မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကတည်းက ရခိုင်ပြည်သည် ပြည်မနှင့်အလှမ်းဝေးကွာခြင်း၊ ပြည်မ၏ခွဲခြား ဆက်ဆံမှုများခံခဲ့ရသည့်အတွက် ခေတ်နှင့်လျှော်ညီသည့် နည်းပညာများ၊ အသိပညာများအား လေ့လာ သင်ကြားခွင့်မရရှိခဲ့ပေ။ ထို့အပြင် အစိုးရအဆက်ဆက်၏ တင်းကျပ်သောဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုများကြောင့် လူထုအသိပညာပေးလုပ်ငန်းများအား လုပ်ဆောင်ခွင့်မရရှိခဲ့ပေ။
ထိုအကျိုးဆက်များကြောင့် ဒေသခံရခိုင်ပြည်သူများမှာ ပညာရည်နိမ့်ကျခြင်း၊ အသိပညာနည်းပါးခြင်း၊ ဆင်းရဲ မွေးတည်မှုတိုးပွားလာခြင်း၊ လူမှုအဆင့်အတန်းကွာဟမှုများနှင့် ရင်ဆိုင်နေကြရသည်။ ထို့အပြင် ထိလွယ် ချလွယ်ပြီး ပေါက်ကွဲလွယ်သည့် လူမျိုးရေးနှင့် ဘာသာရေးအသွင် ပဋိပက္ခများရှိနေသည့်အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန်မှာ အလွန်ပင် ခက်ခဲနေပေသည်။ ထိုသို့ဒေသတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် တခြားချို့တဲ့မှုများအားလျှော့ချပြီး အေးချမ်းတည်ငြိမ်ရေး တည်ဆောက်နိုင်ရန်နှင့် တပြည်နယ်လုံး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက် ရေးကို ဦးတည်သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်နေ ပေသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မိမိတို့ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(AHRDO)က ကြီးမှူး၍ ရခိုင်ပြည်နယ် (၁၄) မြို့နယ်မှ စိတ်ပါဝင်စားပြီး တက်ကြွမှုရှိသည့် လူငယ်လူရွယ်အမျိုးသား (၁၂) ဦးနှင့် အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၂၁) ဦးအား “လူထုခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ထိရောက်သောညှိနှိုင်းခြင်း နှင့် ယုံကြည်မှုတည်ဆောက်ရေး အသိပညာပေး (၁) လတာ သင်တန်း” ကို အောက်ပါ ရည်ရွယ်ချက်များ ဖြင့် OTI/USAID အကူအညီဖြင့် သင်ကြားပို့ချခဲ့ပါသည်။ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ဥပဒေသများအား နားလည် သဘောပေါက်လာစေရန် ဒေသတွင်း အရည်အခြင်းပြည့်ဝသော လူထုခေါင်းဆောင်များပေါ်ထွက်လာစေရန် အဖွဲ့အစည်းကွန်ယက်များ တည်ဆောက်လာနိုင်စေရန် ပဋိပက္ခဖြေရှင်းမည့် နည်းလမ်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်မည့် နည်းလမ်းကောင်းများ ထွက်ပေါ်လာစေရန် ဖြစ်ပွားနေသည့် ပဋိပက္ခများအား ငြိမ်းချမ်းစွာဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဖြေရှင်းလာတတ်စေနိုင်ရန် မိမိတို့ရပ်ရွာ၊ မြို့နယ်အကျိုးပိုမိုသယ်ပိုးလာစေရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်တတ်လာစေရန်နှင့် တည်ငြိမ်အေးချမ်းသော ရခိုင်ပြည်မှသည် စစ်မှန်သော ဖယ်ဒရာယ်ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီး တည်ဆောက်ရေးဆီသို့ ဦးတည်လာစေရန် သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များမှာ ၁) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ ၂) လူထုစည်းရုံးရေးနှင့် လူထုခေါင်းဆောင်မှု၊ ၃) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖယ်ဒရာယ်စနစ်၊ ၄) တရားဥပဒေစိုးမိုးရေး၊ ၅) သဘာဝပတ်ဝန်းကျင်၊ ၆) ပဋ္ဋိပက္ခဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ၇) သတင်းမီဒီယာ တို့ဖြစ်သည်။ သင်းသူ/သင်တန်းသားများက အထက်တွင်ဖော်ပြခဲ့သော သင်းရိုးညွန်တမ်းများမှ ရရှိလာသော အတွေ့ အကြုံများနှင့် ဗဟုသုတများကို သက်ဆိုင်ရာ မိမိတို့ပတ်ဝန်းကျင်ဒေသများနှင့် မြို့နယ်များတွင် ပြန်လည် အသုံးချမည် ဖြစ်သောကြောင့် အများပြည်သူများ၏ ရသင့်ရထိုက်သည်များနှင့် သိ့သင့်သိ့ထိုက်သည့် အခွင့် အရေးဆိုင်ဆိုင်ရာများတွင် တစုံတရာအကျိုးရှိလိမ့်မည်ဖြစ်သည်။ တစ်လတာသင်တန်း ပြီးနောက် သင်းတန်း သူ/ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကိုလည်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
Please consider supporting our efforts.
02 September 2012 - 7796 Views
02 September 2012 - 4947 Views