သက်မသွားခဲ့ပဲတအုံနွေးနွေးဆက်လက်လှုပ်ရှားနေကြဆဲဖြစ်သည်။
၁၉၆၀ပြည့်နှစ်ပတ်ဝန်းကျင်တွင်စစ်တွေမြို့မှဆူလ်တန်မာမွတ်နှင့်အပေါင်းပါမော်လ၀ီတို့သည်အလယ်သံကျော်ညီလာခံ၏စိတ်ကူးစိတ်သန်းကိုပြန်လည်အသက်သွင်းကာအာကစ္စတန်စီမံကိန်းကိုချမှတ်ဆောင်ရွက်လာပြန်သည်။အာကစ္စတန် (Arkistan) ဆိုသည်မှာအာရကန်(Arakan)နှင့်ပါကစ္စတန် (Pakistan) ဒေသကြားရှိနယ်မြေ၊မေယုကျွန်းဆွယ်ကိုရည်ညွှန်းခြင်းဖြစ်သည်။အာရကန်နှင့်ပါကစ္စတန်နယ်မြေနှစ်ခုစလုံးပါဝင်သည့်အမည် ဖြစ်သည်။အာကစ္စတန်တည်ထောင်ရေးအတွက်လက်နက်ကိုင်အဖွဲ့အစည်းလိုအပ်လာသည့်အတွက်မူဂျာဟစ် လက်ကျန်များကိုဆူလ်တန်မာမွတ်နှင့်အပေါင်းပါတို့ကကောက်သင်းကောက်စုစည်းကြလေသည်။မောင်တော မြောက်ပိုင်းတွင်လှုပ်ရှားနေသောအဗ္ဗဒူဇော်လီ၊ဘူးသီးတောင်တောင်ပိုင်းညောင်ချောင်းတစ်ဝိုက်တွင်လှုပ်ရှားနေသောဘီအေဇော်ဖောနှင့်ရဲထွက်ဇာဖောတို့ကိုစုစည်းပြီးလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပေးလိုက်သည်။အမည်ကိုလည်းတိမ်မြုပ်လုနီးပါးဖြစ်နေသော “ရိုဟင်ဂျာ” အမည်ကိုဖေါ်ထုတ်လိုက်ခြင်းဖြင့်ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေးပါတီဖြစ်လာသည်။ရိုဟင်ဂျာအမည်လည်းပြန်ပေါ်လာခဲ့ပြန်သည်။
“ရိုဟင်ဂျာ”ဆိုသည်မှာဆူလ်တန်မာမွတ်၏တီထွင်ချက်မဟုတ်ပါ။ဘူးသီးတောင်မြို့နယ်၊ဖုံညိုလိပ်ရွာတွင်ခိုလှုံနေခဲ့ပြီးထိုစဉ်ကလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေသူအဒူဂေါ်ဖောရ်တီထွင်ခဲ့သောစကားဖြစ်သည်။သူသည်မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်သားဖြစ်သည်ဟုဆိုသော်လည်းရခိုင်/ဗမာစကားလုံးဝမတတ်သောစစ်တကောင်းဇာတိ၊စစ်တကောင်းကောလိပ်မှဝိဇ္ဇာဘွဲ့ရရှိခဲ့သည့်ဘင်္ဂလီစစ်စစ်တစ်ဦးသာလျှင်ဖြစ်သည်။သူကရိုဟင်ဂျာသည်ရခိုင်ပြည်နယ်တွင်တိုင်းရင်းသားမျိုးနွယ်စု ETHNIC တစ်ခုဖြစ်သည်ဟုအဆိုတင်သွင်းခဲ့သည်။ဤကိစ္စနှင့်ပတ်သက်၍ရခိုင်သမိုင်းသုတေသီအသီးသီးတို့ကကန့်ကွက်ချေပပြီးဖြစ်သော်လည်းနောက်ပိုင်းတွင်ဂျပန်နိုင်ငံရောက်ဘင်္ဂလီတစ်ဦးဖြစ်သူဇော်မင်းထွဋ်ဆိုသူကတစ်ဖန် “ရိုဟင်ဂျာ” အခန်းဆက်ကိုပြန်လည်ဖော်ဆောင်လာရာဂျပန်နိုင်ငံရောက်ရခိုင်သားများ၏ချေပမှုကြောင့်ပျက်စီးခဲ့သည်။
အထက်တွင်ဖေါ်ပြခဲ့သည့်ဆူလတန်မာမွတ်သည်မူဂျာဟစ်သူပုန်လက်ကျန်များဖြင့်ကောက်သင်းကောက်ဖွဲ့စည်းထားသောသူ၏အဖွဲ့ဝင်များကိုလစ်ဗျားနိုင်ငံသို့စေလွှတ်ပြီးလစ်ဗျားခေါင်းဆောင်ကဒါဖီနှင့်တွေ့ဆုံဆွေးနွေး စေခဲ့သည်။ (ထိုအချိန်ကာလတွင်ကဒါဖီသည်သူ့ကိုယ်သူအာရပ်များ၏ခေါင်းဆောင်၊မူဆလင်များ၏ခေါင်းဆောင် အဖြစ်အထင်ကြီးနေသူဖြစ်သည်။) ဆူလတန်မာမွတ်၏အာကစ္စတန်ကိုယ်စားလှယ်အဖွဲ့ဝင်များအားလစ်ဗျားရှိအလယ်အလတ်ခေါင်းဆောင်များကမေးမြန်းစစ်ဆေးချက်အရ“အာကစ္စတန်ဆိုသည်မှာရခိုင်ပြည်ကိုကုလားပြည်အဖြစ်ထူထောင်ရန်ကြိုးပမ်းခြင်းသာလျှင်ဖြစ်ကြောင်း”ရိပ်စားမိသောကြောင့်၎င်းတို့အဖွဲ့အားရခိုင်ပြည်သို့ပြန်ကာအစိုးရကိုလက်နက်ကိုင်တော်လှန်နေသောရခိုင်အဖွဲ့များနှင့်ညှိနှိုင်းပြီးတန်းတူအခွင့်အရေးရရှိရေးတိုက်ပွဲဝင်ပါဟုပြောဆိုပြီးပြန်လွှတ်ခဲ့သည်။
ပြည်တွင်းသို့ပြန်ရောက်လာကြသော “အာကစ္စတန်အုပ်စု”သည်ရိုဟင်ဂျာမျက်နှာဖုံးစွပ်ပြီးသူတို့မွတ်ဆလင် နိုင်ငံဖြစ်မြောက်ရေးကြိုးပမ်းကြသည်။ပြည်တွင်း၌ရှိနေသောရခိုင်လက်နက်ကိုင်အင်အားစုများမှာလူအင်အား၊လက်နက်အင်အားအသာစီးရနေသောဘင်္ဂလီများ၏ရန်ကိုမတားဆီးနိုင်ခဲ့သည်သာမကဘင်္ဂလီသူပုန်တို့၏နှောက်ယှက် မှုကြောင့်ဘူးသီးတောင်မြို့နှင့်လက်တစ်ကမ်းအကွာရှိထိန်တောရွာကလေးသည်ပင်ပျက်စီးခဲ့ရသည်။သို့သော်မြန်မာ့ တပ်မတော်၏ပြင်းထန်သောထိုးစစ်ကြောင့်ဘင်္ဂလီသောင်းကျန်းသူတို့၏စိတ်ကူးထဲကအာကစ္စတန်စီမံကိန်းပျက်စီးခဲ့သည်။
၁၉၈၆ခုနှစ်၊သြဂုတ်လ (၁၄)ရက်နေ့တွင်ကျင်းပခဲ့သောပါကစ္စတန်နိုင်ငံလွတ်လပ်ရေးနှစ်ပတ်လည်အထိမ်းအမှတ်နေ့တွင်ကျင်းပသည့်မူဆလင်တိုက်ပွဲဝင်သူများအစည်းအဝေး၌ RLO ဥက္ကဋ္ဌ၊အာမက်ရှားကအဖွင့်မိန့်ခွန်းပြောခဲ့သည်။သူ့မိန့်ခွန်းတွင် “နောက်တစ်ခါရခိုင်၊ဗမာတွေသတ်ရင်မင်းတို့ထွက်မပြေးနဲ့၊အလ္လာအရှင်မြတ်ရဲ့နာမတော်ကြောင့်သူတို့မသတ်နိုင်ဘူး။မင်းတို့ကသူတို့တွေဒီနေရာကထွက်သွားအောင်နည်းမျိုးစုံသုံးရမယ်၊သူတို့ထွက်သွားတဲ့နေရာမှာမင်းတို့အစားဝင်နေရမယ်၊ပြီးတော့အမာခံဖြစ်အောင်လုပ်ရမယ်” ဟုပြောခဲ့သည်။
အာမက်ရှား၏ ဆိုလိုရင်းမှာ မေယုဒေသမှ မွစလင်မဟုတ်သူများအားလုံးကို နည်းမျိုးစုံဖြင့်မောင်းထုတ်ပြီး မူဆလင် သီးသန့်ဒေသအား ထူထောင်ရန်ပင်ဖြစ်သည်။ဤသည်မှာပင်သူတို့၏မဟာဗျူဟာကိုဖေါ်ထုတ်လိုက်ခြင်း ပင်ဖြစ်သည်။ထို့ကြောင့်ဒေသကိုအပိုင်စီးနိုင်ရန်အတွက်သူတို့အနေဖြင့်ဒေသခံဖြစ်ရန်လိုအပ်လာသည်။သူတို့သည်ဒေသခံများဖြစ်ကြောင်းနိုင်ငံတကာမှအသိအမှတ်ပြုရန်လိုအပ်လာသည်။ဘင်္ဂလီသည်ဘင်္ဂလားဒေသမှသာဖြစ်ပေရာသူတို့သည်သူတို့၏လာရာလမ်းကိုကောက်ကြောင်းမရနိုင်ရန်ဖျောက်ဖျက်ပစ်ရမည်သာဖြစ်သည်။ထို့ကြောင့်သူတို့ကလူမျိုးတစ်မျိုးအဖြစ်အမည်တစ်ခုတွင်နိုင်အောင်ငွေကိုလမ်းခင်းပြီးဥပဒေပြင်ပတွင်နည်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့ကြရာယခုအခါ “ရိုဟင်ဂျာ”အမည်သည်မြန်မာ့လွှတ်တော်ထဲအထိဝင်ရောက်သွားခဲ့ပြီဖြစ်ပေသည်။တစ်ဖက်မှာလည်း “မြန်မာမူဆလင်”ဟုအမည်တွင်စေရန်ရုံးပြင်ကန္နားတွင်အသုံးပြု လာနေကြသည်။ (မူဆလင်ဟူသည်အစ္စလာမ် ဘာသာကိုးကွယ်သူများကိုခေါ်ခြင်းသာဖြစ်ပြီးလူမျိုးတစ်မျိုးမဟုတ်ပေ။မြန်မာသည်လည်းမူဆလင်မဟုတ်သည်သာမကရခိုင်သည်လည်းမူဆလင်မဟုတ်ပေ။) မည်သို့ပင်ဖြစ်စေသူတို့သည်သူတို့၏လာရာလမ်းကြောင်း၊မူရင်းဇာတိကိုခြေရာဖျောက်စေပြီးဒေသခံဖြစ်ကြောင်းလိမ်လည်ရန်ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။
ထိုရိုဟင်ဂျာဆိုသောအမည်သည်သူတို့အခြေချလိုသောမေယုဒေသတွင်ဒေသခံတိုင်းရင်းသားဖြစ်နိုင်ရန်အတွက်ပြည်တွင်း၊ပြည်ပမှနည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းလာပြီးရခိုင်သမိုင်းဖြစ်စဉ်များကိုသူတို့သမိုင်း အဖြစ်ဖန်တီးလာကြသည်။ရခိုင်ကိုရည်ညွှန်းသည့်(Arakan) ဝေါဟာရကိုပင်သူတို့၏အာရဗီဘာသာစကားလုံးအဖြစ်ပုံဖေါ်ကြပါသည်။သူတို့အနေဖြင့်မူလမျိုးနွယ်ဘင်္ဂလီအမည်ကိုဖျောက်ပြီး “ရိုဟင်ဂျာ” လူမျိုးအဖြစ်အသိအမှတ်ပြုခံရရန်ကြိုးပမ်းလာကြခြင်းသည်ဒေသခံတိုင်းရင်းသားဖြစ်ရေးကိုအရယူကာနယ်မြေ စိုးနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက် ခြင်းသာဖြစ်သည်။
ပြည်ပနေဘင်္ဂလီများကသမိုင်းလိမ်များကိုဖန်တီးပြီးကြိုးပမ်းနေစဉ်မြန်မာပြည်တွင်းမှဘင်္ဂလီအကြမ်းဖက်သမားတို့ကဒေသခံတိုင်းရင်းသားများကိုအကြောင်းမဲ့သတ်ဖြတ်နေကြသည်။တနည်းအားဖြင့်ဓါးပြယောင်ယောင်အုပ်စု ဖွဲ့ပြီးဓါးပြတိုက်သတ်ဖြတ်ခြင်းဖြင့်ဒေသခံများကိုခြောက်လှန့်မောင်းထုတ်နေသည်။ဓါးပြသောင်းကျန်းလွန်းသောကြောင့်ဘူးသီးတောင်မြို့နယ်အတွင်းရှိကျေးလက်နေ တိုင်းရင်းသားများသည်မြို့ပေါ်အထိရောက်အောင်အစုလိုက်တဖြည်းဖြည်းပြောင်းရွှေ့အခြေချလာခဲ့ကြရာနောက်ဆုံးတွင်၎င်းကျေးရွာများ၌ဘင်္ဂလီများသာဝင်ရောက်နေထိုင် လာခဲ့ပြီးမြန်မာအာဏာပိုင်များသည်ဘင်္ဂလီများကိုစိုးမိုးအုပ်ချုပ်နေသည်ဟူသောအမြင်ကိုနိုင်ငံတကာမှမြင်လာအောင်အကွက်ကျကျစီစဉ်ကြိုးပမ်းချက်များသာဖြစ်သည်။၎င်းတို့၏အဓိကရည်ရွယ်ချက်သည်ကားဒေသစိုးမိုးရေး၊မြန်မာ့မြေကိုဖဲ့ထုတ်ရယူမည့် နယ်ချဲ့စစ်ပွဲတစ်ရပ်သာဖြစ်သည်။
ယခု၂၀၁၂ခုနှစ်၊ဇွန်လ (၈)ရက်နေ့အကြမ်းဖက်တိုက်ခိုက်မှုသည်အပြီးသတ်တိုက်ခိုက်မှုဖြစ်သည်။သို့သော်သူတို့အဖို့ပြည်ပအကြမ်းဖက်မူဆလင်အဖွဲ့အစည်းများနှင့်ပြည်တွင်းအမာခံအကြမ်းဖက်အဖွဲ့ဝင်များကြားရည်မှန်းသလိုအချိတ်အဆက်မရနိုင်ခဲ့သဖြင့်အံမ၀င်ခွင်မကျဖြစ်ကာမျှော်မှန်းသကဲ့သို့ ဖြစ်မလာခဲ့ချေ။
ဖြစ်စဉ်သုံးသပ်ချက်များ
သူတို့၏လှုပ်ရှားမှုဖြစ်စဉ်တစ်လျှောက်လုံးကိုလေ့လာကြည့်လျှင်-
(၁) ၁၉၄၂ကုလား-ရခိုင်အဓိကရုဏ်းဖြင့်ရခိုင်များကိုမောင်းထုတ်ပြီးရခိုင်တို့၏နေရာတွင်အစားထိုးဝင်ရောက်နေရာယူခြင်း၊
(၂) မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလမှစတင်ကာရခိုင်ပြည်နယ်တစ်စိတ်တစ်ပိုင်းကိုပါကစ္စတန်နှင့်ပူးပေါင်းရန်ကြိုးပမ်းခြင်း၊
(၃) မူဂျာဟစ်လှုပ်ရှားမှုဖြင့်ရခိုင်များကိုမောင်းထုတ်ပြီးမူဆလင်အများစုဒေသကိုတည်ထောင်နိုင်ရေးကြိုးပမ်းခြင်း
(၄) ရိုဟင်ဂျာလှုပ်ရှားမှုများဖြင့်အာကစ္စတန်နိုင်ငံတည်ထောင်ရေးကြိုးပမ်းခြင်း၊
(၅) ၁၉၈၈ခုနှစ်၊မေလ(၁၃)ရက်နေ့လှုပ်ရှားမှုဖြင့်ရခိုင်များကိုအပြတ်ချေမှုန်းရေးကြိုးပမ်းခြင်း၊
(၆) ၁၉၉၄ခုနှစ်၊ဧပြီလတွင်မောင်တောမြို့လုံးပတ်လည်ဗုံးခွဲပြီးရိုဟင်ဂျာသွေးစည်းညွတ်ရေးအဖွဲ့ (RSO) ၀င်ရောက်၍နယ်မြေသိမ်းပိုက်ရန်ကြိုးပမ်းမှု၊
(၇) ရိုဟင်ဂျာအမည်ခံဘင်္ဂလီတို့သည်ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များ၊မိတ်ဖက်နိုင်ငံတကာကူညီရေးအဖွဲ့များ၏သံတမန်ရေးရာလွတ်လပ်ခွင့်ကို၁၀နှစ်အတွင်းအကာအကွယ်အဖြစ်အသုံးချခဲ့ပြီးပြည်တွင်းရှိအကြမ်းဖက်ကွန်ယက် လှုပ်ရှားသူများသည်နိုင်ငံတကာရှိမူဆလင်အကြမ်းဖက် အဖွဲ့အစည်းများနှင့်အချိတ်အဆက်ရယူကာရိုဟင်ဂျာလှုပ်ရှားမှုများကို (လူ့အခွင့်အရေးအကြောင်း ပြကာ) ကုလသမဂ္ဂနှင့်နိုင်ငံတကာကထောက်ခံမှုပေးလာအောင်ဆောင်ရွက်ခြင်း၊
(၇) ပြည်ပရောက်နရူးအီစ္စလင်တို့လူစုကအာရပ်နိုင်ငံများအားကိုးဖြင့်ရိုဟင်ဂျာလှုပ်ရှားမှုကိုအင်တိုက်အားတိုက်ဆောင်ရွက်နေစဉ်ပြည်တွင်းရှိဘူးသီးတောင်၊မောင်တောဒေသမှလွှတ်တော်အမတ်များက လည်း၎င်းတို့ဘင်္ဂလီ (ရိုဟင်ဂျာ)များအားတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုပေးရန်လွှတ်တော်တွင်တင်ပြတောင်းဆိုလာကြခြင်း၊
(၈) ဇွန်လ (၈)ရက်နေ့မတိုင်မီရန်ကုန်မှမော်လ၀ီဆရာများသည်ဘူးသီးတောင်၊မောင်တောဒေသသို့တဖွဲဖွဲလာရောက်ပြီးဘာသာရေးအကြောင်းပြကာလူမျိုးရေးတရားများစည်းရုံးဟောပြောခဲ့ခြင်း၊
(၉) ၂၀၁၂ခုနှစ်၊ဇွန်လ (၈)ရက်နေ့တွင်အဓိကရုဏ်းဖန်တီးပြီး၊တပြိုင်နက် RSO က၀င်ရောက်တိုက်ခိုက် ကာဘူးသီးတောင်-မောင်တောဒေသ တစ်ခုလုံးကိုစီးနင်းသိမ်းပိုက်ရန်ဖြစ်သည်။ (မောင်တော တောင်ပိုင်းကိုဝင်ရောက်ဖျက်ဆီးခြင်း၊ကလေးနှင့်အမျိုးသမီးများအပါအ၀င်တိုင်းရင်းသားများကိုသတ်ဖြတ်၊လုယက်၊တိုက်ခိုက်ကျေးရွာ၊နေအိမ်များကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ဘူးသီးတောင်မြို့နယ်တွင်အကြမ်းဖက်ရန်အစီအစဉ်များရှိခဲ့သော်လည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ကအချိန်မီထိန်းသိမ်းနိုင်ခဲ့သဖြင့်အကြမ်းဖက်မှုများဖြစ်လုနီးနီးအခြေအနေကိုတားဆီးနိုင်ခဲ့သည်။)
အထက်ဖေါ်ပြပါဖြစ်စဉ်များကိုအလေးအနက်သုံးသပ်ကြည့်ပါကဘင်္ဂလီမူဆလင်တို့၏နယ်မြေသိမ်းပိုက်ရန်အစီအစဉ်တကျကြိုးပမ်းချက်များပင်ဖြစ်သည်။သူတို့သည်ဒေသခံရခိုင်တိုင်းရင်းသားများကိုမောင်းထုတ်၍၎င်းတို့အစားထိုးဝင်ရောက်ပြီးဘင်္ဂလီအများစုနယ်မြေ ဖြစ်ကြောင်းပြကာအနုနည်း၊အကြမ်းဖက်နည်း၊နည်းမျိုးစုံဖြင့်နိုင်ငံတော်အားအကျပ်ကိုင်၍နယ်မြေတောင်းဆိုရန်ဖြစ်ကြောင်းသုံးသပ်နိုင်မည်ဖြစ်သည်။
၇၈၆မူဆလင်ကမ္ဘာဖြစ်ရေးအတွက်ရခိုင်ပြည်နယ်သည်အနောက်မူဆလင်ကမ္ဘာနှင့်အရှေ့ခြမ်းမူဆလင်ကမ္ဘာတို့ကြား ပိုင်းခြားထားသည့်ဒေသတစ်ခုဖြစ်သည်။အထူးသဖြင့်ဘူးသီးတောင်၊မောင်တောမေယုဒေသသည်ပို၍မဟာ ဗျူဟာမြောက်အရေးပါသည့်ဒေသဖြစ်နေသည်။ထို့ကြောင့်သူတို့သည်မည်သည့်နည်းဖြင့်မဆိုမေယုဒေသကိုသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေကြဆဲပင်ဖြစ်သည်။သူတို့သည်အာရပ်နိုင်ငံများကိုအခြေပြု၍ရိုဟင်ဂျာသမိုင်းလိမ်တစ်ရပ်ကိုဖေါ်ထုတ်ဝါဒဖြန့်ချိကာကြိုးပမ်းနေကြသော်လည်းဤအခြေအနေများကိုဝေဖန်ထောက်ပြသူများမရှိခဲ့သဖြင့်ဟုတ်နိုးနိုးဖြင့်ငေးမောနေခဲ့ကြသည်။အနုနည်း၊အကြမ်းနည်း၊သံတမန်ရေးရာနည်းလမ်းများစသည်ဖြင့်ဘင်္ဂလီမူဆလင်တို့၏မည်သည့်ကြိုးပမ်းလုပ်ဆောင်ချက်မျိုးဖြစ်စေ၎င်းတို့၏နယ်မြေသိမ်းပိုက်ရန်နယ်ချဲ့ခြင်းသာဖြစ်သည်။
လတ်တလော ကိစ္စရပ်များသည်လည်းအကွက်ကျကျစီစဉ်ဖန်တီးချက်များဖြစ်ကြောင်းပေါ်လွင်လှသည်။ကျောက်နီမော်ပြဿနာသည်ရည်ရွယ်ချက်ရှိရှိစီစဉ်ဆောင်ရွက်ချက်ဖြစ်ကြောင်းရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များက ထုတ်ဖော်ပြောဆိုခဲ့သည်။ တောင်ကုတ်လူသတ်မှုအပြီးအစိုးရသတင်းထုတ်ပြန်ချက်မှစကားလုံးသုံးနှုံးမှုကိုမကျေနပ်ဟုအကြောင်းပြကာရန်ကုန်မြို့ တွင်ဆူပူသောင်းကျန်းရန်ကြိုးပမ်းခဲ့ရာအစိုးရကနိုင်နင်းစွာဖြေရှင်းနိုင်ခဲ့သဖြင့်ဆူပူအခွင့်မသာသည့်အတွက်ဘင်္ဂလီအများစုရှိသည့်ဘူးသီးတောင်၊မောင်တောဒေသများသို့ဦးလှည့်ကာရခိုင်ပြည်နယ်ဒေသတစ်ခုလုံး၌တပြိုင်တည်းဆူပူလှုပ်ရှားမှုကို စတင်လာခဲ့ကြသည်။မြန်မာနိုင်ငံတွင်ပါလီမန်ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာပြီးပြုပြင်ပြောင်းလဲရေးများဆောင်ရွက်လာခဲ့ရာအပြောင်းအလဲပေါ်တွင်နိုင်ငံတကာအာရုံစိုက်မှုကိုအသုံးချကာအကောင်းဆုံးအချိန်အဖြစ်သတ်မှတ်လှုပ်ရှားခဲ့ခြင်းပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင်ရခိုင်ပြည်နယ်အတွင်းရှိလတ်တလောမူဆလင်အကြမ်းဖက်ဆူပူမှုများသည်သာမန်အဓိကရုဏ်းမဟုတ်ဘဲနှစ်ပေါင်း၇၀ကြာစနစ်တကျ တစိမ့်စိမ့်ထိုးဖေါက်လာသောဘင်္ဂလီမူစလင်တို့၏နယ်ချဲ့ စံနစ်သာဖြစ်ပါသည်။ဤပြဿနာသည်ရခိုင်ပြည်သူများ၊အထူးသဖြင့်ဘူးသီးတောင်၊မောင်တောဒေသရှိတိုင်းရင်းသား ပြည်သူများနှင့်သာသက်ဆိုင်သည့်အရေးအခင်းမဟုတ်ဘဲပြည်ထောင်စုနယ်မြေကိုဖဲ့ထုတ်ရန်ကြိုးပမ်းချက်ဖြစ်သည့် အတွက်ပြည်ထောင်စု မြန်မာနိုင်ငံ၊တိုင်းရင်းသားအားလုံး၏အရေးကိစ္စပင်ဖြစ်သည်။“အထူးအားဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်သည် ကျွန်ုပ်တို့နိုင်ငံကို မြန်မာအစ္စလာမ်မစ် သမ္မတနိုင်ငံအဖြစ် ပြောင်းလဲရန် ကြိုးစားနေခြင်းသာဖြစ်ပါသည်။” ထို့ကြောင် ပြည်ထောင်စုကိုကာကွယ်ရန်ပြည်ထောင်စုသားတိုင်း၏တာဝန်ဖြစ်သည်။
၂) ကုလား-ရခိုင်အဓိကရုဏ်းကြောင့်သေဆုံးသူများနှင့်ဒဏ်ရာရရှိခဲ့သည့်ရခိုင်ပြည်သူများ
ရခိုင်ပြည်နယ်အတွင်း ဇွန်လကဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်(၅)လခန့်အကြာ တကျော့ပြန် ဒုတိယအကြိမ်အရေးအခင်းအောက်တိုဘာလတွင်ထပ်မံဖြစ်ပွားခဲ့ရာဘင်္ဂလီကုလားများ၏အကြမ်းဖက်တိုက်ခိုက်မှု၊ မီးချို့ဖျက်ဆီးမှု၊ စစ်တပ်မှပစ်ခတ်မှုများကြောင့်ဒေသခံရခိုင်တိုင်းရင်းသားအများအပြားသေဆုံးခဲ့ရပြီးတစ်ချို့မှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်။
ဇွန်လအရေးအခင်းတွင် သေဆုံးသူရခိုင်ပြည်သူစုစုပေါင်း ၃၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆ ဦး ရရှိခဲ့ပြီး ဇွန်အဓိကရုဏ်းအတွင်း ဒဏ်ရာရရှိသူစာရင်းမှာ စစ်တွေမြို့တစ်ခုတည်းမှ စာရင်းသာဖြစ်ပြီး အခက်အခဲများရှိနေခဲ့သည့်အတွက် ကျန်မြို့နယ်များမှ ဒဏ်ရာရသူစာရင်းကို မပြုလုပ်နိုင်ခဲ့ပါ။
ရခိုင်ပြည်နယ်အတွင်းဒုတိယအကြိမ်ဖြစ်ပေါ်ခဲ့သောကုလား-ရခိုင်အဓိကရုဏ်းအတွင်းမြောက်ဦး၊ ကျောက်တော်၊ကျောက်ဖြူ၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် သေဆုံးသူ ရခိုင်ပြည်သူစုစုပေါင်း (၃၁) ဦးနှင့်ဒဏ်ရာရရှိသူ (၆၈) ဦးတို့ဖြစ်သည်။ အောက်တိုဘာ(၂၅)ရက်နေ့ကရသေ့တောင်မြို့နယ်၊ညောင်ပင်ကြီးကုလားရွာ၌ဆူပူမှုဖြစ်ပေါ်ခဲ့ရာခေတ္တနည်းဗျူဟာမှူး၊ဒုတိယဗိုလ်မှူးကြီးသူရလှိုင်ထွန်းဦး၏အမိန့်ပေးချက်အရခလရ(၅၃၆)မှဗိုလ်ကြီးစိုးကြပ်ထွန်းမှပစ်ခတ်ခဲ့ခြင်းကြောင့်သေဆုံးသူနှင့်ဒဏ်ရာရသူများရှိခဲ့သည်။
ဇွန်လနှင့်အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သောကုလား-ရခိုင်အဓိကရုဏ်းကြောင့်သေဆုံးသူများနှင့်ဒဏ်ရာရှိသူများ၏စာရင်းမှာမိမိတို့ရခိုင်လူ့အခွင့်အရေးနှင့်ဖွံဖြိုးတိုးတက်ရေးအဖွဲ့(AHRDO)မှာစုစည်းမှတ်တမ်းတင်ထားချက်များကိုရခိုင်ပြည်သူများအပါအ၀င်မြန်မာနိုင်ငံရှိတစ်ခြားတိုင်းရင်းသားပြည်သူများ သိရှိနိုင်ရန်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်လှမ်းမှီသလောက် အသေအပျာက်နှင့် ဒဏ်ရာရရှိသူ အချက်အလက်မျာအား ဖော်ပြပေးလိုက် ခြင်း ဖြစ်ပါသည်။ မိမိတို့အဖွဲ့အစည်း လက်လှမ်းမမှီနိုင်ခဲ့သည့်သေဆုံးသူများနှင့်ဒဏ်ရာရရှိသူရခိုင်ပြည်သူများလည်းရှိနိုင် ပါသေးသည်။
ဇွန်နှင့် အောက်တိုဘာ အဓိကရုဏ်များအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိသူများ၏ စာရင်းကိုပြုလုပ်သည့်အခါ နာမည်များနှင့် နေရပ်လိပ်စာအမှားအယွင်းများရှိခဲ့လျှင်လည်း အများပြည်သူများနားလည်ပေးဖို့အတွက် အနူးအညွတ် မေတာရပ်ခံအပ်ပါသည်။ မိမိတို့အဖွဲ့အစည်း စုစည်းကောက်ယူ ရရှိသမျှသော ရခိုင်ပြည်သူအသေအပျောက်နှင့် ဒဏ်ရာ ရရှိသူများ၏ စာရင်းကို အများပြည်သူများသိရှိအောင် မြို့နယ်အလိုက် အောက်တွင်အသေးစိတ် ဖော်ပြပေး လိုက်ပါသည်။
ဇွန်လအတွင်း ကုလား-ရခိုင်အရေးအခင်းတွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ
စဉ် |
အမည် |
အဖအမည် |
အသေအပျောက် |
အသက် |
နေရပ်လိပ်စာ |
မှတ်ချက် |
||
ဒဏ်ရာရသူများ (ဇွန်လအရေးအခင်း) |
||||||||
၁ |
ဦးပညာသာမိ |
သေဆုံး |
||||||
၂ |
အောင်သာဇံ |
ဒဏ်ရာရ |
မင်းဂံ အကွက် (၇)၊ စစ်တွေ |
လက်မောင်းဒဏ်ရာ |
||||
၃ |
ခင်မောင် |
ဒဏ်ရာရ |
မင်းဂံ အကွက် (၇)၊ စစ်တွေ |
ခြေထောက် ဒဏ်ရာ |
||||
၎ |
သန်းထိုက် |
ဒဏ်ရာရ |
မင်းဂံ အကွက် (၅)၊ စစ်တွေ |
ကွဲပြတ် ရောင်ရမ်း |
||||
၅ |
ကျော်သိန်းဦး |
ဒဏ်ရာရ |
ကန်တော်ကြီး (၅)၊ စစ်တွေ |
ခြေထောက် မီးလောင် |
||||
၆ |
မောင်သန်းလှ |
ဒဏ်ရာရ |
ကန်တော်ကြီး (၃)၊ စစ်တွေ |
ခေါင်းကွဲ၊ လက်ဒဏ်ရာရ |
||||
၇ |
ငလုံးချေ |
ဒဏ်ရာရ |
ကန်တော်ကြီး၊ စစ်တွေ |
ခေါင်းကွဲ |
||||
၈ |
လှညွန့်မောင် |
ဒဏ်ရာရ |
ကန်တော်ကြီး၊ စစ်တွေ |
ခေါင်းကွဲ |
||||
၉ |
အောင်သန်းထွန်း |
ဒဏ်ရာရ |
ရွာသာယာ |
မျက်လုံးထိခိုက် |
||||
၁၀ |
ဆန်းဝင်း |
ဒဏ်ရာရ |
မင်းဂံ (၁၄)၊ စစ်တွေ |
ပေါင်ဒဏ်ရာရ |
||||
၁၁ |
သိန်းနု |
ဒဏ်ရာရ |
မင်းဂံ (၁၅) |
မျက်လုံးကွဲ |
||||
၁၂ |
ကြွင်းကျန်အောင် |
ဒဏ်ရာရ |
ကန်တော်ကြီး၊ စစ်တွေ |
|||||
၁၃ |
မောင်ကြီး |
ဒဏ်ရာရ |
ကန်တော်ကြီး၊ စစ်တွေ |
မေ့စေ့ကွဲ |
||||
၁၄ |
ဇော်ဇော်အောင် |
ဒဏ်ရာရ |
ကန်တော်ကြီး၊ စစ်တွေ |
သွားကျိုး |
||||
၁၅ |
မောင်မျိုး |
ဒဏ်ရာရ |
မင်းဂံ (၂) ၊ စစ်တွေ |
လက်မောင်းဒဏ်ရာ |
||||
၁၆ |
ဇော်နိုင် |
ဒဏ်ရာရ |
မင်းဂံ (၂)၊ စစ်တွေ |
ရင်ဘတ် ခဲထိ |
||||
၁၇ |
သိန်းအောင် |
ဒဏ်ရာရ |
မင်းဂံ (၃)၊ စစ်တွေ |
ခေါင်းကွဲ |
||||
၁၈ |
သာကျော်ဦး |
ဒဏ်ရာရ |
မင်းဂံ (၂)၊ စစ်တွေ |
ခေါင်းကွဲ |
||||
၁၉ |
သန်းမောင်ချေ |
ဒဏ်ရာရ |
အနောက်စံပြ၊ စစ်တွေ |
|||||
၂၀ |
ချေချေ |
ဒဏ်ရာရ |
အနောက်စံပြ၊ စစ်တွေ |
မျက်နှာ၊ မျက်စိ ဒဏ်ရာရ |
||||
၂၁ |
သိန်းဖော် |
ဒဏ်ရာရ |
အနောက်စံပြ |
မျက်နှာ လည်းကွထိမှန် |
||||
၂၂ |
မောင်မောင်သန်း |
ဒဏ်ရာရ |
အနောက်စံပြ |
မျက်နှာ လည်းကွထိမှန် |
||||
၂၃ |
ထွန်းသိန်း |
ဒဏ်ရာရ |
အနောက်စံပြ |
ဦးခေါင်း၊ လက် ထိခိုက် |
||||
၂၄ |
စောထွန်းချေ |
ဒဏ်ရာရ |
အနောက်စံပြ |
ဦးခေါင်း ထိခိုက် |
||||
၂၅ |
အေးထွန်း |
ဒဏ်ရာရ |
ဘောလုံးကွင်းရပ်ကွက်၊ စစ်တွေ |
ဒုတ်၊ ဓါး ဒဏ်ရာရ |
||||
၂၆ |
မောင်ညွန့် |
ဒဏ်ရာရ |
စစ်ကတော်ကျောင်း |
|||||
သေဆုံးသူများ (ဇွန်လအရေးအခင်း) |
||||||||
၁ |
ဦးသန်းရွှေ |
ဦးအောင်ထွန်းခိုင် |
သေဆုံး |
၅၀ |
ဂူတောင်ရွာ၊ ရသေ့တောင်မြို့နယ် |
|||
၂ |
ဦးစောသန်း |
ဦးသာထွန်းမောင် |
သေဆုံး |
၅၂ |
ဂူတောင်ရွာ၊ ရသေ့တောင်မြို့နယ် |
|||
၃ |
ဦးသန်ဒိုင်အောင် |
ဦးဖိုးမြစိန် |
သေဆုံး |
၅၄ |
ဂူတောင်ရွာ၊ ရသေ့တောင်မြို့နယ် |
|||
၎ |
ဦးသောင်းရွှေထွန်း |
ဦးဘစိန် |
သေဆုံး |
၅၄ |
ဂူတောင်ရွာ၊ ရသေ့တောင်မြို့နယ် |
|||
၅ |
ဦးဦးသိန်းဟန် |
ဦးအောင်မြထွန်း |
သေဆုံး |
၄၉ |
ဦးဂါရွာ၊ ရသေ့တောင် |
|||
၆ |
ဦးဖြူချေ |
ဦးထွန်းစံဦး |
သေဆုံး |
၃၁ |
ဦးဂါရွာ၊ ရသေ့တောင် |
|||
၇ |
ဦးထွန်းပေါ် |
ဦးဘဒေါင်း |
သေဆုံး |
၃၉ |
ဦးဂါရွာ၊ ရသေ့တောင် |
|||
၈ |
ဦးဦးထွန်းလှိုင် |
ဦးကာလီယာ |
သေဆုံး |
၃၈ |
ဂူတောင်ရွာ၊ ရသေ့တောင်မြို့နယ် |
|||
၉ |
မောင်ထွန်းထွန်း |
ဦးသန္တာအောင် |
သေဆုံး |
၁၈ |
ဂူတောင်ရွာ၊ ရသေ့တောင်မြို့နယ် |
|||
၁၀ |
ဦးကျော်မင်းထွန်း |
ဦးမောင်ဘစော |
သေဆုံး |
၄၂ |
လောင်းချောင်းရွာ၊ ရသေ့တောင်မြို့နယ် |
|
||
ရမ်းဗြဲမြို့ |
||||||||
၁၁ |
မသီတာထွေး |
သေဆုံး |
၂၆ |
ကျောက်နီမော်ရွာ၊ ရမ်းဗြဲ |
မုဒိမ်းကျင့်၊ ဓါးထိုး၊ လည်ဖြတ်ခံ |
|||
စစ်တွေမြို့ |
||||||||
အမည် |
အဖအမည် |
အသေအပျောက် |
အသက် |
နေရပ်လိပ်စာ |
မှတ်ချက် |
|||
၁၂ |
ဦးကျော်ထွန်းသာ |
ဦးအောင်သာလှ |
သေဆုံး |
၅၃ |
||||
၁၃ |
ဦးဘရွှေ |
ဦးစိန်လှဖြူ |
သေဆုံး |
၄၉ |
မင်းဂံရပ်ကွက်၊ စစ်တွေ |
|||
၁၄ |
ဦးထွန်းဝင်း |
ဦးစိန်လှဖြူ |
သေဆုံး |
၃၂ |
||||
၁၅ |
ဦးကျော်သိန်း |
ဦးမောင်ရွှေဖြူ |
သေဆုံး |
၆၁ |
||||
၁၆ |
ဦးမောင်သိန်းရွှေ |
ဦးမောင်ဦးသာ |
သေဆုံး |
၃၂ |
||||
၁၇ |
ဦးမြသာထွန်း |
သေဆုံး |
၂၀ |
|||||
၁၈ |
ဦးဇော်တင်ဦး |
ဦးထွန်းဦး |
သေဆုံး |
၃၂ |
||||
၁၉ |
အောင်စံသိန်း |
အောင်ကျော်သိန်း |
သေဆုံး |
…. |
||||
၂၀ |
ဦးလှဌေး |
ဦးကောင်းစံလှ |
သေဆုံး |
၄၅ |
||||
၂၁ |
မောင်မောင်ချေ |
ဦးငပု |
သေဆုံး |
၁၇ |
||||
မောင်တောမြို့ |
||||||||
၂၂ |
မောင်ချမ်းသာ |
ဦးညိုမောင် |
သေဆုံး |
၃၇ |
မောင်တောမြို့ |
|||
၂၃ |
ဦးအောင်သိန်းလှ |
ဦးညိုခိုင် |
သေဆုံး |
၅၃ |
မောင်တောမြို့ |
|||
၂၄ |
ဦးသာဒိုးအောင် |
ဦးမောင်တင်လှ |
သေဆုံး |
၇၅ |
မောင်တောမြို့ |
|||
၂၅ |
ဦးသန်းထွန်း |
ဦးထွန်းစိန် |
သေဆုံး |
၃၇ |
မောင်တောမြို့ |
|||
၂၆ |
ဦးလှမောင် |
ဦးစံလှမောင် |
သေဆုံး |
၆၃ |
မောင်တောမြို့ |
|||
၂၇ |
ဦးဘတိုး |
ဦးဝင်းမောင် |
သေဆုံး |
၆၀ |
မောင်တောမြို့ |
|||
၂၈ |
ဦးမြင့်သိန်း |
ဦးဝင်းမောင် |
သေဆုံး |
၅၂ |
မောင်တောမြို့ |
|||
၂၉ |
ဦးသာစည် |
ဦးစောထွန်း |
သေဆုံး |
၃၇ |
မောင်တောမြို့ |
|||
၃၀ |
ဦးဘစိန် |
ဦးစောထွန်း |
သေဆုံး |
၃၅ |
မောင်တောမြို့ |
|||
၃၁ |
ဦးသာလှဖြူ |
ဦးကျော်လှဖြူ |
သေဆုံး |
၇၀ |
မောင်တောမြို့ |
|||
၃၂ |
ဦးစောလှ |
ဦးရွှေဘန်း |
သေဆုံး |
၇၀ |
မောင်တောမြို့ |
|||
၃၃ |
ဦးမြင့်ရွှေ |
ဦးသောင်း |
သေဆုံး |
၅၂ |
မောင်တောမြို့ |
|||
တကျော့ပြန် အောက်တိုဘာလ ကုလား-ရခိုင်အဓိကရုဏ်းအတွင်း အသေအပျောက်စာရင်း
စဉ် |
အမည် |
အဖအမည် |
အသေအပျောက် |
အသက် |
နေရပ်လိပ်စာ |
မှတ်ချက် |
ဒဏ်ရာရသူများ (အောက်တိုဘာ အရေးအခင်း) |
||||||
၁ |
ဦးမောင်စံလှ |
ဦးလပြည့်အောင် |
ဒဏ်ရာရ |
၄၆ |
ဆားပြင်ကြီးရွာ၊ ရသေ့တောင်မြို့နယ် |
|
၂ |
မောင်လုံးချေ |
ဦးမဲလူ |
ဒဏ်ရာရ |
၁၉ |
ဆားပြင်ကြီးရွာ၊ ရသေ့တောင်မြို့နယ် |
|
၃ |
မောင်သိန်းကျော် |
ဦးလှထွန်းစိန် |
ဒဏ်ရာရ |
၁၇ |
ဆားပြင်ကြီးရွာ၊ ရသေ့တောင်မြို့နယ် |
|
၎ |
ဦးဖြူသိန်းအောင် |
ဦးသင်ခါအောင် |
ဒဏ်ရာရ |
၃၃ |
ဆားပြင်ကြီးရွာ၊ ရသေ့တောင်မြို့နယ် |
|
၅ |
ဦးအေးထွန်းမောင် |
ဦးစောထွန်းအောင် |
ဒဏ်ရာရ |
၄၅ |
ဆားပြင်ကြီးရွာ၊ ရသေ့တောင်မြို့နယ် |
|
၆ |
မောင်ဇော်ဇော်သန်း |
ဦးမောင်ညွန့်ခင် |
ဒဏ်ရာရ |
၁၉ |
ကန်ပြင်ရွာ၊ ရသေ့တောင်မြို့နယ် |
|
၇ |
ဦးသိန်းရွှေ |
ဦးစံသာလှ |
ဒဏ်ရာရ |
၄၅ |
ကန်ပြင်ရွာ၊ ရသေ့တောင်မြို့နယ် |
|
၈ |
ဦးမောင်ကျော်ထွန်း |
ဦးမောင်ဖြူကြီး |
ဒဏ်ရာရ |
၅၅ |
တပ်ချောင်းရွာ၊ ရသေ့တောင်မြို့နယ် |
|
၉ |
ဦးဘသန်း |
ဦးအေးမောင် |
ဒဏ်ရာရ |
၅၃ |
တပ်ချောင်းရွာ၊ ရသေ့တောင်မြို့နယ် |
|
၁၀ |
မောင်ထွန်းထွန်း |
ဦးထွန်းစိန် |
ဒဏ်ရာရ |
၂၆ |
ဖြူချောင်းရွာ၊ ရသေ့တောင်မြို့နယ် |
|
၁၁ |
ဦးစိန်သာအောင် |
ဒေါ်အစန်း |
ဒဏ်ရာရ |
၅၈ |
လွမ်းတောင်ရွာ၊ မြောက်ဦး |
လည်ပင် လှံထိ |
၁၂ |
မောင်မောင်လှိုင် |
ဦးမောင်စောနု |
ဒဏ်ရာရ |
၂၉ |
မောင်သာကုန်းရွာ၊ မြောက်ဦး |
ဝမ်းဗိုက် လံထိ |
၁၃ |
မောင်ဌေးစိန် |
ဦးထွန်းစိန်ဖြူ |
ဒဏ်ရာရ |
၂၅ |
ကျောင်းတောင်ရွာ၊ မြောက်ဦး |
ကျောကုန်း လှံထိ |
၁၄ |
ဦးအောင်စောလှ |
ဦးစံမောင်ဖြူ |
ဒဏ်ရာရ |
၃၅ |
ရွာဟောင်းတောကျေးရွာ၊ မြောက်ဦး |
နောက်ကုန်း ဓါးခုတ်ခံရ |
၁၅ |
ဦးထွန်းရင် |
ဦးသန်းမောင် |
ဒဏ်ရာရ |
၃၀ |
ထမရစ်ရွာ၊ မြောက်ဦး |
ဦးခေါင်း ခဲသီးထိ |
၁၆ |
ဦးမောင်စောသန်း |
ဦးစံထွန်းအောင် |
ဒဏ်ရာရ |
၃၄ |
ထမရစ်ရွာ၊ မြောက်ဦး |
ဦးခေါင်း ခဲသီးထိ |
၁၇ |
မောင်သိန်းညွန့် |
ဦးထွန်းစောနိုင် |
ဒဏ်ရာရ |
၃၄ |
ကျောင်းတောင်ရွာ၊ မြောက်ဦး |
ကျောကုန်း မီးလောင် |
၁၈ |
လင်းအောင် |
ဦးထွန်းအောင်ဇံ |
ဒဏ်ရာရ |
၁၈ |
ကျေးပင်လယ်ရွာ၊ မြောက်ဦး |
ခြေသလုံး ဒဏ်ရာ |
၁၉ |
ဦးညီဝင်း |
ဦးမောင်စိန်မြ |
ဒဏ်ရာရ |
၂၈ |
သရက်တောရွာ၊ မြောက်ဦး |
ကျောကုန်း ကျည်ထိ |
၂၀ |
ဦးမောင်စိုးညွန့် |
ဦးစောလှ |
ဒဏ်ရာရ |
၄၂ |
ဆင်ချရပ်ကွက်၊ မြောက်ဦး |
ကျောကုန်း မီးလောင် |
၂၁ |
ဦးအောင်ရွှေမြ |
ဦးရွှေထွန်းအောင် |
ဒဏ်ရာရ |
၅၁ |
ထပ်ပြင်ကျေးရွာ၊ မြောက်ဦး |
မျက်နှာ၊ လက်၊ခြေ၊ ဓားဒဏ်ရာ |
၂၂ |
ခိုင်ကျော်ထွန်း |
ဦးလှအောင် |
ဒဏ်ရာရ |
၁၈ |
မောင်ဆွဲရွာ၊ မြောက်ဦး |
လက်၊ ခေါင်း ဓါးဒဏ်ရာ |
၂၃ |
ဦးစိန်လှ |
ဦးမောင်ကျန် |
ဒဏ်ရာရ |
၃၈ |
မောင်းဆွဲရွာ၊ မြောက်ဦး |
|
၂၄ |
ဦးလှမောင်သာ |
ဦးဆန်းကျော်အောင် |
ဒဏ်ရာရ |
၄၄ |
သရက်တောရွာ၊ မြောက်ဦး |
ရင်ဘတ် ဒဏ်ရာ |
၂၅ |
ဦးစိုးအောင်လှိုင် |
ဦးထွန်းစိန် |
ဒဏ်ရာရ |
၅၈ |
ပေါက်ဝရပ်ကွက်၊ မြောက်ဦး |
|
၂၆ |
မောင်စိုးဖြူ |
ဦးမောင်စိုးသိန်း |
ဒဏ်ရာရ |
၁၈ |
အောင်မင်္ဂလာရပ်ကွက်၊ မြောက်ဦး |
ဦးခေါင်း၊ လက်မောင်း၊ ရင် ဓါးဒဏ်ရာ |
၂၇ |
အောင်သန်းထွန်း |
ဦးစံထွန်းအောင် |
ဒဏ်ရာရ |
၃၇ |
ဆင်ချရပ်ကွက်၊ မြောက်ဦး |
မျက်နှာ ပေါင်၊ ခြေဖနှောင့် ဓါးဒဏ်ရာ |
၂၈ |
ဦးချစ်စံအောင် |
ဦးအောင်ဆန်းဦး |
ဒဏ်ရာရ |
၅၁ |
ဆင်ချရပ်ကွက်၊ မြောက်ဦး |
|
၂၉ |
မျိုးထွန်းအောင် |
ဦးသာလှအောင် |
ဒဏ်ရာရ |
၂၈ |
ဆင်ချရပ်ကွက်၊ မြောက်ဦး |
|
၃၀ |
မောင်ဝင်းချေ |
ဦးမောင်စိုးသိန်း |
ဒဏ်ရာရ |
၂၈ |
မထိန်ကျီရပ်ကွက်၊ မြောက်ဦး |
|
၃၁ |
ဦးမောင်ညွန့်တင် |
ဦးသာဇံ |
ဒဏ်ရာရ |
၄၂ |
ကလက ကျေးရွာ၊ မြောက်ဦး |
ညာချေသလုံး ဒဏ်ရာ |
၃၂ |
ကိုမောင်ဆန်းရွှေ |
ဦးကျော်ညွန့်ဦး |
ဒဏ်ရာရ |
၃၄ |
ထမရစ်ကေ ရပ်ကွက်၊ မြောက်ဦး |
ယာလက် ဒဏ်ရာရ |
၃၃ |
ဦးစံသိန်းကျော် |
ဦးစံလှထွန်း |
ဒဏ်ရာရ |
၄၈ |
ကျောက်ရစ်ကေရပ်ကွက်၊ မြောက်ဦး |
ဦးခေါင်း ဒဏ်ရာ |
၃၄ |
ကိုမောင်မောင် |
ဦးမောင်အေးသိန်း |
ဒဏ်ရာရ |
၂၅ |
ကျောက်ရစ်ကေ ရပ်ကွက်၊ မြောက်ဦး |
ယာ ပေါင်သား ဓါးဒဏ်ရာရ |
၃၅ |
ဇော်မြင့်ဦး |
ဦးဖြူသာထွန်း |
ဒဏ်ရာရ |
၂၀ |
ဗလိပြင်ကျေးရွာ၊ မြောက်ဦး |
|
၃၆ |
ကိုမောင်မောင်ဆန်း |
ဦးမောင်စောသိန်း |
ဒဏ်ရာရ |
၂၃ |
ထိပ်ဝပြင်ရွာ၊ မြောက်ဦး |
ဝဲ ဒူးခေါင်းဒဏ်ရာရ |
၃၇ |
ဦးကျော်ထွန်းဖြူ |
ဦးအောင်ကျော် |
ဒဏ်ရာရ |
၄၁ |
ပိုးဖြူကျွန်းရွာ၊ မြောက်ဦး |
ရင်ဘတ် လည်းကွထိ |
၃၈ |
ဦးထွန်းကျော်ဖြူ |
ဦးစံလှ |
ဒဏ်ရာရ |
၆၅ |
ကျီရာပြင်ရွာ၊ မြောက်ဦး |
ရင်ဘတ် ဒဏ်ရာရ |
၃၉ |
ဦးကျန်မြင့် |
ဦးသာထွန်းလှ |
ဒဏ်ရာရ |
၃၆ |
ထမရစ်ရပ်ကွက်၊ မြောက်ဦး |
ယာခြေ ဓားဒဏ်ရာ |
၄၀ |
ဦးမြင့်နိုင် |
ဦးမောင်ဖြူ |
ဒဏ်ရာရ |
၄၁ |
ပန်းမြောင်းရွာ၊ မြောက်ဦး |
ခြေသလုံး လှံထိုးခံရ |
၄၁ |
မောင်ထွန်းဝေ |
ဦးမောင်ထွန်းအောင် |
ဒဏ်ရာရ |
၂၄ |
မျောက်တောင်ရွာ၊ ကျောက်တော်မြို့ |
|
၄၂ |
မောင်သန်းမောင် |
ဦးစံလှထွန်း |
ဒဏ်ရာရ |
၂၈ |
တောင်ဘွယ်ကျေးရွာ၊ ကျောက်တော်မြို့ |
|
၄၃ |
မောင်ထွန်းယဉ် |
ဦးမောင်တင်အေး |
ဒဏ်ရာရ |
၃၅ |
ရွှေပြည်ရပ်ကွက်၊ ကျောက်တော်မြို့ |
|
၄၄ |
သန်းရွှေမောင် |
ဦးအောင်စိန်ထွန်း |
ဒဏ်ရာရ |
၂၅ |
ရွှေပြည်ရပ်ကွက်၊ ကျောက်တော်မြို့ |
|
၄၅ |
မောင်ထွန်းလှိုင် |
ဦးကျော်ထွန်း |
ဒဏ်ရာရ |
၂၇ |
သာစည်ကျေးရွာ၊ ကျောက်တော်မြို့ |
|
၄၆ |
စိန်ချမ်းအောင် |
ဦးကျော်လှဦး |
ဒဏ်ရာရ |
၄၅ |
သာစည်ကျေးရွာ၊ ကျောက်တော်မြို့ |
|
၄၇ |
မောင်ထွန်းထွန်း |
ဦးစိန်လှဦး |
ဒဏ်ရာရ |
၁၇ |
သာစည်ကျေးရွာ၊ ကျောက်တော်မြို့ |
|
၄၈ |
ထွန်းအေးကျော် |
ဦးသာနိုးအောင် |
ဒဏ်ရာရ |
၂၉ |
သာစည်ကျေးရွာ၊ ကျောက်တော်မြို့ |
|
၄၉ |
မောင်အောင်ကျော်မင်း |
ဦးကျော်ချေမောင် |
ဒဏ်ရာရ |
၂၈ |
တောင်ဘွယ်ရွာ၊ ကျောက်တော်မြို့ |
|
၅၀ |
မောင်ညိုအောင် |
ဦးအောင်ကျော်သာ |
ဒဏ်ရာရ |
၂၇ |
တောင်ဘွယ်ရွာ၊ ကျောက်တော်မြို့ |
|
၅၁ |
ဦးလှမောင်သိန်း |
ဦးကျော်သာလှ |
ဒဏ်ရာရ |
၅၀ |
ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့ |
|
၅၂ |
မောင်အေးသာ |
ဦးမောင်သာဖြူ |
ဒဏ်ရာရ |
၂၅ |
တောင်ဘွယ်ရွာ၊ ကျောက်တော်မြို့ |
|
၅၃ |
မောင်သိန်းဇော် |
ဦးစံလှထွန်း |
ဒဏ်ရာရ |
၂၈ |
လောင်ရှည်ကျေးရွာ၊ ကျောက်တော်မြို့ |
|
၅၄ |
မောင်ကျော်ညွန့် |
ဦးမောင်သာစိန် |
ဒဏ်ရာရ |
၂၆ |
တင်းမကျေးရွာ၊ ကျောက်တော်မြို့ |
|
၅၅ |
မောင်ထွန်းထွန်း |
ဦးအောင်ရွှေထွန်း |
ဒဏ်ရာရ |
၂၅ |
ရွှေပြည်သစ်ရပ်ကွက်၊ ကျောက်တော်မြို့ |
|
၅၆ |
အောင်မင်းခိုင် |
ဒဏ်ရာရ |
၂၇ |
အိုးသည်ရွာ၊ ကျောက်တော်မြို့ |
||
၅၇ |
ကျော်ဝင်းချေ |
ဒဏ်ရာရ |
၂၃ |
ခြိတ်တောင်ရွာ၊ မင်းပြားမြို့ |
||
၅၈ |
ဦးမြင့်နိုင် |
ဦးမောင်ဖြူ |
ဒဏ်ရာရ |
၄၁ |
ခြိတ်တောင်ရွာ၊ မင်းပြားမြို့ |
|
၅၉ |
ဦးရွှေထွီး၏ သား |
ဦးရွှေထွီး |
ဒဏ်ရာရ |
၂၅ |
ကျောက်ဖြူမြို့ |
|
၆၀ |
အောင်သိန်းထွန်း |
ဦးမောင်သိန်းဖြူ |
ဒဏ်ရာရ |
၃၁ |
စေတီတောင်ရွာ၊ ကျောက်ဖြူ |
|
၆၁ |
ထွန်းထွန်းဝင်း |
ဦးအောင်နက် |
ဒဏ်ရာရ |
၃၄ |
တောင်ရင်းရွာ၊ ကျောက်ဖြူ |
|
၆၂ |
ထွန်းထွန်းဝင်း |
ဦးခေါ်တင် |
ဒဏ်ရာရ |
၁၉ |
ရခိုင်ပိုက်ဆိတ်ရွာ၊ ကျောက်ဖြူ |
|
၆၃ |
ကျော်ဝင်းမောင် |
ဦးကျော်လှဖြူ |
ဒဏ်ရာရ |
၃၄ |
တိုးချဲ့ ၅ လမ်း၊ ကျောက်ဖြူ |
|
၆၄ |
ကျော်ဝင်းမောင် |
ဦးမောင်ငယ် |
ဒဏ်ရာရ |
၄၇ |
မဲကွက် ရခိုင်ပိုက်ဆိတ်၊ ကျောက်ဖြူ |
|
၆၅ |
ကောင်းမြတ်ကျော် |
ဦးမောင်ဟန် |
ဒဏ်ရာရ |
၁၉ |
တိုးချဲ့ ၅ လမ်း၊ ကျောက်ဖြူ |
|
၆၆ |
ဦးခင်မောင်ဝင်း |
ဦးမောင်မောင် |
ဒဏ်ရာရ |
၅၄ |
အလယ်ပိုင်း၊ ကျောက်ဖြူ |
|
၆၇ |
ကျော်စိုးနိုင် |
ဦးကျော်ထွန်းလှ |
ဒဏ်ရာရ |
၂၀ |
တတ်တောင်ကျေးရွာ၊ ကျောက်ဖြူ |
|
၆၈ |
ဦးသန်းရွှေ |
ဒဏ်ရာရ |
၄၂ |
သပြေချောင်းကျေးရွာ၊ ရမ်းဗြဲ |
ညာခြေ ကျိုး |
|
သေဆုံးသူများ (အောက်တိုဘာ အရေးအခင်း) |
||||||
၁ |
ဦးသန်းလှမောင် |
ဦးမောင်ဝေ |
သေဆုံး |
၅၄ |
ကျွန်းကြီးရွာ၊ ရသေ့တောင်မြို့နယ် |
|
၂ |
ဦးအောင်ဇံဝေ |
ဦးထွန်းလှဦး |
သေဆုံး |
၄၇ |
တပ်ချောင်းရွာ၊ ရသေ့တောင်မြို့နယ် |
|
၃ |
ဦးအောင်မိုး |
သေဆုံး |
၃၈ |
ဘီလူးကန်အရှေ့ မြောက်ဦးမြို့ |
||
၎ |
ဦးသိန်းထွန်းလှ |
သေဆုံး |
၃၇ |
ကြက်ဈေးရပ်ကွက်၊ မြောက်ဦးမြို့ |
အလောင်းကို ကုလားပလီတွင်းတွေ့ |
|
၅ |
ဦးအတို |
သေဆုံး |
ဓါးဈေးရပ်ကွက်၊ မြောက်ဦးမြို့ |
အလောင်းမရသေး |
||
၆ |
ဦးမောင်ဘုချေ |
သေဆုံး |
မြင်းခုံတန်းရပ်ကွက်၊ မြောက်ဦး |
အလောင်းမရသေး |
||
၇ |
ကိုညီဌေး |
ဦးမောင်စိန်လှ |
သေဆုံး |
၂၈ |
သရက်အုပ်ရွာ၊ မြောက်ဦးမြို့နယ် |
ဦးခေါင်း ကျည်ထိ |
၈ |
ဦးဌေးဝင်း |
ဦးသာထွန်းဦး |
သေဆုံး |
၂၃ |
ပန်းမြောင်းရွာ၊ မြောက်ဦး |
အလောင်းကို ပန်းမြောင်းချောင်းတွင်တွေ့ |
၉ |
မောင်အောင်မြင့် |
ဦးဘအောင် |
သေဆုံး |
၂၅ |
ပန်းမြောင်းရွာ၊ မြောက်ဦး |
ဦးခေါင်းကျည်ထိ |
၁၀ |
ဦးစိုးစိုးထွန်း |
သေဆုံး |
၃၀ |
ကျွန်းတောရွာ၊ မြောက်ဦး |
ကျောတွင်ကျည်ထိ |
|
၁၁ |
ကိုဖြူမောင်ထွီး |
ဦးတောလူချေ |
သေဆုံး |
၂၅ |
ရေရှည်ရွာ၊ မြောက်ဦး |
ကျည်ထိသေဆုံး |
၁၂ |
ဦးမောင်နိုင်ဦး |
ဦးမောင်သိန်း |
သေဆုံး |
၃၄ |
ဆင်ဖြူတောရွာ၊ မြောက်ဦး |
ဦးခေါင်းကျည်ထိ |
၁၃ |
ဦးမောင်ခင် |
ဦးအောင်သာဇံ |
သေဆုံး |
၄၉ |
ကြက်ဈေးရပ်ကွက်၊ မြောက်ဦး |
|
၁၄ |
ဦးထွန်းမောင် |
ဦးမောင်ဘုချေ |
သေဆုံး |
၃၀ |
ထမရစ် ရပ်ကွက်၊ မြောက်ဦး |
|
၁၅ |
ဦးမောင်ထွန်းချေ |
သေဆုံး |
ကြက်ဈေးရပ်ကွက်၊မြောက်ဦး |
|||
၁၆ |
ဦးထွန်းဘု |
ပျောက်ဆုံး |
လက်ခုတ်ပင်ရင်းရပ်ကွက်၊ မြောက်ဦး |
|||
၁၇ |
ဦးလှထွန်း |
ဦးမောင်ဘုချေ |
ပျောက်ဆုံး |
၃၅ |
ဆင်ချဆိတ်ရပ်ကွက်၊ မြောက်ဦး |
|
၁၈ |
ဦးကျော်စိန် |
ပျောက်ဆုံး |
||||
၁၉ |
ဦးကျော်သန်း |
ဦးမောင်ဦးဖြူ |
သေဆုံး |
၃၇ |
ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့ |
|
၂၀ |
ဦးဇော်ဝင်း |
ဦးအောင်ကျော် |
သေဆုံး |
၃၈ |
ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့ |
|
၂၁ |
မောင်မောင်ဆန်း |
ဦးဖြူအောင် |
သေဆုံး |
၃၂ |
ပြည်တော်သာရပ်ကွက်၊ ကျောက်တော်မြို့ |
|
၂၂ |
ထွန်းအောင်သာ |
ဦးမောင်သိန်းညွန့် |
သေဆုံး |
၄၅ |
သဝင်ကိုင်းရွာ၊ ကျောက်တော်မြို့ |
|
၂၃ |
ဦးထွီးလှစိန် |
ဦးမောင်ဖြူ |
သေဆုံး |
၄၁ |
တင်းမရွာ၊ ကျောက်တော်မြို့ |
ဓါးဒဏ်ရာဖြင့် ၃ ဦးသေဆုံးပြီး၊ ကျည်ထိ၍ ၅ ဦးသေဆုံးသည် |
၂၄ |
ဦးထွန်းအေးသာ |
ဦးမောင်မြသာ |
သေဆုံး |
၃၆ |
အလယ်ကျွန်းရွာ၊ ကျောက်တော်မြို့ |
|
၂၅ |
ဦးကျော်လှ |
ဦးလှဆွေ |
သေဆုံး |
၂၃ |
ဖြူကျေးရွာ၊ ကျောက်တော်မြို့ |
|
၂၆ |
မောင်ဝင်းလှိုင် |
ဦးဖိုးသာ |
သေဆုံး |
၃၂ |
အလယ်ကျွန်းကျေးရွာ၊ ကျောက်တော်မြို့ |
|
၂၇ |
ဇင်ဝင်းမောင် |
သေဆုံး |
ကုလားဘာရွာ၊ ကျောက်ဖြူ |
|||
၂၈ |
ကိုစိန်မောင်ဝင်း |
သေဆုံး |
၃၅ |
ကုလားဘာရွာ၊ ကျောက်ဖြူ |
||
၂၉ |
ကိုဘာချေ |
ဦးဘကြီး |
သေဆုံး |
၂၅ |
ရခိုင်ပိုက်ဆိတ်ရွာ၊ ကျောက်ဖြူ |
|
၃၀ |
ဦးမြထွန်း |
သေဆုံး |
၅၂ |
ရမ်ဘောက်တိုက်နယ် ရွေရွာ၊ ရမ်းဗြဲ |
လည်ပင်းလှီးသတ်ဖြတ်ခံ |
|
၃၁ |
ဦးဟန်ရွှေ |
ဦးကျော်ဟန် |
သေဆုံး |
၅၇ |
ရေမျက်ဝကျေးရွာ၊ ရမ်းဗြဲ |
ရင်ဘတ် ကျည်ထိ |
၃) ဂီရိမုန်တိုင်းနှင့် လက်ရှိရခိုင်ပြည်လူထု
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် ရခိုင်ပြည်၌် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်သူပေါင်း (၃၀၀) ကျော် သေကြေခဲ့ကြရပြီး (၂၀၀,၀၀၀) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရခိုင်ပြည်တွင် ဂီရိမုန်တိုင်းတိုက်ခဲ့သည်မှာ၂ နှစ်ကျော်လာပြီဖြစ်သော်လည်း မုန်တိုင်း၏ ရက်စက်ယုတ်မာမှုအရိပ်မဲကြီး လွမ်းမိုးမှုသည်ကား ယနေ့တိုင် ပျောက်ပျက်မသွားသေးဟုဆိုရလောက်ပေမည်။ရခိုင်ပြည်နယ်တွင် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနှင့် မင်းပြား မြို့နယ်များတွင် ဂီရိမုန်တိုင်းဒဏ်ကို အဓိကခံခဲ့လိုက်ရပြီး ၎င်းဒေသရှိပြည်သူများ၏ရင်ထဲတွင် မေ့ပျောက်၍မရနိုင်အောင် ခံစားနေရဆဲဖြစ်ပေသည်။ ဆားငန်ရေလွှမ်းမိုးမှုများကြောင့်စပါးခင်းများပျက်စီးပြီး လူအများ အငတ်ဘေးသို့ ဆိုက်ရောက် ခဲ့ရသည်။ ပင်လယ်ပြင်တွင်စီးပွါးရှာ ပြည်သူတစ်ချို့၏ လုပ်ငန်းများ၊ ပိုင်ဆိုင်မှုရုပ်ဝတ္တုပစ္စည်းဟူသမျှ အစရှာမရအောင် ပျက်စီးဆုံးရှုံးခဲ့ကြရာ စီးပွါးရေးနလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရပြီး လူနေအဆောက်အဦးများတစ်စစီလွင့်စဉ်သွားခဲ့ရသည်။
ဤဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်သူများ အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရသည့်အပြင် ဘုရားပုထိုးကျောင်းကန်၊ အိုးအိမ် တိုက်တာ အဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းပြုသည့် ငါးဖမ်းလှေ၊ ငါးဖမ်းပိုက်များ အပါအ၀င် ထွန်ယက်စိုက်ပျိုးပြီး လယ်ယာမြေဧကပေါင်း မြောက်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဂီရိမုန်တိုင်း တိုက်ခတ်ခံခဲ့ရခြင်းမှာ (၂) နှစ်ကြာလာပြီးဖြစ်သော်လည်း စိုက်ပျိုးမြေ လယ်ယာများတွင် မုန်းတိုင်းကာလက ဆားငန်ရေ လွှမ်းမိုးခံခဲ့ရသောကြောင့် ယခုထိတိုင် ဆားငန်ရေအငွေ့အသက်များ မပြေပျောက်နိုင်၍ စပါးအထွက်နှုန်းမှာ ပုံမှန်အနေ အထားသို့ မရောက်ရှိနိုင်သေးသကဲ့သို့ ပြည်သူများ၏ ရေလုပ်ငန်းအဖြစ် လုပ်ကိုင်လျှက်ရှိကြသော ငါး၊ ပုစွန်ကန် တာတမံ များ ကျိုးပေါက်ခဲ့ခြင်းကြောင့် ယခုထက်ထိ မိသားစုဘ၀အိုးအိမ်နှင့် စီးပွားရေးမှာ ပြန်လည်ထူထောင်နိုင်ခြင်း မရှိသေးပေ။
မုန်တိုင်းကျရောက်ပြီးခါစက ပြည်သူများသည် ထည့်စရာများကိုယ်စီနှင့်မြစ်ကမ်းနားမှာထိုင်ပြီး ကယ်ဆယ်ရေးလာပေးမည် အလှူရှင်များကိုထိုင်စောင့်နေခဲ့ကြရပြီးလာပေးသူရှိက စားရ၊ ပေးမည့်သူမရောက်က ငတ်ရသည့်အထိ အခက်အခဲ ပေါင်းမြောက်မြားစွာကို ငတ်တလှည့်ပြတ်တလှည့်နှင့်ရင်ဆိုင်ခဲ့ကြရသည်။ မုန်တိုင်းကြီးက တိုက်ခတ်ပြီး ကျောခိုင်းသွားခဲ့ သော်လည်းမုန်းတိုင်း၏နောက်ဆက်တွဲ အရိပ်မည်းကြီးမှာ ရခိုင်ပြည်သူတို့၏ဘ၀တွင်ထင်ဟပ်ကျန်နေဆဲဖြစ်သည်။ဆားငန် ရေ၏ အရိပ်အငွေ့များယခုအထိ ကျန်ရှိနေခြင်းကြောင့်လယ်ယာစိုက်ပျိုးမှုလုပ်ငန်းတွင် စပါးများပျက်စီးခြင်း၊စပါးအထွက် နှုန်း လျော့ကျနေမှုကို လယ်သမားများက ယနေ့တိုင် ရင်ဆိုင်နေကြရဆဲဖြစ်ပါသည်။ “တလင်းလည်းပွဲ၊ပုတ်လည်းဆွေး” ဆိုသည့် ဆိုရိုးစကားအတိုင်း လယ်သမားတွေဟာ ထမင်းငတ်တော့အကြွေးယူ၊ စပါးရိပ်သိမ်းပြီး အကြွေးရှင်တွေ လယ်ကွင်းထဲမှာလာရောက်ယူသွားကြတော့ ဘာမျှမကျန်လိုက်၊ "လာမည့်နှစ်အတွက် ငါတို့မိသားစုဘယ်လိုစားသောက် ကြရမှာလဲ" ဆိုတဲ့ လယ်သမားတွေရဲ့ ညှင်းတွားသံတွေကကြားနေကြရဆဲပင် ဖြစ်သည်။
ပင်လယ်ပြင်မှာ ငါးရှာ၊ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ ပြည်သူတွေမှာငါးဖမ်းကိရိယာတွေ ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့် ဓနရှင်တွေဆီကလုပ်ငန်းအတွက် လိုအပ်သမျှကို အကြွေးယူပြီး အကြွေးပေါ်အတိုးတက်ကာ ယခုတိုင် ရေလုပ်ငန်းကို ယခင်ကအတိုင်း ပုံမှန်မလည်ပတ်နိုင်ကြသေးပေ။ နေထိုင်ရာအဆောက်အဦးများကိုလည်း ပြန်လည်မတည်ဆောက် နိုင်ကြသေးဘဲ ရှိနေကြသည်။အကြွေးနှင့် ယူထားတဲ့ပိုက်တွေကို သူခိုးတွေက ခိုးသွားပြန်တော့ပိုက်လည်းမရဘဲ အိမ်ကို ပြန်လာရတဲ့ အဖြစ်မျိုးတွေရှိလာသည်။ "မီးလောင်ရာလေပင့်" ဆိုသလို ဒုက္ခရောက်နေသူတွေအကြား ဖြတ်ခုတ်မည့် သူတွေကရှိနေကြသေးသည်။
ဂီရိမုန်တိုင်း ကျရောက်ပြီးခါစ သမ္မတဦးသိန်းစိန်ကမ်းသာယာကို ရောက်လာခဲ့စဉ်က ကမ်းသာယာကျေးရွာ အမည်သစ် ပြောင်းလဲပေးခဲ့သည့်ပြည်ခိုင်ဖြိုးကျေးရွာအနီး တောင်ပေါ်ထက်မှာချထားသည့် စစ်တပ်ကလည်းတပ်သားစုဆောင်းရေး လုပ်နေကြပြန်သေးသည်။ဂီရိမုန်တိုင်း၏အဆိုးဝါးဆုံးဒဏ်ကို ခံလိုက်ရသည့် မြေပုံမြိုနယ်နှင့်ကျောက်ဖြူမြို့နယ်အကြားရှိ ပြင်ဝန်းကျေးရွာတွင် စစ်သားများအလှည့်ကျနေထိုင်ကာ စစ်သားများစုဆောင်းခြင်း၊ ကျေးရွာအတွင်းရှိရွာသားများတစ်စုံတစ်ခုကြောင့် ခိုက်ရန်ဖြစ်ပွါးလာလျှင် ဖမ်းဆီးချုပ်နှောင်ကာတစ်သောင်းထက်မနည်းသော ဒဏ်ငွေရိုက်ခြင်းတွေ လုပ်ဆောင်နေကြသည်။ဂီရိမုန်တိုင်းတိုက်ခတ်စဉ်က ပြင်ဝန်းကျေးရွာတွင်အိမ်ခြေများအားလုံးပျက်စီးဆုံးရှုံးခဲ့ရပြီး တချို့ မိသားစုများမှာယခုအချိန်အထိ နေအိမ်များပြန်လည်မတည်ဆောက်နိုင်ကြပဲ ခိုတဲများဖြင့်သာ နေထိုင်နေကြရဆဲ ဖြစ်သည်။ "မုန်တိုင်းတိုက်တုန်းက ဟိုကလာလှူ၊ ဒီကလာလှူတော့ ငတ်လို့မသေဘူး၊ အခုကလှူမယ့်သူလည်းမရှိ၊ ပေးမည့်သူလည်းမရှိ လူတွေက ငတ်လို့သေတော့မယ်"လို့ ပြင်ဝန်ရွာသားများက ညှင်းတွားနေကြသည်။
ပြင်ဝန်းကျေးရွာတွင် လူဦးရေ (၃၀၀၀) ခန့်ရှိသည့်အနက် စားဝတ်နေရေးအဆင်မပြေသူမှာ (၂၀၀၀)ခန့်ရှိနေသည်။ ထို့ထက်မက ရခိုင်ပြည်နယ်တွင်ဂီရိမုန်တိုင်းဒဏ်ကို အဓိကခံလိုက်ရသော ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ပေါက်တော စသည့်ဒေသများမှာရှိသည့် ရခိုင်ပြည်သူများ၊ မုန်တိုင်း၏တိုက်ခိုက်မှုကို မခံလိုက်ရသော်လည်း ဆားငန်ရေ လွှမ်းမိုးမှုကြောင့် စပါးစိုက်ခင်းနှင့် သီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးကာ ပြည်သူများ အငတ်ပြဿနာဖြင့် ယနေ့တိုင်ရင်ဆိုင်နေကြရသည်။ ၂၀၁၀ ခုနှစ်က တိုင်ခတ်ခဲ့သော ဂီရိမုန်တိုင်းသည်အချိန်အနည်းငယ်ကြာလာသည်နှင့်အမျှ အဓိကတာဝန်ရှိသူအစိုးရနှင့် နိုင်ငံတကာအသိုင်းအ၀န်းများမှ မေ့ပျောက်သွားခဲ့သော်လည်းမုန်တိုင်း၏ အငွေ့အသက်၊ အရိပ်မဲဆိုးကြီးသည် ပြည်သူများအတွက်မေ့ပျောက်၍ မရနိုင်အောင် နာကြည်းစရာများ ယခုတိုင်ဆက်လက်ကျန်ရစ်နေပါသေးသည်။
ရခိုင်ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် အထူးသဖြင့် ဂီရိမုန်တိုင်းခံဒေသများမှ လူငယ်လူရွယ်များသည် မိမိတို့မိသားစု၏ စားဝတ်နေရေးနှင့် မိသားစုဘ၀ ပြန်လည်ထူထောင်ရေး အခက်အခဲများကြောင့် မိမိတို့ချစ်မြတ်နိုးသော မိသားစုဝင်များနှင့် ရခိုင်ပြည်ကိုစွန့်ခွာပြီး မြန်မာနိုင်ငံတနံတလျှားသို့ အထူးသဖြင့် ရန်ကုန်မြို့နှင့် ကချင်ပြည်နယ်အပါအ၀င် နိုင်ငံခြားတိုင်းပြည်များဖြစ်သည့် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ အလုပ်အကိုင်ရရှိရန် အခက်အခဲမျိုးမျိုးကြားမှ ထွက်လာ နေကြရခြင်းများမှာ ရခိုင်ပြည်သူများအတွက် ရင်နာဖွယ်ရာပင်ဖြစ်ပေသည်။ ပိုလို့ဆိုးဝါးသည်မှာ ဂီရိမုန်တိုင်းဒဏ်ကို အများဆုံး ခံခဲ့ရသည့်မြို့နယ်များမှ ကျေးရွာအများအပြားတွင် ကျောင်းမနေနိုင်သည့် ကလေးငယ်များ ပညာရေးနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုမရှိသည်မှာ မုန်တိုင်းတိုက်ခတ်ပြီး ၂ နှစ်ကျော်လာသည် အထိပင် ဖြစ်ပါသည်။ ထို့ကြောင့် ဂီရိမုန်တိုင်းဓာဏ်ခံ ရခိုင်ပြည်သူများ၏ ဘ၀အိုးအိမ်များကို အသစ်တဖန် ပြည်လည်တည်ထောင် နိုင်ရန်အတွက် မြန်မာနိုင်ငံ လက်ရှိဦးသိန်းစိန်အစိုးရ၊ ပြည်တွင်းပြည်ပ ရခိုင်ပြည်သူများအပါဝင် မြန်မာပြည်သူများ၏ အကူ အညီနှင့် လူသားချင်းစာနာ ထောက်ထားသည့် နိုင်ငံတကာအကူအညီများလည်း ဆက်လက်လိုအပ်နေဆဲပင် ဖြစ်ပါသည်။
Please consider supporting our efforts.
02 September 2012 - 7796 Views
02 September 2012 - 4947 Views