မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ရခိုင်လူငယ်များအရည်အချင်း မြင့်တက်လာစေရန် ၂၀၁၂ခုနှစ်အတွင်း အင်္ဂလိပ်စာ သင်တန်း (၄)ခုနှင့် ကွန်ပျူတာသင်တန်း (၂)ခုကို မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရုံးတွင် ပြုလုပ်နိုင်ခဲ့သည်။
အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး၊ ဒါရိုက်တာ အဖွဲ့ဝင် ကိုခိုင်ဝေဇော်၊ ကိုဘနေထူးနှင့် စေတနာ့ဝန်ထမ်း အလီဆာ တို့မှ အင်္ဂလိပ်စာ သတင်းတန်းကို ၃ လတစ်ကြိမ်စီ အသီးသီးပို့ချပေးခဲ့ပြီး မိမိတို့ အဖွဲ့ဝင်များနှင့် မိမိတို့ရုံးတွင် ပညာလာရောက်ဆည်းပူးနေကြသော လူငယ်များ စုစုပေါင်း ၁၀ဦးခန့်သည် ၄င်းတို့၏အရည်အချင်းအလိုက် တက်ရောက်သင်ကြားခဲ့ကြသည်။
ဒါရိုက်တာအဖွဲ့ဝင် ကိုခိုင်ကျော်မိုးနှင့် ကိုမိုးဇော်တို့မှ ကွန်ပျူတာသင်တန်းကို ၂လ တစ်ကြိမ်စီ ၂ကြိမ်တိုင် အသီးသီးပို့ချပေးခဲ့ပြီး အဖွဲ့ဝင်များနှင့် ပညာသင်လူငယ် စုစုပေါင်း ၅ဦးခန့် တက်ရောက်သင်ကြားခဲ့ကြသည်။
အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း ပို့ချပြီးနောက်တွင် သင်တန်းသားများသည် အင်္ဂလိပ်ဘာသာတွင် အပြော၊ အရေး၊ အဖတ် စွမ်းရည်များမြင့်တက်လာခြင်း၊ ကွန်ပျူတာ စာစီ၊ စာရိုက် ပုံနှိပ်ထုတ်ဝေခြင်းများတတ်မြောက်လာခြင်း၊ အီးမေးလ်ဆက်သွယ်မှုနှင့် အင်တာနက်မှ တဆင့် အထွေထွေဗဟုသုတများကို လေ့လာလာနိုင်ခြင်းများအား တတ်မြောက်လာခဲ့ကြသည်။
ဤသို့ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအသုံးချမှု စွမ်းရည်များမြင့်တက်လာမှုနှင့်အတူ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှ လူထုအခြေပြု လုပ်ဆောင်နေသော လုပ်ငန်းများနှင့် အဖွဲ့အစည်း၏ ဌာနအသီးသီးမှ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များတွင် ၄င်းတို့သည် ပူးပေါင်းပါဝင် လုပ်ဆောင်လာနိုင်ကြသည်ကိုလည်း တွေ့ရှိရပေသည်။
Please consider supporting our efforts.
02 September 2012 - 7797 Views
02 September 2012 - 4947 Views