ရခိုင်ပြည်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အရှေ့ဘက်တွင် မကွေးတိုင်း၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ဧရာဝတီတိုင်း၊ မြောက်ဖက်တွင် ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်လျှက်ရှိသည်။ ၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီးတွင်ချုပ်ဆိုခဲ့သော ရန္တပိုစာချုပ်အရ ရခိုင်ပြည်၏ နယ်နမိတ်မှာ မြောက်ပိုင်း ချင်းပြည်နယ် ပလက်ဝတောင်တန်းဒေသမှ တောင်ပိုင်းနဂရေအငူနှင့် ဟိုင်းကြီးကျွန်းတို့ပါဝင်ခဲ့ပြီး ရခိုင်ပြည်၏ အကျယ်အ၀န်းမှာလည်း ၂၁၆၉၄ စတုရန်းမိုင်ရှိခဲ့သည်။ သို့ရာတွင် ရခိုင်တောင်ပိုင်းဒေသ ကျောက်ချွန်းမြစ်မှာ နဂရီအငူ အထိ ရှည်လျားသော နယ်မြေများ ဗြိတိသျှတို့က အုပ်ချုပ်ရေးယန္တရား ပိုမိုလွယ်ကူရေးအတွက် ဒုတိယအင်္ဂလိပ်-မြန်မာစစ် ၁၈၅၂ အပြီး ခရာဇ်နှစ် ၁၈၅၃ ခုနှစ်တွင် ပုသိမ်ခရိုင် (ယခုဧရာဝတီတိုင်း) အတွင်းသို့ ထည့်သွင်းထားခဲ့လေသည်။ ယင်းကြောင်း ရခိုင်ပြည်၏ နယ်နိမိတ်မှာ ၂၁၆၉၄ စတုရန်းမိုင်မှာ ၁၈၉၄၅ စတုရန်းမိုင်ခန့် လျော့ကျသွားလေသည်။
အိန္ဒိယ-မြန်မာ ခွဲရေးတွဲရေးပြသနာအပြီး ၁၉၃၇ အင်္ဂလိပ်အက်ဥပဒေအရ နတ်မြစ်အနောက်ဖက်ကမ်း (၃၇) မိုင်ရှည်လျား သော အနောက်ဘက်ကမ်းရိုးတန်းအား အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေးလက်အောက်သို့ သွတ်သွင်းလိုက်သောကြောင့် ရခိုင်ကမ်းရိုးတန်း အလျားမှာ (၄၈၀) မိုင်မှ (၄၄၃) မိုင်သို့လျော့ဆင်းသွားခဲ့သည်။ ထို့ပြင် မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်တွင် ယခုပလက်ဝခရိုင်ဟုခေါ်သော ရခိုင်မြောက်ပိုင်း တောင်တန်းဒေသကိုည်း ချင်းပြည်နယ်ထဲသို့ ဆွဲသွင်းခံ လိုက်ရသည့်အတွက် ယခုလက်ရှိကာလ မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော ရခိုင်ပြည်၏ နယ်နိမိတ်အကျယ်အ၀န်းမှာ (၁၄၂၀၀) စတုရန်းမိုင်မျှသာ ကျန်ရှိတော့သည်။
ရခိုင်ပြည်နယ်၏ လူဦးရေသည် (၄) သန်းခန့်ရှိပြီး၊ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၆% ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ပေါ် တွင် တည်ရှိသောကြောင့် ရခိုင်ပြည်နယ်သည် ပင်လယ်၊ သစ်တော၊ မြေသြဇာကောင်းသော ကုလားတန်နှင့် လေးမြို့မြစ် ဝှမ်းတို့ကပေးသော သဘာဝအရင်းအမြစ်များကိုရရှိသည်။ ရခိုင်လူမျိုးအများစုသည် လယ်ယာစိုက်ပျိုးခြင်းနှင့် ငါးဖမ်း ခြင်းများကို လုပ်ကိုင်ကြသည်။ ဤလုပ်ငန်းများသည် အသက်ရှင်ရပ်တည်ရေး အတွက်သာမက ယဉ်ကျေးမှု ဖေါ်ထုတ်ပြရေး အတွက်ပါ ကြိုးပမ်းရာ၌ အခြေခံအုတ်မြစ်များ ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ခရိုင် (၄) ခု၊ မြို့နယ် (၁၇) ခု၊ မြို့နယ်ခွဲ (၃) ခု၊ မြို့ (၂ဝ)၊ ရပ်ကွက် (၁၃၂) ကွက်၊ ကျေးရွာအုပ်စု (၁, ဝ၄၃) စုနှင့် ကျေးရွာပေါင်း (၃, ၈၆၁) ရွာအဖြစ် ပိုင်းခြားထားသည်။ Akyab ဟုလည်း အများသိကြသော စစ်တွေမြို့သည် လူဦးရေ (၂၀၀, ဝဝဝ) နီးပါးခန့်ရှိပြီး၊ ကုလားတန်၊ လေးမြို့၊ မေယုမြစ်တို့ပေါင်းဆုံရာ မြေနုကျွန်းပေါ်တွင်တည်ရှိသည်။
Please consider supporting our efforts.
02 September 2012 - 7796 Views
02 September 2012 - 4947 Views