The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

လုပ်ဆောင်ချက်များ

(၇၃)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် စကားဝိုင်း

Print

Ootamaday2012စက်တင်ဘာလ (၉)ရက်နေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် စကားဝိုင်းတစ်ခုကို ထိုင်းနိုင်ငံရောက် ရခိုင်အလုပ်သမားများဖြင့် မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးတွင် ပြုလုပ်ခဲ့သည်။

စကားဝိုင်းသို့ (JACBA-Burma) ဥက္ကဌ ဆရာမိုးကြိုး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)၏ ရုံးဌာနခွဲ မဲဆောက်တာဝန်ခံ ဆရာမကြီး ဒေါ်လှသိန်း၊ မဟာမိတ်အသိုင်းအ၀ိုင်းမှ တသီးပုဂ္ဂလများနှင့် ရခိုင်အမျိုးသား အမျိုးသမီးများ စုစုပေါင်း (၄၀)ခန့် တက်ရောက်ခဲ့ကြသည်။

ဆရာတော် အသျှင်ဦးဥတ္တမအား တစ်မိနစ်ခန့် ငြိမ်သက်စွာ ဂါရဝပြုကာ စကားဝိုင်းကို နံနက် ၉ နာရီအချိန်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး စကားဝိုင်းအခမ်းအနားသို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပေးပို့သော သဝဏ်လွှာအား AHRDO သုတေသနနှင့် မှတ်တမ်းဌာနမှ ဒါရိုက်တာ ကိုမင်းခန့်က ဖတ်ကြားခဲ့သည်။

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ ကိုစိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းအပြင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)၏ ရုံးဌာနခွဲ မဲဆောက်တာဝန်ခံ ဆရာမကြီး ဒေါ်လှသိန်းမှ ဆရာတော် ဦးဥတ္တမနှင့်ပတ်သက်၍ ဂုဏ်ပြုပြောဆိုခဲ့သည်။

ဆရာတော်အသျှင်ဦးဥတ္တမ ဘဝဖြတ်သန်းမှုဖြစ်စဉ်သမိုင်းအားလည်း ဆရာဦးမိုးကြိုးမှ အကျယ်တဝင့် ပြောကြားခဲ့ပြီး ဆရာဦးမောင်ကြီးက ဆရာတော်အသျှင် ဦးဥတ္တမအကြောင်းနှင့်ပတ်သက်၍ စကားဝိုင်းကို စတင်ဆွေးနွေးကာ အခမ်းအနားသို့တက်ရောက်လာသူများက ဆရာတော်နှင့်ပတ်သက်၍ မိမိတို့၏ အမြင်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

နံနက် ၁၀ နာရီ ၂၀ ခန့်တွင် ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုမင်းဇင်က စကားဝိုင်းအခမ်းအနား အပိတ်ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အစိုးရငြိမ်းချမ်းရေးအပေါ် WLB နှင့် AHRDO အမြင်သဘောထားများ ဆွေးနွေးဖလှယ်

Print

WLBandAHRDO 2ဇွန်လ ၂၆ ရက်နေ့၊ ၂၀၁၂တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) နှင့် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့သည်  သမ္မတ ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးယူခြင်းအပေါ် ဆွေးနွေးပွဲတစ်ခုကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး၌  ပြုလုပ်ခဲ့သည်။

Read more: အစိုးရငြိမ်းချမ်းရေးအပေါ် WLB နှင့် AHRDO အမြင်သဘောထားများ ဆွေးနွေးဖလှယ်

စစ်တွေမြို့တွင် AHRDO မှကြီးမူး၍ လူငယ်များစွမ်းရည်မြှင့်တင်ရေးသင်တန်းကျင်းပ

Print

မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကတည်းက ရခိုင်ပြည်သည် ပြည်မနှင့်အလှမ်းဝေးကွာခြင်း၊ ပြည်မ၏ခွဲခြား ဆက်ဆံမှုများခံခဲ့ရသည့်အတွက် ခေတ်နှင့်လျှော်ညီသည့် နည်းပညာများ၊ အသိပညာများအား လေ့လာ သင်ကြားခွင့်မရရှိခဲ့ပေ။ ထို့အပြင် အစိုးရအဆက်ဆက်၏ တင်းကျပ်သောဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုများကြောင့် လူထုအသိပညာပေးလုပ်ငန်းများအား လုပ်ဆောင်ခွင့်မရရှိခဲ့ပေ။

Read more: စစ်တွေမြို့တွင် AHRDO မှကြီးမူး၍ လူငယ်များစွမ်းရည်မြှင့်တင်ရေးသင်တန်းကျင်းပ

ရုံးတွင်းစီမံခန့်ခွဲမှု အခြေခံသင်တန်းပြုလုပ်ခြင်း

Print

ရခိုင်လူ့အခွင့်အရေးနှင့် ဖွင့်ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့အလုပ်လုပ်ကြာရာတွင် ရုံးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်တတ်စေရန် ရုံးတွင်းစီမံခန့်ခွဲရေး အခြေခံသင်တန်း အမှတ်စဉ် (၂၀၁၃/၀၁) ကို ၂၀၁၃ ခုနှစ် မတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့ထိ (၃) ရက်ကြာ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)ရုံးတွင် ပြုလုပ်ခဲ့သည်။

Office Management Training 1

အဆိုပါသင်တန်းကို ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုကျော်ထွီးမှ ၄င်း၏ဖြတ်သန်းခဲ့ရသော ရုံးစီမံခန့်ခွဲရေးနှင့် အတွေ့ကြုံများကို ဆွေးနွေးပို့ချပေးခဲ့သည်။ ထိုအခြေခံသင်တန်းတွင် မိမိတို့ AHRDO အဖွဲ့မှ ဒါရိုက်တာ (၂) ဦးနှင့် အဖွဲ့ဝင် (၄) ဦး တက်ရောက်လေ့လာ ခဲ့ကြသည်။

သင်တန်းပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အောင်မြင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ရေးအတွက် ရုံးလုပ်ငန်းနှင့် ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်သွားတတ်စေရန်နှင့် စီမံခန့်ခွဲမှုညံ့ဖျင်းပါက မိမိတို့ရည်ရွယ်ချက်များ နှောင့်နှေးကြန့်ကြာတတ်ပုံတို့ကို သိနားလည်စေရန် ဖြစ်သည်။

ဆွေးနွေးပို့ချရာတွင် ရုံးဆိုသည့် အဓိပ္ပါယ်မှစ၍ ရုံးဖွဲ့စည်းပုံ၊ မိမိတို့ ရည်ရွယ်ချက်များကို အကောင် အထည် ဖော်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းစဉ်များတွင် အနှိမ့်ဆုံးထားရှိရမည့်လုပ်ငန်းဌာနများ၊ ဌာနဆိုင်ရာအလိုက် လုပ်ငန်းများ စီမံခန့်ခွဲပုံအဆင့်ဆင့်၊ စီမံခန့်ခွဲမှု အာဏာများ စီးဆင်းပုံအဆင့်ဆင့်၊ ရုံးဖိုင်များကို စနစ်တကျ သတ်မှတ်ပုံ၊ စနစ်တကျထားရှိသိမ်းဆည်းပုံ၊ ရုံးအဖွဲ့၏ စီမံခန့်ခွဲရေး တာဝန်နှင့် ၀တ္တရားများ၊ ရုံးစာများရေးသားပုံ ရေးသားနည်း၊ ရုံးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထိန်းသိမ်းပုံ၊ ရုံးလုံခြုံရေးကိစ္စများနှင့် စားဖို ဆောင်ကိစ္စအထိ စသည့် အကြောင်းအရာများကို အသေးစိပ် ဆွေးနွေးပို့ချခဲ့သည်။ ထို့အပြင် ရခိုင်လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လက်ရှိရုံးလုပ်ငန်းများလည်ပတ်မှုအပိုင်းကို သုံးသပ်ခဲ့ပြီး လာမည့်ကာလများတွင် အားနည်းချက်များရှိနေမှုအပေါ် စနစ်တကျ ဖြစ်အောင် လုပ်ဆောင်သွားနိုင်ရန် အတွက်လည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ AHRDO အနေဖြင့် အဖွဲ့ဝင်များ အရည်အချင်းမြင့်တက်လာရန် အချိန်အားစီမံန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ စီမံကိန်းများ စီမံခန့်ခွဲမှုစသော စီမံခန့်ခွဲရေးနှင့် ခေါင်းဆောင်မှုပညာ အခြေခံသင်တန်းများကို ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုသင်တန်းများ ပြီးဆုံးပါက မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ၏ အရည်အချင်းများ မြင့်တက်လာမည့်နည်းတူ ရုံးလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲတတ်လာနိုင်ပြီး နိုင်ငံတကာ စံချိန်စံနှုန်း နှင့်အညီ အောင်မြင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်လာမည်ဟု ယုံကြည်သည့်နည်းတူ ရခိုင်အလူ့အဖွဲ့အစည်းနှင့် ပြည်သူများအား အကျိုးပြုနိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။

၂၀၁၂ခုနှစ်အတွင်း အင်္ဂလိပ်စာသင်တန်း ၄ကြိမ်နှင့် ကွန်ပျူတာ သင်တန်း ၂ ကြိမ် ပို့ချပေးနိုင်ခဲ့

Print

မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ရခိုင်လူငယ်များအရည်အချင်း မြင့်တက်လာစေရန် ၂၀၁၂ခုနှစ်အတွင်း အင်္ဂလိပ်စာ သင်တန်း (၄)ခုနှင့် ကွန်ပျူတာသင်တန်း (၂)ခုကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရုံးတွင် ပြုလုပ်နိုင်ခဲ့သည်။

English Training 1

အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး၊ ဒါရိုက်တာ အဖွဲ့ဝင် ကိုခိုင်ဝေဇော်၊ ကိုဘနေထူးနှင့် စေတနာ့ဝန်ထမ်း အလီဆာ တို့မှ အင်္ဂလိပ်စာ သတင်းတန်းကို ၃ လတစ်ကြိမ်စီ အသီးသီးပို့ချပေးခဲ့ပြီး မိမိတို့ အဖွဲ့ဝင်များနှင့် မိမိတို့ရုံးတွင် ပညာလာရောက်ဆည်းပူးနေကြသော လူငယ်များ စုစုပေါင်း ၁၀ဦးခန့်သည် ၄င်းတို့၏အရည်အချင်းအလိုက် တက်ရောက်သင်ကြားခဲ့ကြသည်။

ဒါရိုက်တာအဖွဲ့ဝင် ကိုခိုင်ကျော်မိုးနှင့် ကိုမိုးဇော်တို့မှ ကွန်ပျူတာသင်တန်းကို ၂လ တစ်ကြိမ်စီ ၂ကြိမ်တိုင် အသီးသီးပို့ချပေးခဲ့ပြီး အဖွဲ့ဝင်များနှင့် ပညာသင်လူငယ် စုစုပေါင်း ၅ဦးခန့် တက်ရောက်သင်ကြားခဲ့ကြသည်။

အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း ပို့ချပြီးနောက်တွင် သင်တန်းသားများသည် အင်္ဂလိပ်ဘာသာတွင် အပြော၊ အရေး၊ အဖတ် စွမ်းရည်များမြင့်တက်လာခြင်း၊ ကွန်ပျူတာ စာစီ၊ စာရိုက် ပုံနှိပ်ထုတ်ဝေခြင်းများတတ်မြောက်လာခြင်း၊ အီးမေးလ်ဆက်သွယ်မှုနှင့် အင်တာနက်မှ တဆင့် အထွေထွေဗဟုသုတများကို လေ့လာလာနိုင်ခြင်းများအား တတ်မြောက်လာခဲ့ကြသည်။

ဤသို့ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအသုံးချမှု စွမ်းရည်များမြင့်တက်လာမှုနှင့်အတူ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှ လူထုအခြေပြု လုပ်ဆောင်နေသော လုပ်ငန်းများနှင့် အဖွဲ့အစည်း၏ ဌာနအသီးသီးမှ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များတွင် ၄င်းတို့သည် ပူးပေါင်းပါဝင် လုပ်ဆောင်လာနိုင်ကြသည်ကိုလည်း တွေ့ရှိရပေသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာ သင်တန်းပြုလုပ်ခြင်း

Print

ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သတ်မှတ် ထားသော ထိုင်းဥပဒေများ၊ ပါ့စ်ပို့၊ နေထိုင်ခွင့်လက်မှတ် အဆင့်ဆင့် ပြုလုပ်နည်း သင်တန်းကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေုးရုံး၌ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်နေ့မှ ၁၇ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။

Migrant Worker Knowledgement Training 1

သင်တန်းအား မြန်မာနိုင်ငံသားများအရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JACBA) အဖွဲ့မှ ဥက္ကဌ ဆရာမိုးကြိုးနှင့် အလင်းရောင်သစ် စာသင်ကျောင်းမှ ဆရာမောင်ကြီးတို့မှ သင်ကြားပို့ချပြီး မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ အဖွဲ့ဝင်ပေါင်း ၇ ဦးတက်ရောက် သင်ကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများတွင်ရှိသော အခွင့်အရေးများနှင့် ၄င်းတို့အတွက် ပြဌါန်းထားသော ဥပဒေများကို သိရှိစေရန်၊ ၄င်းတို့ အခွင့်အရေးကို အပြည့်အဝ ရရှိနိုင်စေရန်အတွက် အလုပ်သမားများအချင်းချင်း ညီညွတ်စွာ တောင်းဆိုတိုက်ပွဲဝင် တတ်စေရန်အတွက် အလုပ်သမားများအား အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်တတ်စေရန် သင်ကြားပို့ချခြင်း ဖြစ်သည်။

Migrant Worker Knowledgement Training 2

မိမိတို့သည် မြန်မာရွေ့ပြောင်းအလုပ်သမားများအကြား ၄င်းတို့ အခွင့်အရေးများနှင့် ဥပဒေများကို အလုပ်သမားများအကြား အသိပညားပေးလုပ်ငန်းများကိုလုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းတို့၏ အခွင့်အရေးအပြည့်အဝ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲအပေါ်မှာသတင်းများရေးသားရန်သတင်းရေးနည်းရက်တိုသင်တန်းပြုလုပ်ခြင်း

Print

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် မြန်မာနိုင်ငံအပေါ်မှာ ယခုတည်ဆဲဥပဒေများနှင့်အညီ မီဒီယာကျင့်ဝတ်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီအောင်ရေးသားတတ်စေရန် အခြေခံသတင်းအတတ်ပညာ ရက်တိုသင်တန်းကို ၂၀၁၂ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ထိ ၃ ရက်ကြာ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

News Reporter Training 1

ထိုသင်တန်းကို မိမိတို့ အဖွဲ့မှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန တာဝန်ခံ ဒါရိုက်တာ ဒေါ်မြတ်ရွှေဇင်မှ ပို့ချခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာတစ်ဦးနှင့် အဖွဲ့ဝင် ၈ ဦး တက်ရောက်သင်ကြားခဲ့သည်။

သတင်တန်းတွင် မပါမနေရ "ဘ" ခြောက်လုံးကို သိရှိနားလည်စေရန်၊ သတင်းရရန် သတင်းခြေရာခံသည့် နည်းလမ်းများ၊ သတင်းတစ်ပုဒ်ကို ရေးမည့်ဟုဆုံးဖြတ်ချက်ချသည်နှင့် ဘက်လိုက်မှုမရှိစေရဘဲ လူထုအသိပေးရုံမှာ စည်းစနစ်ကျကျ ရေးတတ်စေရန်၊ သတင်း၏ ဆိုးကျိုးကောင်းကျိုးအပေါ်မှာ တာဝန်အပြည့်အဝယူစေရေး၊ နိုင်ငံတစ်နိုင်ငံမှာ သတင်း၏ အရေးပါပုံများနှင့် သတင်းတစ်ပုဒ်ကို အခြေခံကျကျရေးပြီး မည့်တစ်ဦးတစ်ယောက်ဖက်ကိုမှ ဘက်လိုက်မှုမရှိရအောင် မီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားတတ်စေရန် ပို့ချခဲ့သည်။

News Reporter Training 2

၎င်းသင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများနှင့် ပြည်သူလူထု၏ ခံစားချက်များ၊ နိုင်ငံတစ်နိုင်ငံပြုပြင်ပြောင်းလဲရေးအပေါ်မှာ စစ်မှန်သော ဒီမိုကရေးစီပေါ်ထွန်းရေးအတွက် သတိမေ့နေတတ်သည့် ဂရုမထားမိသည့် အချက်အလက်များကို ပြည်သူလူများအားလုံး သိရှိလာစေရန် မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သတင်းအဖြစ်ဖေါ်ပြကာ မှတ်တမ်းတင် ရေးသားတင်ပြသွားမည်ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် ကျန်းမာရေးသင်တန်းပို့ချခြင်း

Print

ဆယ်ကျော်သက်အရွယ်တွင် သဘာဝအလျောက်ဖြစ်ပေါ်လာတတ်သည့် ရောဂါများနှင့် အပြောင်းအလဲများကို သိရှိနားစေရန် ပို့ချပေးသည့် ဆယ်ကျော်သက်ကျန်းမာရေးသင်တန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂)နေ့မှ (၄)ရက်နေ့ထိ (၃)ကြာ မိမိတို့ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးတွင် ပြုလုပ်ခဲ့သည်။

Healthy Training 1

သင်တန်းကို မြန်မာရွှေ့ပြောင်းအလုပ်သများအား အခမဲ့ ကျန်မာရေးကူညီစောင့်ရှောက်မှုပေးနေသည့် မယ်တော်ဆေးခန်းမှ သားဖွားဆရာမ နော်လာရှုးနှင့် BWC မှ မိသားစု စီမံကိန်းတာဝန်ခံ ဆရာမ မမုနော်မှ ပို့ချခဲ့ကြခြင်းဖြစ်ပြီး မိမိတို့ရခိုင်လူ့အခွင့်အရေးအဖွဲ့မှ အဖွဲ့ဝင် ၁၂ ဦးနှင့် မြန်မာအလုပ်သမား ၉ ဦးက တက်ရောက်သင်ကြားခဲ့သည်။
သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ ဆယ်ကျော်သက်အရွယ်တွင် ဖြစ်ပေါ်တတ်သည့် ကာလသားရောဂါများ၊ လူ့ခန္ဓာကိုယ်၏ သဘာဝအလျောက်ပြောင်းလဲတတ်သည့် ဟိုမုန်းဓါတ် ပြောင်းလဲမှုဖြစ်စဉ်များနှင့် ကာလသားအရွယ်တွင် သတိထားရမည့် အကြောင်းအရာများကို ဗဟုသုတအဖြစ် သိရှိနားလည်စေရန် ရည်ရွယ်ပါသည်။

Healthy Training 2

လိင်ဆက်ဆံခြင်းမှ ရရှိလာမည့် ရောဂါများကို ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် သဘာဝအလျှောက်ပြောင်းလဲတတ်သည့် ဖိုမ လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ထိန်းသိမ်းရှောက်ရမည့်အကြောင်းအရင်းများ ဥပမာ - လိင်ဆက်ဆံခြင်းမှ တဆင့် အသက်အန္တရာထိ စိုးရိမ်ရသော HIV ပိုးနှင့် AIDS ရောဂါများ ကူစက်စေတတ်သည့် အခြေအနေများကို ကြိုတင်ရှောင်ရှားတတ်အောင် ဆယ်ကျော်သက် ယောက်ျားလေးများနှင့် မိန်းကလေးများအတွက် သိထားသင့်သည်ဟု ရည်ရွယ်ချက်ဖြင့် ပို့ချပေးခဲ့ကြခြင်းဖြစ်သည်။

Healthy Training 3

ဤသင်တန်းပို့ချင်ပေးခြင်းသည် ရွှေ့ပြောင်မြန်မာအလုပ်သများ ကျန်းမာရေးဆိုင်ရာ ဗဟုသုများနှင့် ဝေးကွာနေခြင်း၊ အသက်ရှင်ရပ်တည်ရန်အတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုအလွန်အားနည်းနေသည့်အတွက် ကျန်မာရေးကောင်းမွန်အောင် မိမိကိုယ်တိုင်က ပြုလုပ်လို့ရသည့် အချက်အလက်များကို အသုံးချတတ်စေကြောင်း ပို့ချပေးပို့ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းပြီးသည့်နောက်ပိုင်းမှာ တက်ရောက် သင်ယူခဲ့သည့် မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အဖွဲ့ဝင်များက တက်ရောက်သင်ယူနိုင်ခဲ့ခြင်းမရှိသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ဆယ်ကျော်သက်အရွယ်များအား လက်ဆင့်ကမ်း ဗဟုသုတအနေဖြင့် ပြန်လည် အသိပညာပေးသွားမည်ဖြစ်ပြီး ထိုးနည်းတူစွာ တက်ရောက်လာခဲ့ကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများတချို့လည်း လက်ဆင့်ကမ်း မျှဝေပေးသွားမည်ဖြစ်ကြောင်းကို ရည်ရွယ်ထားကြပါသည်။

Healthy Training 4

မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံကို သိရှိနားလည်စေရန် ဥပဒေရေးရာ သင်တန်းပို့ချခြင်း

Print

မြန်မာနိုင်ငံသည် စစ်အာဏာရှင်ခေတ်မှ လွှတ်တော်အမတ်များခေတ်သို့ ပြောင်းလဲသွားသည့်ခေတ်အပေါ်မှာ ဥပဒေရေးရာများ၏ သိထားသင်သည့် အချက်အလက်များကို သိရှိနားလည်စေရန် အခြေခံဥပဒေရေးရာ သင်တန်းတစ်ရပ်ကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ရုံး၌ ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ ၃ ရက်ကြာ ပြုခဲ့ကြသည်။

Rule of Law Training 1

အဆိုပါသင်တန်းကို ဥပဒေရေးရာ တတ်ကျွမ်းသည့် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမျိုးက ပို့ချပေးခဲ့ပြီး ၄င်းသင်တန်းကို မိမိတို့အဖွဲ့မှ ဒါရိုက်တာတစ်ဦးနှင့် အဖွဲ့ဝင် ၇ ဦးတက်ရောက်သင်ယူခဲ့ကြသည်။

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်ရောက်ခဲ့သည့်အချိန်က အုပ်ချုပ်ခဲ့သည့် ဥပဒေအကြောင်းအရာများနှင့် ယခုပြုပြင်ပြောင်းလဲရေးအပေါ်မှာ ဖြစ်ပေါ်လာသည့် ဥပဒေများ၏ ကွာဟချက်များ၊ ဖွဲ့စည်းအုပ်ချုပ်ပုံထဲတွင်ပါရှိသည့် ဥပဒေများနှင့် လက်တွေ့အုပ်ချုပ်နေသည့် ဥပဒေများအပေါ်မှာ လွဲချော်မှုရှိနေကြောင်းနှင့် ဥပဒေများကို မည်သို့မည်ပုံ ရေးဆွဲချမှတ်ရမည်၊ ချမှတ်ပြီးလျှင် မည်သူတို့က လိုက်နာကျင့်သုံးရမည်စသည့် အကြောင်းအရာများသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

Rule of Law Training 2

သင်တန်းမှ ရရှိလာသည့် ဥပဒေဆိုင်ရာ ဗဟုသုတများကို အခြေခံကာ ယခုလက်ရှိ ကျင့်သုံးနေကြသည့် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေများကို ဝေဖန်ပြောဆိုမှုများနှင့် ပြည်သူလူထုများကြားတွင် ဖြစ်သင့်ဖြစ်သည့် ဥပဒေများကို အကြံပြုတိုက်တွန်းသွားမည်ဖြစ်ကြောင်း မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ယုံကြည်ပါသည်။

မြန်မာနိုင်ငံလူ့အရေးအခွင့်ရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူမှုသင်တန်း

Print

MartusTraining2012မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းကောက်ယူသည့် သင်တန်းကို ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၇ရက်မှ ၂၀ရက်နေ့ထိ ၃ရက်ခန့် မိမိတို့ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုသင်တန်းကို မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)မှ ဦးအောင်မျိုးမင်းမှ ပို့ချခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ ၂ဦးနှင့် အဖွဲ့ဝင် ၄ဦးခန့် တက်ရောက်သင်ကြားခဲ့သည်။

သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများကို ND-Burma မှ မှတ်တမ်းကောက်ယူနေမှုတွင် ပူးပေါင်းပါဝင်လာနိုင်ရန် Martus Program အသုံးပြုမှုနှင့် မှတ်တမ်းကောက်ယူသည့် နည်းစနစ်များ၊ စည်းကမ်းများကို သိရှိစေရန် ရည်ရွယ်၍ ပို့ချပေးခြင်းဖြစ်သည်။

ဤသင်တန်းပြီးမြောက်သွားပြီးနောက်တွင် မိမိတို့ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ရခိုင်ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို မှတ်တမ်းကောက်ယူ၍ Martus Program ကိုအသုံးပြုလျက် ND-Burma တွင် မှတ်တမ်းများ တင်ပြသွားမည်ဖြစ်သည်။

သြဂတ်(စ်) ၁၃ စစ်တွေဆန်ပြဿနာနေ့နှင့်၊ ဆရာကြီးဦးဦးသာထွန်းနေ့ အထိမ်းအမှတ် စကားဝိုင်းပြုလုပ်

Print

1967ခုနှစ် သြဂုတ်လ၊ ၁၃ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သော ဆန်ပြဿနာနေ့ နှင့် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးသွားသောနေ့ ၀မ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းရခိုင်အလုပ်သမားများအား မိမိတို့ရုံးသို့ ဖိတ်ကြားကာ ရခိုင်တို့၏ မမေ့အပ်သော နေ့ရက်များကို သိရှိစေရန် ရည်ရွယ်၍ မိမိတို့အဖွဲ့အစည်းမှ အဖွဲ့ဝင်လူငယ်များဦးဆောင်ကာ စကားဝိုင်းအခမ်းအနားကို ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

အခမ်းအနားတွင် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့ စစ်တွေမြို့ရှိ ရခိုင်ပြည်သူများ ထမင်းငတ်ကြ၍ လမ်းပေါ်ထွက် ဆန်တောင်း ဆန္ဒပြကြရာ၊ ဗိုလ်နေ၀င်းအစိုးရမှ ရက်ရက်စက်စက်သတ်ဖြတ်မှုကို ခံခဲ့ကြရခြင်း အကြောင်းများ၊ ၁၉၉၀ ခုနှစ်၊ သြဂတ်(စ်) ၁၄ ရက်နေ့တွင် ထောင်အတွင်း၌ စစ်အာဏာရှင်များ၏ ရက်စက်မှုတို့ကြောင့် သေဆုံးခဲ့ရသော သမိုင်းဆရာကြီး ဦးဦးသာထွန်း၏ သမိုင်းကြောင်းများနှင့် ပက်သက်၍ ၀မ်းနည်းအောက်မေ့ဖွယ် ပြောဆိုဆွေးနွေးခဲ့ကြပြီး ယနေ့လက်ရှိ ရခိုင်ပြည်အရေးများကိုလည်း အချင်းချင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။