The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

ရုံးတွင်းစီမံခန့်ခွဲမှု အခြေခံသင်တန်းပြုလုပ်ခြင်း

Print

ရခိုင်လူ့အခွင့်အရေးနှင့် ဖွင့်ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့အလုပ်လုပ်ကြာရာတွင် ရုံးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်တတ်စေရန် ရုံးတွင်းစီမံခန့်ခွဲရေး အခြေခံသင်တန်း အမှတ်စဉ် (၂၀၁၃/၀၁) ကို ၂၀၁၃ ခုနှစ် မတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့ထိ (၃) ရက်ကြာ မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)ရုံးတွင် ပြုလုပ်ခဲ့သည်။

Office Management Training 1

အဆိုပါသင်တန်းကို ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုကျော်ထွီးမှ ၄င်း၏ဖြတ်သန်းခဲ့ရသော ရုံးစီမံခန့်ခွဲရေးနှင့် အတွေ့ကြုံများကို ဆွေးနွေးပို့ချပေးခဲ့သည်။ ထိုအခြေခံသင်တန်းတွင် မိမိတို့ AHRDO အဖွဲ့မှ ဒါရိုက်တာ (၂) ဦးနှင့် အဖွဲ့ဝင် (၄) ဦး တက်ရောက်လေ့လာ ခဲ့ကြသည်။

သင်တန်းပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အောင်မြင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ရေးအတွက် ရုံးလုပ်ငန်းနှင့် ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်သွားတတ်စေရန်နှင့် စီမံခန့်ခွဲမှုညံ့ဖျင်းပါက မိမိတို့ရည်ရွယ်ချက်များ နှောင့်နှေးကြန့်ကြာတတ်ပုံတို့ကို သိနားလည်စေရန် ဖြစ်သည်။

ဆွေးနွေးပို့ချရာတွင် ရုံးဆိုသည့် အဓိပ္ပါယ်မှစ၍ ရုံးဖွဲ့စည်းပုံ၊ မိမိတို့ ရည်ရွယ်ချက်များကို အကောင် အထည် ဖော်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းစဉ်များတွင် အနှိမ့်ဆုံးထားရှိရမည့်လုပ်ငန်းဌာနများ၊ ဌာနဆိုင်ရာအလိုက် လုပ်ငန်းများ စီမံခန့်ခွဲပုံအဆင့်ဆင့်၊ စီမံခန့်ခွဲမှု အာဏာများ စီးဆင်းပုံအဆင့်ဆင့်၊ ရုံးဖိုင်များကို စနစ်တကျ သတ်မှတ်ပုံ၊ စနစ်တကျထားရှိသိမ်းဆည်းပုံ၊ ရုံးအဖွဲ့၏ စီမံခန့်ခွဲရေး တာဝန်နှင့် ၀တ္တရားများ၊ ရုံးစာများရေးသားပုံ ရေးသားနည်း၊ ရုံးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထိန်းသိမ်းပုံ၊ ရုံးလုံခြုံရေးကိစ္စများနှင့် စားဖို ဆောင်ကိစ္စအထိ စသည့် အကြောင်းအရာများကို အသေးစိပ် ဆွေးနွေးပို့ချခဲ့သည်။ ထို့အပြင် ရခိုင်လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လက်ရှိရုံးလုပ်ငန်းများလည်ပတ်မှုအပိုင်းကို သုံးသပ်ခဲ့ပြီး လာမည့်ကာလများတွင် အားနည်းချက်များရှိနေမှုအပေါ် စနစ်တကျ ဖြစ်အောင် လုပ်ဆောင်သွားနိုင်ရန် အတွက်လည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ AHRDO အနေဖြင့် အဖွဲ့ဝင်များ အရည်အချင်းမြင့်တက်လာရန် အချိန်အားစီမံန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ စီမံကိန်းများ စီမံခန့်ခွဲမှုစသော စီမံခန့်ခွဲရေးနှင့် ခေါင်းဆောင်မှုပညာ အခြေခံသင်တန်းများကို ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုသင်တန်းများ ပြီးဆုံးပါက မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ၏ အရည်အချင်းများ မြင့်တက်လာမည့်နည်းတူ ရုံးလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲတတ်လာနိုင်ပြီး နိုင်ငံတကာ စံချိန်စံနှုန်း နှင့်အညီ အောင်မြင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်လာမည်ဟု ယုံကြည်သည့်နည်းတူ ရခိုင်အလူ့အဖွဲ့အစည်းနှင့် ပြည်သူများအား အကျိုးပြုနိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။