ရခိုင်ပြည်နယ်သည် အနောက်တောင် မုတ်သုန်လေ လမ်းကြောင်းပေါ်တွင် တည့်တည့်တည်ရှိသည်ဖြစ်ရာ၊ မိုးရေချိန် အများအပြား ရရှိခြင်းကြောင့် အမြဲစိမ်းသစ်တောများ ပေါက်ရောက်သည်။ ယေဘုယျအားဖြင့် ရာသီဥတု (၃) မျိုးရှိသည်။ နွေရာသီသည် မတ်လမှ မေလကုန်အထိ ကြာပြီး၊ ပျမ်းမျှအပူချိန်သည် ဖာရင်ဟိုက် (၁ဝဝ) ဒီဂရီ ဖြစ်သည်။ နှစ်စဉ် မိုးရေချိန်သည် (၁၆ဝ) မှ (၂ဝဝ) လက်မအထိ ရှိတတ်သည်။
ရခိုင်ပြည်နယ်သည် သဘာဝအရင်းအမြစ်များ ကြွယ်ဝပြီး ပြည်နယ်၏ စီးပွားရေးသည် အဓိကအားဖြင့် လယ်ယာ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သဘာဝအရင်းအမြစ်တို့အပေါ် အခြေခံသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၏ အဓိက ထွက်ကုန်ပစ္စည်းမှာ ဆန်၊ စပါးဖြစ်ပြီး ကျွန်း၊ သစ်မာ၊ သစ်ပျော့၊ အထပ်သား၊ ဝါး၊ ကြိမ်စသည့် သစ်တောနှင့် သစ်လုပ်ငန်းအထွက် ပစ္စည်းများ အပြင်၊ ပုဇွန်၊ လိပ်၊ ကဏန်း၊ ငါးခြောက်၊ ငါးသေတ္တာဗူး၊ ဆားကဲ့သို့သော ပင်လယ်ထွက် ပစ္စည်းများကို တင်ပို့ရောင်းချခြင်းသည် ရခိုင်စီးပွားရေးကို များစွာအကျိုးပြုသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ယူရေနီယမ် သိုက်ကြီးများကို ကုန်းတွင်းနှင့် ကမ်းလွန်ဒေသများတွင် ရှာဖွေတွေ့ရှိနိုင်သည်။ စီးပွားဖြစ် ထုတ်ယူနိုင်သော ငွေ၊ ဝူဖရမ်၊ သွပ်၊ ပလက်တီနမ်၊ ခဲမဖြူ၊ ကြေးနီ သိုက်များ၊ ဥဿဖယားကဲ့သို့သော ကျောက်မျက်ရတနာသိုက်များလည်း ရခိုင်ပြည်နယ်မှာ ရှိနေသည်ဟု ယူဆရသည်။ ထို့အပြင် ရခိုင်ရိုးမတောင်တန်းမှ တူးဖေါ်ရရှိသော ထုံးကျောက်နှင့် စကျင်ကျောက်များသည် အရေးပါသော ပို့ကုန်ပစ္စည်းများ ဖြစ်သည်။ စိုင်းဒင်ရေတံခွန်နှင့် မြစ်ချောင်းများသည် ရေအားလျှပ်စစ် မပြတ်တမ်း ရရှိနိုင်သောနေရာများ ဖြစ်သည်။ ရခိုင်ရိုးမပေါ်ရှိ ဝါးတောများမှနေ၍ အရည်အသွေးအကောင်းဆုံး စက္ကူပျော့ဖတ်နှင့် စက္ကူထွက်ပစ္စည်းများ ထုတ်လုပ်၍ ရနိုင်သည်။
Please consider supporting our efforts.
02 September 2012 - 7796 Views
02 September 2012 - 4947 Views