The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

နောက်ခံသမိုင်း

Print

ရလဖတဖ၏ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ရလဖတဖ)သည် ရခိုင်ပြည်အနှံ့ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ပြီး ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၏ အဖွဲ့ဝင်ဟောင်းများမှ ဦးဆောင်၍ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ရလဖတဖ အနေဖြင့် ရခိုင်ပြည်အနှံ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ် ပျက်စီးဆုံးရှုံးမှုများအပါဝင် ရခိုင်ပြည်သူတစ်ရပ်လုံး အဘက်ဘက်၌ ချွတ်ခြုံကျနေသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေ၊ နိုင်ငံရေး စသည့်အခြနေများကို သုတေသနပြု မှတ်တမ်းတင်သွားမည်ဖြစ်သည်။ ထို့အပြင် ရရှိလာသည့် သတင်းအချက်အလက်များအား မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပိုမိုသိရှိလာစေရန်နှင့် ရခိုင်ပြည်အနှံ့ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တရားမျှတမှုပြည့်ဝသော လူ့ဘောင်နှင့်အတူ ဒေသတစ်ခုလုံး ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် လာစေရန် တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်သွားမည့်သံဓိဌာန်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော အကျိုးအမြတ်အပေါ် အခြေမခံသည့် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် လိင်၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာနှင့် နိုင်ငံရေးအရ ဆက်နွယ်မှုများကို အခြေမခံဘဲ ရခိုင်အမျိုးသားတရပ်လုံး၏ အကျိုးစီးပွားကိုရှေးရှုကာ ရခိုင်ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုကို လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။

 

မျှော်မှန်းချက်

ရခိုင်ပြည်နယ်အနှံ့ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တရားမျှတမှုပြည့်ဝသော လူ့ဘောင်နှင့်အတူ ဒေသတစ်ခုလုံး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းသည်။

ယုံကြည်ချက်/ ခံယူချက်

ရခိုင်ပြည်နယ်အနှံ့ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တရားမျှတမှုပြည့်ဝသော လူ့ဘောင်တစ်ခုဖြစ်လာစေရန် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို မြှင့်တင်ပေးရမည့်အပြင် ဒေသတစ်ခုလုံး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်များအပါအ၀င် ရခိုင့်သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်း စောင့်ရှောက် ကြပ်မတ်သွားမှသာ အကောင်းဆုံးဖြစ်မည်ဟု မိမိတို့မှ အလေးအနက် ယုံကြည်သည်။

ဦးတည်ချက်များ

၁) ရခိုင်ပြည်သူများ လူ့အခွင့်အရေးကို ပိုမိုသိရှိနားလည်လာနိုင်ရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပပျောက်လာစေရေး။

၂) ရခိုင့်ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားလာ စေရေး။

၃) ရခိုင်တမျိုးသားလုံး၏ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး။

၎) ရခိုင်ပြည်ရှိ သဘာဝသံယံဇာတများ ပျက်စီးဆုံးရှုံးမှုများနှင့် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရေး။

၅) ရခိုင်ပြည်မှထွက်ရှိသည့် မြေပေါ်မြေအောက် ရေပေါ်ရေအောက် သဘာဝသံယံဇာတပစ္စည်းများမှရရှိလာသော အကျိုးစီးပွားများကို ရခိုင်ပြည်သူတို့ ခံစားခွင့်ရရှိရေး။

၆) ရခိုင်ပြည်သူများ လူမှုဘ၀ပတ်ဝန်းကျင်နှင့်အညီ ဂုဏ်သိက္ခာရှိသော လူနေမှုအဆင့်အတန်း ရရှိလာစေရေးနှင့် မြင့်မားလာစေရေး။

လုပ်ငန်းစဉ်များ

  • ပုံနှိပ်ထုတ်ဝေခြင်း။
  • လူထုပညာပေးခြင်း။
  • ပြည်သူလူထုနှင့် နိုင်ငံတကာအား စည်းရုံးလှုံ့ဆော်ခြင်း။
  •  တခြားလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်ခြင်း။
  •  ကွန်ယက်နှင့် မဟာမိတ်များတည်ဆောက်ခြင်း။
  •  လူထုဆန္ဒများ ဖော်ထုတ်ခြင်း။
  •  ရခိုင်ပြည်ရှိ သဘာဝသယံဇာတများနှင့် ဂေဟစနစ်များအား ထိန်းသိမ်းကာကွယ်ရန် ဆော်သြခြင်းနှင့် အသိပညာပေးခြင်း။
  •  လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လေ့လာစောင့်ကြည့်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ခြင်း။
  •  အနာဂတ်ဖွံ့ဖြိုးတိုးရေးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း။