The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

လူမှုစီးပွားရေးအခြေအနေများ

Print

Farmersယနေ့ခေတ် ရခိုင်ပြည်နယ်၏ လူဦးရေ (၄) သန်းခန့်သည် အဓိကအားဖြင့် ရခိုင်လူမျိုးများဖြစ်ပြီး အများစုသည် ကျေးလက်တောရွာများမှာ နေထိုင်ကြပြီး၊ စပါးစိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း လုပ်ငန်းတို့ဖြင့် အသက်မွေးကျောင်း ပြုကြသည်။ ဤနယ်မြေဒေသသည် ရှေးကျသော သစ်တောများ၊ အစားအစာ ကြွယ်ဝသော ပင်လယ်၊ မြေသြဇာကောင်းသော မြေပြန့်များမှ ကြွယ်ဝသော သဘာဝအရင်းအမြစ်များကို ရရှိခံစားရသည်။

ရခိုင်ပြည်နယ်၏ ခေတ်သစ် လူမှုစီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှု အလွန့်အမင်း ချို့တဲ့နေကြောင်း ကောင်းကောင်းကြီး ပြသနိုင်ပါသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်၏ (၂ဝဝ၇) ခုနှစ် ကိန်းဂဏန်းများက ဖေါ်ပြထားသည်မှာ ပြည်နယ်လူဦးရေ၏ ၄၁% သာလျှင် ရေကောင်းရေသန့်ကို မှန်မှန်ရရှိပြီး၊ ၃၆% မှာသာလျှင် တိုးတက်ကောင်းမွန်အောင် ပြုပြင်ထားသော ပတ်ဝန်းကျင် သန့်ရှင်းရေးစနစ် ရှိနေကြောင်းပင် ဖြစ်သည်။ ဤကိန်းဂဏန်းများအရ တွေ့ရှိရသည်မှာ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အခြားပြည်နယ်များ၊ တိုင်းများနှင့် နှိုင်းယှဉ်လိုက်လျှင် ရေကောင်းရေသန့်ရရှိမှုတွင် အနိမ့်ဆုံးဖြစ်ပြီး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးစနစ်တွင် ဒုတိယ အနိမ့်ဆုံး ဖြစ်နေသည်။ ထို့အပြင် ဤလေ့လာချက်အရ ရခိုင်ပြည်နယ်သည် မူလတန်းကျောင်းနေနှုန်းတွင် အနိမ့်ဆုံးဖြစ်ပြီး၊ လူငယ်လူရွယ် စာတတ်မြောက်မှုနှုန်းတွင် ဒုတိယ အနိမ့်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ တစ်ချိန်တည်းမှာပင် (၁၅-၂၄) နှစ် အသက်အုပ်စု၏ အလုပ်လက်မဲ့နှုန်းသည် ၁၁% ကျော် ရှိနေပြီး၊ မြန်မာတနိုင်ငံလုံးမှာ အမြင့်ဆုံးဖြစ်သည်။

ရခိုင်ပြည်နယ်၏ လူဦးရေအများစုသည် ကျေးလက်တောရွာများမှာ နေထိုင်ကြသည်။ ဤရခိုင်ပြည်နယ်သားတို့သည် ကုလားတန်နှင့် လေးမြို့မြစ်ကြီး (၂) မြစ်စလုံးကို အမှီသဟဲပြုလျှက် ငါးဖမ်းခြင်း၊ လယ်ယာလုပ်ကိုင်ခြင်း အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ဒေသခံလူထုသည် ပင်လယ်ထဲမှ ငါး၊ပုစွန်များအပြင် မြစ်များနှင့် ၎င်းမြစ်များ၏ မြစ်လက်တက်များမှလည်း စားစရာ အတော်များများ ရရှိကြသည်။ ထို့အပြင် ပြည်နယ်သားများ၏ စိုက်ပျိုးမြေ (အဓိက အားဖြင့် စပါးစိုက်ပျိုးမြေ) ၈၅ % ကျော်သည် ကုလားတန်နှင့် လေးမြိမြစ်ဝှမ်းများ (ပြည်နယ်တွင်းရှိ မြေပြန့် ကျယ်များထဲမှ မြေပြန့် ၂ ခုဖြစ်သည်) တစ်လျှောက်မှာ တည်ရှိကြသည်။ ကုန်းလမ်းများ ကောင်းကောင်း မရှိသဖြင့် နယ်မြေဒေသတွင်းရှိ သားငါးနှင့် လယ်ယာစိုက်ပျိုးရေး အထွက်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းကြောင်းအပေါ်မှာသာ အားထားမှီခို နေကြရသည်။

သမိုင်းတစ်လျှောက်လုံးမှာ ရခိုင်ပြည်သည် စပါးကိုအဓိကထားစိုက်ပျိုးသော လယ်ယာစိုက်ပျိုးရေးအပေါ်မှာ အဓိက အားထားလာခဲ့သည်။ ရခိုင်ဒေသသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့်အတူ မြန်မာနိုင်ငံ၏ စပါးအထွက်ဆုံး နယ်မြေ ဒေသ (၂) ခုအနက် တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမှာ ပထမအကြိမ် စစ်တပ်အာဏာ သိမ်းပြီးချိန်မှစ၍ စပါးစိုက်ပျိုးရေး လုပ်ငန်းကို အာဏာပိုင်များက အာဏာရှိ၊ လူချမ်းသာ စစ်ဗိုလ်ကြီးများ၏ အကျိုးအတွက် ချုပ်ကိုင်ချယ်လှယ်လာခဲ့သည်။ သို့ဖြစ်ရာ၊ လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းခြင်းလုပ်ငန်းတို့မှ ရရှိသောဝင်ငွေ အများစုသည် စစ်အစိုးရ၏ လက်ဝယ်သို့ တန်းတန်းမတ်မတ် ရောက်ရှိသွားပြီး၊ စစ်တပ်တိုးချဲ့ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အထောက်အကူပြု ပေးနေ လျှက်ရှိသည်။ သို့သော် ရခိုင်ပြည်သူအများစုမှာကား ဆင်းရဲတွင်းနစ်နေကြရဆဲဖြစ်သည်။

ရခိုင်ပြည်နယ်သည် လွန်ခဲ့သော နှစ်ပေါင်း (၅ဝ) အတွင်း၊ အထူးသဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အာဏာသိမ်းခဲ့သော (၁၉၈၈) ခုနှစ်နောက်ပိုင်းမှာ ဧရာမ လူမှုစီးပွားရေး ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။ ဖိနှိပ်သော မြန်မာစစ်အစိုးရများ၏ အုပ်စိုးနေသော ကာလအတွင်းမှာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်၊ ရွေးချယ်ခွင့်နှင့် နိုင်ငံ ရေးမှာ ပါဝင်ခွင့်တို့သည် အမြဲတစေ ငြင်းပယ်ခြင်းခံကြရပြီး၊ ဤပြောင်းလဲမှုများသည် ရခိုင်လူမျိုးတို့၏ ခွင့်ပြုချက်မရဘဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းကို မှတ်သားထားသင့်ပါသည်။

ရခိုင်ပြည်နယ်၏ လူဦးရေ (၄)သန်းခန့်အနက် အများစုသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ဤလူများသည် ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့အပေါ်မှာ အဓိကအားဖြင့် အမှီသဟဲပြုလျှက် လယ်ယာစိုက်ပျိုးခြင်းနှင့် ငါးဖမ်း ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ရခိုင်ပြည်သူများသည် စားသောက်စရာ အများအပြားကို ဤမြစ်များနှင့် ၎င်းတို့၏မြစ်လက်တက်များမှ ရရှိကြသည်။ သို့သော် ကမ်းရိုးတန်းဒေသမှာ နေထိုင်သူများကမူ ပင်လယ်မှ ရရှိကြသည်။ ရခိုင်ပြည်နယ်၏ စိုက်ပျိုးမြေ (အဓိကအားဖြင့် စပါးစိုက်ပျိုးကြသည်) များအနက် ၈၅% ကျော်သည် ကုလားတန်နှင့် လေးမြို့မြစ်ဝှမ်းများ တစ်လျှောက်မှာ တည်ရှိသည်။ ကုန်းလမ်းများကောင်းမွန်စွာမရှိသဖြင့် နယ်မြေ ဒေသအတွင်းရှိ ရေလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၏ သယ်ယူပို့ဆောင်ရေးအတွက် အဓိက ရေလမ်းကြောင်းကိုသာ မှီခိုအားထားနေကြရသည်။

နှစ်ပေါင်း (၅, ဝဝဝ) ကျော်ကြာ သမိုင်းတစ်လျှောက်လုံး၌ ရခိုင်ပြည်နယ်သည် စပါးကိုအဓိကထား စိုက်ပျိုးသော လယ် ယာ စိုက်ပျိုးရေးအပေါ် အားထားလာခဲ့သည်။ ရခိုင်ဒေသသည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့်အတူ မြန်မာနိုင်ငံ၏ စပါး အထွက်ဆုံး နယ်မြေဒေသ (၂) ခုအနက် တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမှာ ပထမအကြိမ် စစ်တပ်အာဏာ သိမ်းပြီးချိန်မှစ၍ စပါးစိုက်ပျိုးရေးလုပ်ငန်းသည် စစ်တပ်နှင့် အာဏာရှိသူ၊ ငွေကြေးချမ်းသာသူများ၏ အကျိုးစီးပွားအတွက် အာဏာပိုင်များ ၏ အစဉ်မပြတ် အနှောင့်အယှက်ပေးခြင်းကိုခံခဲ့ကြရသည်။

တစ်ချိန်က စပါးကို ဝမ်းစာအတွက် စိုက်ပျိုးပြီး၊ အပိုအလျှံစပါးကို နယ်မြေဒေသတွင်းရှိ ကျေးရွာများသို့ ရောင်းချခဲ့သော လယ်သမားများသည် လက်ရှိ မူဝါဒများအရ ယခုအခါ၌ ရှေးရိုးစဉ်လာ အထွက်နှုန်း၏ (၂) ဆ၊ (၃) ဆ ထွက်အောင် မဖြစ် မနေ စိုက်ပျိုးနေကြရသည်။ လယ်သမားများအဖို့ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို အလွန်အကျွံ သုံးစွဲခြင်းဖြင့်သာ ဤသို့ ထွက်အောင် လုပ်နိုင်ကြသည်။ ဤသို့ဖြင့် မြေဆီလွှာ အရည်အသွေး အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့သည်။ လယ်သမားများသည် ထွက်သမျှ စပါးအများစုကို အာဏာပိုင်များထံ ပေါက်ဈေးထက် လျှော့၍ ရောင်းချပေးကြရသည်။ ထို့အပြင် နေရာအတော်များများ၌ စစ်တပ်အတွက် အဖိုးအခ မရဘဲ လုပ်အားပေးနေကြရသည်။ ထို့နောက် ထိုသီးနှံများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျစသည့် နိုင်ငံများသို့ အစိုးရက နိုင်ငံတကာပေါက်ဈေးဖြင့် ရောင်းချသည်။

လယ်သမားများက အထွက်စပါးထဲမှ အနည်းငယ်မျှကို မိမိတို့၏ နယ်မြေဒေသတွင်းမှာ ရောင်းချကြသည်။ သို့ရာတွင် အသေးစားလယ်လုပ်ငန်းရှင်များသည် နယ်မြေရှိ စစ်တပ်များ၏ အနိုင်ကျင့် ကောက်ခံသော တရားမဝင် "အခွန်" များကို ပေးကြရပြန်သည်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများတွင် စစ်သားများက အတားအဆီးများ ချထားကာ၊ ဖြတ်သန်းသွားလာသော ကုန်သည်များအပေါ် ငွေကိုသော်လည်းကောင်း၊ ဓာတ်ဆီကိုသော် လည်းကောင်း၊ သီးနှံ (အများ အားဖြင့် ဆန်) ကိုသော်လည်းကောင်း ပေးဆောင်ရသည်။ မပေးဆောင်သူ၊ သို့မဟုတ် မပေးဆောင်နိုင်သူများသည် စစ် တပ်၏ အမိန့်အာဏာကို မနာခံမှုအတွက် ရိုက်နှက်ခြင်း၊ သို့မဟုတ် ညှဉ်းပမ်းနှိပ်စက်ခြင်း ခံကြရသည်။ ရေတပ်ကလည်း မြစ်ကြောင်းများ၌ အလားတူ ရပ်တန့် စစ်ဆေးရေးစနစ်မျိုး ချမှတ်ထားသည်။ "အခွန်"မပေးဆောင်မှုအတွက် အရပ်သား ပိုင် လှေအများအအပြား ဖမ်းဆီးခံကြရသည်။ စစ်တပ်၏ အနိုင်ကျင့် ငွေတောင်းမှုများ နေရာ အနှံ့ရှိနေသဖြင့် အရပ်သား လယ်လုပ်ငန်းရှင်များ (လယ်ဧက ရာချီ၍ပိုင်သော လယ်သမားများပါမကျန်) သည် (နိုင်ငံတကာ အဆင့်အတန်းအရ ကြည့် လျှင်) ဆင်းရဲမွဲတေနေကြသည်။ သို့ဖြစ်ရာ၊ လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းခြင်းလုပ်ငန်းတို့မှ ရရှိသောဝင်ငွေ အများစုသည် စစ်အစိုးရ၏ လက်ဝယ်သို့ တန်းတန်းမတ်မတ်ရောက်ရှိသွားပြီး၊ စစ်တပ်တိုးချဲ့ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အထောက်အကူပြုရာ ရောက်စေသည်။

စစ်အစိုးရအဆက်ဆက်မှသည် ယခုဦးသိန်းစိန်အစိုးရလက်ထက်အထိ အကောင်အထည်ဖော်နေသော "ဖွံ့ဖြိုးတိုးတက် ရေး" အမည်ခံ စီမံကိန်းများကြောင့် ရခိုင်ပြည်နယ်ဒေသခံပြည်သူတို့၏ ဘဝများမှာ စဉ်ဆက်မပြတ်ထိခိုက်နစ်နာနေလျှက် ရှိသည်။ ဤစီမံကိန်းများတွင် စစ်တွေ-ရန်ကုန် အဝေးပြေး လမ်းမကြီး၊ စစ်တွေ-အမ်း-မင်းဘူး မီးရထာလမ်း၊ ရခိုင်ရိုးမ တောင်တန်းပေါ်မှ သစ်ထုတ်လုပ်ငန်း၊ ကုလားတန်မြစ်စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ရေအား လျှပ်စစ်ထုတ်လုပ်ရေးစသည့်လုပ်ငန်း အများအပြားတို့ ပါဝင်သည်။

ဤကဲ့သို့သော စီမံကိန်းများကြောင့် အတင်းအဓမ္မ လုပ်အားစေခိုင်းမှုများ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းမှုကဲ့သို့ သော လူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာများသာမက၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရှေးဟောင်း အမွေအနှစ်နှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများ ပျက်စီးမှုပြဿနာများ တစ်သီတတန်းကြီး ဖြစ်ပွားခဲ့သည်။ လေးမြို့မြစ်နှင့် ကုလားတန် မြစ်များတွင် တည်ဆောက်မည့် စီမံကိန်းများကြောင့် ဤမြစ်ဝှမ်းများကို အမှီသဟဲပြု၍ လယ်ယာနှင့် ငါးဖမ်းလုပ်ငန်းများ ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရသော ဒေသခံရခိုင်ပြည်သူများ၏ ဘဝများမှာ အကြီးအကျယ် ထိခိုက်လာနိုင်ဖွယ် ရှိသည်။ ဤစီမံကိန်းများသည် စစ်အစိုးရ၏အဏာကို ပို၍ခိုင်မြဲစွာ အမြစ်တွယ်စေပြီး၊ အစိုးရပိုင် ကုမ္ပဏီများအဖို့ အကြီး အကျယ်အမြတ်ရစေမည်ဖြစ်သည်။ သို့ရာတွင် ဒေသခံပြည်သူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထည့်သွင်း စဉ်းစားခြင်း လုံးဝမရှိဘဲ အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ် အရေးကြီးသော ဖြစ်ပေါ်မှုကား မကြာသေးမီ နှစ်များအတွင်းက ရခိုင်ပြည်နယ်မှာ စစ်တပ်များ နေရာအနှံ့ ချထားခြင်း ဖြစ်သည်။ ဤသို့ စစ်တပ်များ နေရာအနှံ့ချထားခြင်းသည် အဓိကအားဖြင့် မြေယာများ၊ ပစ္စည်းများ၊ အထက် ဖေါ်ပြပါ ဖွံ့ဖြိုးရေးစီမံကိန်းများကို ဖေါ်ဆောင်မည့် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းများ၏ လုံခြုံရေးအတွက် ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၏ ပလက်ဝမြို့နယ်တို့ပါဝင်သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၏ တပ်ရင်း များသည် (၁၉၈၈) ခုနှစ်မှ (၂ဝဝ၆) ခုနှစ်အတွင်းမှာ (၃) ရင်းမှနေ၍ (၄၃) ရင်းအထိ တိုးလာခဲ့သည်။ ထို့အပြင် နောက် ထပ်၍ အထူးပြုတပ်ရင်း (၁ဝ) ရင်း ( အင်ဂျင်နီယာတပ်ရင်းများနှင့် ဆက်သွယ်ရေးတပ်ရင်းများ)၊ နည်းဗျူဟာ ဌာနချုပ် (၃) ခုနှင့် ရေတပ်အခြေစိုက်စခန်း (၃) ခုတို့လည်း ရှိသေးသည်။ ရခိုင်ပြည်နယ်၏ အမ်းမြို့တွင် ဌာနချုပ် ဖွင့်ထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးက ပြည်နယ်တွင်းရှိ အမြတ်အစွန်းကောင်းများရနိုင်သော စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ထားသည်။ အကြောင်းမှာ လုပ်ငန်းလုပ်ခွင့် လိုက်စင်နှင့် စာချုပ်စာတမ်းများအတွက် ၎င်း၏ ခွင့်ပြုချက်ကို ယူရသောကြောင့် ဖြစ်သည်။ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စစ်တပ်များနေရာ အနှံ့ချထားမှုတို့၏ အပြန်အလှန် ဆက်စပ်မှုမှာ ပြည်သူလူထုအပေါ် ဆိုးကျိုးသက်ရောက်မှုများကို မြန်မာနိုင်ငံအနှံ့အပြားမှာ တွေ့မြင်နေရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်များအနှံ့အပြားချထားရာ အခြားမြန်မာနိုင်ငံစစ်တပ်တိုးချဲ့ နယ်မြေများမှာကဲ့သို့ပင် ဒေသခံ ရခိုင်ပြည်သူတို့သည် အပြစ်ဒဏ် မခံရသလောက်နီးပါး ကျူးလွန်နိုင်ကြသော မြန်မာစစ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မတော်မတရားမှုများကို အစဉ်မပြတ်ခံနေကြရသည်။ အနိုင်ကျင့် ငွေတောင်းခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊ ရမ်းကားရက်စက်ခြင်း၊ လူမဆန်စွာပြုမူခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အုပ်စုဖြင့် အဓမ္မပြုကျင့်ခြင်းတို့ အပါအဝင် မတော်မတရားပြုမှုပေါင်း မြောက်များစွာကို အဖွဲ့အစည်းများစွာက မှတ်တမ်းပြုထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတစ်ခုလုံးတွင် ချင်းပြည်နယ်ပြီးလျှင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်သည်။ မြန်မာ စစ်အစိုးရအဆက်ဆက်နှင့် ယခုဦးသိန်းစိန်အစိုးရကလည်း ဖွံ့ဖြိုးတိုးတက်မှုမရှိအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေလျှက်ရှိသည်။ အများပြည်သူတို့အတွက် အထောက်အကူဖြစ်မည့် လူသားဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများမှာလည်း အလွန်နည်းပါးလျက်ရှိသည်။
ရခိုင်ဒေသခံများ၏ မြစ်များနှင့် လယ်ယာများမှာ စစ်တပ်က ရင်းနှီးမြှုပ်နှံနေမှုများကြောင့် ယင်းဒေသခံပြည်သူများအဖို့ ရိုးရာအသက်မွေးဝမ်းကျောင်း လုပ်ငန်းများပင် လက်လွတ်ဆုံးရှုံးနေကြရသည်။