The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

စစ်တွေမြို့တွင် AHRDO မှကြီးမူး၍ လူငယ်များစွမ်းရည်မြှင့်တင်ရေးသင်တန်းကျင်းပ

Print

မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကတည်းက ရခိုင်ပြည်သည် ပြည်မနှင့်အလှမ်းဝေးကွာခြင်း၊ ပြည်မ၏ခွဲခြား ဆက်ဆံမှုများခံခဲ့ရသည့်အတွက် ခေတ်နှင့်လျှော်ညီသည့် နည်းပညာများ၊ အသိပညာများအား လေ့လာ သင်ကြားခွင့်မရရှိခဲ့ပေ။ ထို့အပြင် အစိုးရအဆက်ဆက်၏ တင်းကျပ်သောဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုများကြောင့် လူထုအသိပညာပေးလုပ်ငန်းများအား လုပ်ဆောင်ခွင့်မရရှိခဲ့ပေ။

Read more: စစ်တွေမြို့တွင် AHRDO မှကြီးမူး၍ လူငယ်များစွမ်းရည်မြှင့်တင်ရေးသင်တန်းကျင်းပ

ရုံးတွင်းစီမံခန့်ခွဲမှု အခြေခံသင်တန်းပြုလုပ်ခြင်း

Print

ရခိုင်လူ့အခွင့်အရေးနှင့် ဖွင့်ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့အလုပ်လုပ်ကြာရာတွင် ရုံးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်တတ်စေရန် ရုံးတွင်းစီမံခန့်ခွဲရေး အခြေခံသင်တန်း အမှတ်စဉ် (၂၀၁၃/၀၁) ကို ၂၀၁၃ ခုနှစ် မတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့ထိ (၃) ရက်ကြာ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)ရုံးတွင် ပြုလုပ်ခဲ့သည်။

Office Management Training 1

အဆိုပါသင်တန်းကို ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုကျော်ထွီးမှ ၄င်း၏ဖြတ်သန်းခဲ့ရသော ရုံးစီမံခန့်ခွဲရေးနှင့် အတွေ့ကြုံများကို ဆွေးနွေးပို့ချပေးခဲ့သည်။ ထိုအခြေခံသင်တန်းတွင် မိမိတို့ AHRDO အဖွဲ့မှ ဒါရိုက်တာ (၂) ဦးနှင့် အဖွဲ့ဝင် (၄) ဦး တက်ရောက်လေ့လာ ခဲ့ကြသည်။

သင်တန်းပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အောင်မြင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ရေးအတွက် ရုံးလုပ်ငန်းနှင့် ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်သွားတတ်စေရန်နှင့် စီမံခန့်ခွဲမှုညံ့ဖျင်းပါက မိမိတို့ရည်ရွယ်ချက်များ နှောင့်နှေးကြန့်ကြာတတ်ပုံတို့ကို သိနားလည်စေရန် ဖြစ်သည်။

ဆွေးနွေးပို့ချရာတွင် ရုံးဆိုသည့် အဓိပ္ပါယ်မှစ၍ ရုံးဖွဲ့စည်းပုံ၊ မိမိတို့ ရည်ရွယ်ချက်များကို အကောင် အထည် ဖော်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းစဉ်များတွင် အနှိမ့်ဆုံးထားရှိရမည့်လုပ်ငန်းဌာနများ၊ ဌာနဆိုင်ရာအလိုက် လုပ်ငန်းများ စီမံခန့်ခွဲပုံအဆင့်ဆင့်၊ စီမံခန့်ခွဲမှု အာဏာများ စီးဆင်းပုံအဆင့်ဆင့်၊ ရုံးဖိုင်များကို စနစ်တကျ သတ်မှတ်ပုံ၊ စနစ်တကျထားရှိသိမ်းဆည်းပုံ၊ ရုံးအဖွဲ့၏ စီမံခန့်ခွဲရေး တာဝန်နှင့် ၀တ္တရားများ၊ ရုံးစာများရေးသားပုံ ရေးသားနည်း၊ ရုံးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထိန်းသိမ်းပုံ၊ ရုံးလုံခြုံရေးကိစ္စများနှင့် စားဖို ဆောင်ကိစ္စအထိ စသည့် အကြောင်းအရာများကို အသေးစိပ် ဆွေးနွေးပို့ချခဲ့သည်။ ထို့အပြင် ရခိုင်လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လက်ရှိရုံးလုပ်ငန်းများလည်ပတ်မှုအပိုင်းကို သုံးသပ်ခဲ့ပြီး လာမည့်ကာလများတွင် အားနည်းချက်များရှိနေမှုအပေါ် စနစ်တကျ ဖြစ်အောင် လုပ်ဆောင်သွားနိုင်ရန် အတွက်လည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ AHRDO အနေဖြင့် အဖွဲ့ဝင်များ အရည်အချင်းမြင့်တက်လာရန် အချိန်အားစီမံန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ စီမံကိန်းများ စီမံခန့်ခွဲမှုစသော စီမံခန့်ခွဲရေးနှင့် ခေါင်းဆောင်မှုပညာ အခြေခံသင်တန်းများကို ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုသင်တန်းများ ပြီးဆုံးပါက မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ၏ အရည်အချင်းများ မြင့်တက်လာမည့်နည်းတူ ရုံးလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲတတ်လာနိုင်ပြီး နိုင်ငံတကာ စံချိန်စံနှုန်း နှင့်အညီ အောင်မြင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်လာမည်ဟု ယုံကြည်သည့်နည်းတူ ရခိုင်အလူ့အဖွဲ့အစည်းနှင့် ပြည်သူများအား အကျိုးပြုနိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာ သင်တန်းပြုလုပ်ခြင်း

Print

ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သတ်မှတ် ထားသော ထိုင်းဥပဒေများ၊ ပါ့စ်ပို့၊ နေထိုင်ခွင့်လက်မှတ် အဆင့်ဆင့် ပြုလုပ်နည်း သင်တန်းကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေုးရုံး၌ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်နေ့မှ ၁၇ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။

Migrant Worker Knowledgement Training 1

သင်တန်းအား မြန်မာနိုင်ငံသားများအရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JACBA) အဖွဲ့မှ ဥက္ကဌ ဆရာမိုးကြိုးနှင့် အလင်းရောင်သစ် စာသင်ကျောင်းမှ ဆရာမောင်ကြီးတို့မှ သင်ကြားပို့ချပြီး မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ အဖွဲ့ဝင်ပေါင်း ၇ ဦးတက်ရောက် သင်ကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများတွင်ရှိသော အခွင့်အရေးများနှင့် ၄င်းတို့အတွက် ပြဌါန်းထားသော ဥပဒေများကို သိရှိစေရန်၊ ၄င်းတို့ အခွင့်အရေးကို အပြည့်အဝ ရရှိနိုင်စေရန်အတွက် အလုပ်သမားများအချင်းချင်း ညီညွတ်စွာ တောင်းဆိုတိုက်ပွဲဝင် တတ်စေရန်အတွက် အလုပ်သမားများအား အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်တတ်စေရန် သင်ကြားပို့ချခြင်း ဖြစ်သည်။

Migrant Worker Knowledgement Training 2

မိမိတို့သည် မြန်မာရွေ့ပြောင်းအလုပ်သမားများအကြား ၄င်းတို့ အခွင့်အရေးများနှင့် ဥပဒေများကို အလုပ်သမားများအကြား အသိပညားပေးလုပ်ငန်းများကိုလုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းတို့၏ အခွင့်အရေးအပြည့်အဝ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၁၂ခုနှစ်အတွင်း အင်္ဂလိပ်စာသင်တန်း ၄ကြိမ်နှင့် ကွန်ပျူတာ သင်တန်း ၂ ကြိမ် ပို့ချပေးနိုင်ခဲ့

Print

မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ရခိုင်လူငယ်များအရည်အချင်း မြင့်တက်လာစေရန် ၂၀၁၂ခုနှစ်အတွင်း အင်္ဂလိပ်စာ သင်တန်း (၄)ခုနှင့် ကွန်ပျူတာသင်တန်း (၂)ခုကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရုံးတွင် ပြုလုပ်နိုင်ခဲ့သည်။

English Training 1

အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး၊ ဒါရိုက်တာ အဖွဲ့ဝင် ကိုခိုင်ဝေဇော်၊ ကိုဘနေထူးနှင့် စေတနာ့ဝန်ထမ်း အလီဆာ တို့မှ အင်္ဂလိပ်စာ သတင်းတန်းကို ၃ လတစ်ကြိမ်စီ အသီးသီးပို့ချပေးခဲ့ပြီး မိမိတို့ အဖွဲ့ဝင်များနှင့် မိမိတို့ရုံးတွင် ပညာလာရောက်ဆည်းပူးနေကြသော လူငယ်များ စုစုပေါင်း ၁၀ဦးခန့်သည် ၄င်းတို့၏အရည်အချင်းအလိုက် တက်ရောက်သင်ကြားခဲ့ကြသည်။

ဒါရိုက်တာအဖွဲ့ဝင် ကိုခိုင်ကျော်မိုးနှင့် ကိုမိုးဇော်တို့မှ ကွန်ပျူတာသင်တန်းကို ၂လ တစ်ကြိမ်စီ ၂ကြိမ်တိုင် အသီးသီးပို့ချပေးခဲ့ပြီး အဖွဲ့ဝင်များနှင့် ပညာသင်လူငယ် စုစုပေါင်း ၅ဦးခန့် တက်ရောက်သင်ကြားခဲ့ကြသည်။

အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း ပို့ချပြီးနောက်တွင် သင်တန်းသားများသည် အင်္ဂလိပ်ဘာသာတွင် အပြော၊ အရေး၊ အဖတ် စွမ်းရည်များမြင့်တက်လာခြင်း၊ ကွန်ပျူတာ စာစီ၊ စာရိုက် ပုံနှိပ်ထုတ်ဝေခြင်းများတတ်မြောက်လာခြင်း၊ အီးမေးလ်ဆက်သွယ်မှုနှင့် အင်တာနက်မှ တဆင့် အထွေထွေဗဟုသုတများကို လေ့လာလာနိုင်ခြင်းများအား တတ်မြောက်လာခဲ့ကြသည်။

ဤသို့ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအသုံးချမှု စွမ်းရည်များမြင့်တက်လာမှုနှင့်အတူ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှ လူထုအခြေပြု လုပ်ဆောင်နေသော လုပ်ငန်းများနှင့် အဖွဲ့အစည်း၏ ဌာနအသီးသီးမှ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များတွင် ၄င်းတို့သည် ပူးပေါင်းပါဝင် လုပ်ဆောင်လာနိုင်ကြသည်ကိုလည်း တွေ့ရှိရပေသည်။

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲအပေါ်မှာသတင်းများရေးသားရန်သတင်းရေးနည်းရက်တိုသင်တန်းပြုလုပ်ခြင်း

Print

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် မြန်မာနိုင်ငံအပေါ်မှာ ယခုတည်ဆဲဥပဒေများနှင့်အညီ မီဒီယာကျင့်ဝတ်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီအောင်ရေးသားတတ်စေရန် အခြေခံသတင်းအတတ်ပညာ ရက်တိုသင်တန်းကို ၂၀၁၂ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ထိ ၃ ရက်ကြာ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

News Reporter Training 1

ထိုသင်တန်းကို မိမိတို့ အဖွဲ့မှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန တာဝန်ခံ ဒါရိုက်တာ ဒေါ်မြတ်ရွှေဇင်မှ ပို့ချခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာတစ်ဦးနှင့် အဖွဲ့ဝင် ၈ ဦး တက်ရောက်သင်ကြားခဲ့သည်။

သတင်တန်းတွင် မပါမနေရ "ဘ" ခြောက်လုံးကို သိရှိနားလည်စေရန်၊ သတင်းရရန် သတင်းခြေရာခံသည့် နည်းလမ်းများ၊ သတင်းတစ်ပုဒ်ကို ရေးမည့်ဟုဆုံးဖြတ်ချက်ချသည်နှင့် ဘက်လိုက်မှုမရှိစေရဘဲ လူထုအသိပေးရုံမှာ စည်းစနစ်ကျကျ ရေးတတ်စေရန်၊ သတင်း၏ ဆိုးကျိုးကောင်းကျိုးအပေါ်မှာ တာဝန်အပြည့်အဝယူစေရေး၊ နိုင်ငံတစ်နိုင်ငံမှာ သတင်း၏ အရေးပါပုံများနှင့် သတင်းတစ်ပုဒ်ကို အခြေခံကျကျရေးပြီး မည့်တစ်ဦးတစ်ယောက်ဖက်ကိုမှ ဘက်လိုက်မှုမရှိရအောင် မီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားတတ်စေရန် ပို့ချခဲ့သည်။

News Reporter Training 2

၎င်းသင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများနှင့် ပြည်သူလူထု၏ ခံစားချက်များ၊ နိုင်ငံတစ်နိုင်ငံပြုပြင်ပြောင်းလဲရေးအပေါ်မှာ စစ်မှန်သော ဒီမိုကရေးစီပေါ်ထွန်းရေးအတွက် သတိမေ့နေတတ်သည့် ဂရုမထားမိသည့် အချက်အလက်များကို ပြည်သူလူများအားလုံး သိရှိလာစေရန် မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သတင်းအဖြစ်ဖေါ်ပြကာ မှတ်တမ်းတင် ရေးသားတင်ပြသွားမည်ဖြစ်သည်။